ရုရှားမော်ဒယ် Irina Shayk အကြောင်း သင်မသိသေးတဲ့ အချက် (၁၀) ချက်

Images from Irina Shayk's IG

ဒီတစ်ပတ်မှာတော့ Shwemom စာဖတ်သူတွေ အတွက် ရုရှားမော်ဒယ်အချောလေး Irina Shayk ရဲ့ အကြော င်းကို ဖော်ပြပေးချင်ပါတယ်။သူမကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် ကံခေသူလေးပါ။ရုပ်လေးလှပေမယ့် အခုထိ ခိုနားစရာရင်ခွင့် ပျောက်နေတဲ့ Irina Shayk နဲ့ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက်တချို့ကို ဖော်ပြပေး ချင်ပါတယ်။

(၁)သူမရဲ့ မွေးနေ့၊အရပ်

 

Irina Shayk ရဲ့ နာမည်အပြည့်အစုံကတော့ Irina Valeryevna Shaykhlislamova ပါ။ရုရှား မော်ဒယ် မလေး ပါ။January 6, 1986 က ရုရှားနိုင်ငံ က Yemanzhelinsk ဆိုတဲ့ မြို့လေးမှာ မွေးဖွားခဲ့တာပါ။သူမရဲ့ ဖေဖေ ကတော့ ကျောက်မီးသွေးမိုင်းလုပ်သားတစ်ယောက်ပါ။သူမရဲ့ မိခင်ကတော့ မူကြိုကလေးတွေကို ဂီတ သင်ကြားပေး တဲ့ ဆရာမပါ။ Tatiana ဆိုတဲ့ မွေးချင်းညီအစ်မတစ်ယောက်ရှိပါတယ်။Irina Shayk ရဲ့အရပ်အမြင့်ကတော့ (၅)ပေ (၁၀) လက်မ ပါ။

(၂)ကြမ်းတမ်းတဲ့ ငယ်ဘ၀ကို ရင်ဆိုင်ခဲ့ရ

Image from Irina Shayk’s IG

Irina Shayk ရဲ့ မိဘတွေရဲ့ အလုပ်အကိုင်ကို ကြည့်လိုက်ရင် သူမဟာ အရမ်းချမ်းသာတဲ့ မိသားစုက မဟုတ်ဘူး ဆိုတာကို တွေ့ရမှာပါ။အသက် (၆)နှစ်သမီးတည်းက စန္ဒရားတီးတတ်ခဲ့ပြီး အသက် (၉)နှစ်မှာတော့ ဂီတ ကျောင်းမှာ ၀င် ခွင့်ရခဲ့ပါတယ်။အဲ့ဒီမှာ (၇)နှစ်လောက် တက်ရောက်ခဲ့ပါတယ်။သူမအသက် (၁၄)နှစ်မှာတော့ ကံကြမ္မာမုန် တိုင်း  ရိုက်ခတ်တဲ့ ဒဏ်ကို ခံခဲ့ရပါတယ်။အဖေဖြစ်သူက အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ပိုက်ဆံကလဲ မရှိ၊ဖခင် ဖြစ်သူကလဲ သေဆုံးသွားခဲ့တာပါ။သူမရဲ့ မိခင်ဖြစ်သူက အလုပ်နှစ်ခုကို လုပ်ပြီး သမီးနှစ်ယောက် အတွက် ကြိုးစားရုန်းကန်ပေးခဲ့ပါတယ်။

(၃)တကယ်ဖြစ်ချင်ခဲ့တာက မော်ဒယ်မဟုတ်

Image from Irina Shayk’s IG

သူမဟာ တကယ်တော့ Marketing ကို လေ့လာသင်ယူခဲ့တာပါ။ဒါပေမယ့် နောက်ပိုင်းမှာတော့ အမ ဖြစ်သူ နဲ့ အတူ  အလှအပဆိုင်ရာ ကျောင်းကိုပဲ တက်ဖြစ်ခဲ့ပါတယ်။ငယ်ငယ်တည်းက ရုပ်ရည်မခေတဲ့ သူမဟာ ဆယ်ကျော်သက် အရွယ် မှာတော့ အလှအပဆိုင်ရာ ပြိုင်ပွဲ တစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာကနေ Miss Chelyabinsk ဖြစ်လာ ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ မော်ဒယ်အလုပ်ကို လုပ်ဖြစ်ခဲ့တာပါ။

