Hwasa (Mamamoo)အကြောင်း သင်မသိသေးတဲ့ အချက် (၉) ချက်

Image:twitter/archivehwasa

အခုဆိုရင် ပုရိသတွေကြားမှာ အရမ်းအရမ်းကို ရေပန်းစားနေတဲ့ ကိုရီးယား အဆိုတော် မလေး တစ်ယောက်ရှိပါတယ်။ ညိုချော Sexy လေးကိုမှ ချစ်တယ်ဆိုတဲ့ သူတွေ မလွတ်စတမ်းကို ၀န်းရံပေးသင့်တဲ့ သူလေးပါ။သူမရဲ့ နာမည်က တော့ Hwasa  ပါ။Mamamoo အဖွဲ့ရဲ့ အဖွဲ့ ၀င်တစ်ယောက်ပါ။ကိုရီးယားရဲ့ sexy အကျဆုံးအဆိုတော် မလေး ဖြစ်တဲ့ Hwasa  ရဲ့ အကြောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

# 1 Bio

Image:twitter/archivehwasa

သူမရဲ့ နာမည်အရင်းကတော့ Ahn Hye-jin ပါ။တောင်ကိုရီးယားနိုင်ငံ Jeonju မြို့မှာ မွေးဖွား ခဲ့တာပါ။မွေးနေ့ ကတော့ July 23, 1995 ပါ။ မိဘနှစ်ပါး၊အစ်မ နှစ်ယောက်ရှိပါတယ်။သူမရဲ့ မိဘတွေဟာ Jeonju မြို့က လူချမ်းသာတွေ နေတဲ့ နေရာမှာ နေထိုင်ကြတာမို့ သူမရဲ့ မိဘတွေက ချမ်းသာတယ်ဆိုပြီး လူ တွေက ပြောကြပါ တယ်။

#2 ပညာရေး

Image:twitter/archivehwasa

သူမရဲ့ ပညာရေးကတော့ Wonkwang Information Arts High School ကနေ ဘွဲ့ရထားတာပါ။

#3 အနုပညာအလုပ်

Image:IG/hwasa

သူမကတော့ အဆိုတော်၊တေးရေး၊ရက်ပ်ပါ တစ်ယောက် အဖြစ် ရပ်တည်နေသူပါ။လက်ရှိမှာတော့ RBW Entert ainment နဲ့ လက်တွဲပြီး အလုပ်လုပ်နေပါတယ်။သူမဟာ Mamamoo ရဲ့ အဓိက lead vocalist  တစ်ယောက်ပါ။ MAMAMOO ကိုတော့ RBW  ကနေ (၂၀၀၄)မှာ ဖွဲ့စည်းခဲ့ပြီး (၂၀၁၄) ဇွန် (၁၉)မှာ ပွဲဦး ထွက်ခဲ့ တာပါ။ Mamam oo ရဲ့ ပထမဆုံး မီနီအယ်ဘမ် “My Heart” ကို  Hwasa  ရေးစပ်ထားတာပါ။

READ
ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ဖြစ်ခဲ့ပုံ အကြောင်းကို ပြောပြခဲ့တဲ့ ကြာစိ

#4 တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုလည်း လုပ်နေ

Image:twitter/archivehwasa

သူမဟာ အဖွဲ့ လိုက်လှုပ်ရှားမှုတင်မဟုတ်ပဲ တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ် နေပါတယ်။ (၂၀၁၉) ဖေဖော်ဝါရီ မှာတော့ တစ်ကိုယ်တော် solo artist တစ်ယောက် အဖြစ် “Twit”.  နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

#5 ဖခင်ဖြစ်သူရဲ့ အားပေးမှုကို အကြီးအကျယ်ရထားသူ

Image:twitter/archivehwasa

သူမစပြီး ပွဲဦးထွက်တုန်းက သူမရဲ့ ဖခင်ဖြစ်သူက သူမရဲ့ မွေးရပ်မြေမှာ စာတန်း Banner အကြီးကြီး တစ်ခု ပြုလုပ်ခဲ့ပြီး သမီးဖြစ်သူကို အားပေးခဲ့ပါတယ်။ဒါတင်မက သေးပါဘူး။Mamamoo ရဲ့  Memory ရဲ့ အယ်ဘမ် (၈၈) ခုကို ၀ယ်ယူအားပေးခဲ့တာပါ။

#6 ငယ်ငယ်က Bully လုပ်ခံခဲ့ရဖူး

Image:IG/hwasa

လက်ရှိမှာ အရမ်းကို Sexy ကျတဲ့ Body ကို ပိုင်ဆိုင်ခဲ့ရတာက ငယ်ငယ်က သူမကို အနိုင်ကျင့်ခဲ့တဲ့ သူငယ်ချင်း တွေ ကြောင့်လို့ ပြောလို့ရပါတယ်။ဝတယ်ဆိုပြီး အနှိမ်ခံ၊အပြောဆိုခံရတာတွေကြောင့် ၀ိတ်လျှော့ ဖို့ ဆုံးဖြတ်ခဲ့တာပါ။

#7 အနုပညာရှင်တွေရဲ့ အချစ်တော်လေး

Image:twitter/archivehwasa

ဆယ်လီတွေ အများကြီးက သူမကို ၀ိုင်းပြီး ချစ်ကြပါတယ်။Loco က ဆိုရင် သူဟာ “We Got Married,”  အစီအစဉ်မှာ Hwasa နဲ့ လက်ထပ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ After School’ အဖွဲ့ ၀င် Nana ကတော့ Hwasa က Mamamoo  မှာ သူမအကြိုက်ဆုံး အဖွဲ့ ၀င် လို့ ပြောခဲ့ပါတယ်။GFriend အဖွဲ့က ဆိုရင် လည်း သူမရဲ့ Sexy ကျကျ အလှကို ချီးကျူးပြောဆိုခဲ့ပါတယ်။

READ
Tik Tok ဗီဒီယိုဖိုင်အသစ်တင်လိုက်တဲ့ Hu Go

#8 Hwasa အရမ်းကြိုက်တဲ့ အဆိုတော်

Image:twitter/archivehwasa

သူမကလည်း နာမည်ကြီး အဆိုတော် တစ်ယောက်ရဲ့ Fan ပါ။Hwasa လေး အရမ်းကြိုက်တဲ့ အဆိုတော် ကတော့ Rihanna ပါ။

#9 တခြားအချက်အလက်များ

သူမလိုပဲ အရမ်းကို Sexy ကျလွန်းတဲ့ Hyuna နဲ့ အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေပါ။သွေးအမျိုးအစားကတော့  A ပါ။အရပ်ကတော့ (၅) ပေ (၃) လက်မပါ။အကြိုက်ဆုံး အယ်လ်ကိုဟောကတော့ cocktail နဲ့  vodka ပါ။အသင်ချင်ဆုံး ဘာသာစကားကတော့ ပြင်သစ် ဘာသာစကားပါ။စိတ်ညစ်နေချိန်တွေမှာဆိုရင် Bon Jovi ဆိုတဲ့ rock band ရဲ့ သီချင်းတွေကို နားဆင် ပါတယ်။

#SHWEMOM(Source : wikipedia/wattpad)

SHARE