(၄)သူမကို အကြီးအကျယ်နာမည်ကြီးစေခဲ့တာက…

Image from Irina Shayk’s IG

ဘရာဇီးမော်ဒယ် Ana Beatriz Barros ရဲ့ နေရာမှာ Irina Shayk  ကို အစားထိုးပြီး Intimissimi ရဲ့ အဓိက မော်ဒယ် အဖြစ် ခန့်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ သူမဟာ အရမ်းကို နာမည်ကြီးလာခဲ့တာပါ။အခုထိ လည်း သူမဟာ အတွင်းခံ Label Intimissimi ရဲ့ ပြောခွင့်ရသူတစ်ယောက် အဖြစ်ရှိနေတုန်းပါ။နောက်ပိုင်းမှာတော့ Sports Illustrated Swimsuit Issue မဂ္ဂဇင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။Annabelle နဲ့  Paris Capital တို့လို နိုင်ငံတကာမဂ္ဂဇင်းတွေရဲ့ cover မှာ ပါဝင်ခွင့်ရလာခဲ့ပါတယ်။(၂၀၀၉)မေလမှာတော့ မော်ဒယ် အေဂျင်စီ IMG နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

READ
အနုပညာနဲ့ ပတ်သတ်တဲ့ စိတ်ဖိစီးမှုတွေကို ဖွင့်ဟလာတဲ့ တေးရေးဆရာ ဝေကြီး

(၅)ကိုယ်လုံးလှလှလေးကို ဘယ်လိုထိန်းလဲ….?

Image from Irina Shayk’s IG

Irina Shayk  ကတော့ ကမ္ဘာ့ကောက်ကြောင်းအလှဆုံး မိန်းမလှလေးတွေထဲ့ တစ်ယောက်ပါ။ဒါပေမယ့် သူမဟာ ဘယ်တုန်းကမှ Diet မလုပ်ဘူးလို့ ဆိုပါတယ်။အဲ့ဒီ အစား လေ့ကျင့်ခန်းကို ပိုလုပ်ဖြစ်တယ်လို့ ကိုယ်လုံးအလှ ထိန်း သိမ်းတဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။”တစ်ပတ် ငါးရက် လေ့ကျင့် ခန်း လုပ်တယ်။ဒါပေမယ့် ဘယ်တော့ မှ Diet မလုပ်ဘူး။ကျန်းမာ ပျော်ရွှင်အောင်ပဲ ကျမ နေတယ်။ကျမရဲ့ Body အတွင်းရော အပြင်ပါ ကျန်းမာနေချင်တယ်..

(၆)ငွေပုံပေးတောင် Playboy မှာ မပါဝင်

 

 

View this post on Instagram

 

Missing summer☀️💦

A post shared by irinashayk (@irinashayk) on

ဘီကီနီနဲ့ အမျိုးသမီးအတွင်းခံမော်ဒယ် တစ်ယောက် ဖြစ်တဲ့ သူမဟာ ရံဖန်ရံခါမှာတော့ အပေါ်ပိုင်းဗလာကျင်းပုံတွေရိုက်ကူး လေ့ရှိပါတယ်။ဒါပေမယ့်  Playboy အတွက် တော့ ဘယ်တော့မှ ဓါတ်ပုံ ရိုက်မပေး ဘူးလို့ အင်တာဗျူး တွေမှာ ဖြေခဲ့ပါတယ်။”Playboy က ငွေတွေ အများကြီးပုံပေးလာခဲ့ရင်တောင်မှ ဘယ်တော့ မှ Playboy အတွက် ဓါတ်ပုံ ရိုက်မခံဘူး။ဟုတ်ပါတယ်။ကျမက အတွင်းခံမော်ဒယ်တစ်ယောက်ပါ။ဒါပေမယ့် ကျမမှာ ကျမအဆင့် အတန်းနဲ့ ကျမရှိတဲ့ သူတစ်ယောက်ပါ။မနှစ်တုန်းကဆိုရင် Playboy က ပိုက်ဆံအများကြီးပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ကျမကေ တာ့ လုံးဝပဲ..” ဆိုပြီး သူမရဲ့ ခံယူချက်နဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားပြောခဲ့သူပါ။

(၇)နှလုံးသားပါလှသူ

Image from Irina Shayk’s IG

Shayak က ရုပ်ပဲ လှတာမဟုတ်ပါဘူး။နှလုံးသားပါလှတာပါ။သူမနဲ့ သူမရဲ့ အစ်မတို့ဟာ မွေးရပ် မြေ ဖြစ်တဲ့ Yemanzhelinsk က ကလေးမီးဖွားဆောင်ပြန်လည် တည်ဆောက်ရေးမှာ ကူညီပေးခဲ့ဖူးပါတယ်။ဒါတင် မက သေးပါဘူး။သူမဟာ ရုရှားမှာရှိတဲ့ Help Me လို့ အဓိပ္ပါယ်ရတဲ့ Pomogi ရဲ့ ambassador  တစ်ယောက် ပါ။

(၈) အလန်းဆုံး၊ကမ္ဘာ့ Sexy အကျဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံခဲ့ရဖူး

Image from Irina Shayk’s IG

Irina Shayk က Victoria’s Secret နဲ့လ ည်း လက်တွဲ ဖူးသလို၊Russia’s Next Top Model  ရဲ့ Host တစ်ယောက် အဖြစ် တာဝန် ယူ ပေး ခဲ့ပါတယ်။ Armani Exchange and Guess ဆိုတဲ့ Campaign တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။Kanye West ရဲ့ “Power”  MV မှာ ပါဝင်ခဲ့ဖူးတဲ့ သူမဟာ Complex magazine က ထုတ်ပြန်တဲ့ ကမ္ဘာ့အလန်းဆုံး ရုရှားအမျိုးသမီး အယောက်(၅၀) စာရင်းရဲ့ နံပါတ် တစ်နေရာကိုပါ ရခဲ့ဖူးပါတယ်။(၂၀၁၁)မှာတော့ ဟန်ဂေရီယန်မဂ္ဂဇင်းဖြစ်တဲ့ Periodika က သူမကို ကမ္ဘာ့ sexy အကျဆုံး အမျိုး သမီး အဖြစ် သတ်မှတ်တာကို ခံခဲ့ရပါတယ်။

READ
ချစ်သုဝေပြောတဲ့ သူမရဲ့ အမောပြေလေးတွေ..

(၉)ပွဲဦးထွက် ဇာတ်ကား

Image from Irina Shayk’s IG

သရုပ်ဆောင်ဘက်ကို ရောက်လာတဲ့ သူမရဲ့ ပွဲဦးထွက် ဇာတ်ကားကတော့ Hercules ပါ။Dwayne Johnson နဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့တာပါ။

(၁၀) Irina Shayk ရဲ့ အချစ်ရေး

Irina Shayk ဟာ  Linkin Park ရဲ့ ဒရမ်တီးသမား  Rob Bourdon နဲ့ တွဲခဲ့ဖူးပါတယ်။(၂၀၀၇- ၂၀၀၉) နှောင်းပိုင်း လောက် အထိ တွဲခဲ့ ဖူးပါတယ်။FIFA ရဲ့ဥက္ကဌ ဟောင်းတစ်ယောက်ဖြစ်တဲ့ Sepp Blatter ဆိုတဲ့ အဘိုး ကြီးနဲ့ တွဲခဲ့ဖူးတယ်၊အချစ်ရေးအရှုပ်အရှင်းရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးသလို ဘရာဇီးမော်ဒယ် Arthur Sales နဲ့ လည်း သတင်းထွက်ဖူးပါတယ်။

Image from Irina Shayk’s IG

(၂၀၁၀)မှာတော့ Cristiano Ronaldo  နဲ့ တွဲခဲ့ပါတယ်။Armani Exchange campaigns က တစ်ဆင့် နှစ်ေ ယာက်သား ဆုံတွေ့ခဲ့တာပါ။Ronaldo နဲ့ Shayk တို့ဟာ (၂၀၁၄)Vogue’s Spanish ရဲ့ ကာဗာမှာပါ အတူတူ ပါဝင်ခဲ့ဖူးပါတယ်။ဒါပေမယ့် ချစ်သက်တမ်းငါးနှစ်အကြာ (၂၀၁၅)ဇန်န၀ါရီမှာတော့ လမ်းခွဲ ခဲ့ပါတ ယ်။ Dwayne Johnson နဲ့ လည်း အချစ်ရေးအရှုပ်အရှင်းလေးတွေရှိခဲ့ဖူးတယ်လို့ သတင်း ထွက်ဖူးပါတယ်။

Image from pinterest/IG

Bradley Cooper နဲ့ သူမရဲ့ အချစ်ကတော့ (၂၀၁၅)ဧပြီ မှာ အစပျိုးခဲ့ပါတယ်။အဲ့ဒီတုန်းက Bradley Cooper  က  အသက် (၂၃)နှစ်အရွယ် မော်ဒယ်မလေး Suki Waterhouse နဲ့ ကွဲပြီးစ အချိန်ပါ။အဲ့ဒီမှာပဲ အသက် (၄၀) အရွယ် Bradley Cooper  နဲ့ (၂၉)နှစ်အရွယ် Irina Shayk  တို့ရဲ့ ဇာတ်လမ်းစခဲ့တာပါ။Bradley Cooper နဲ့ Irina Shayk တို့ရဲ့ ရင်သွေးလေး Lea De Seine ကိုတော့ (၂၀၁၇)ဧပြီ (၁၁)မှာ မွေးဖွားခဲ့ပါတယ်။A Star Is Born ဇာတ်ကားကို Bradley Cooper နဲ့ Lady Gaga တို့ အတူတွဲ ရိုက်ပြီးနောက်ပိုင်း နှစ်ယောက်သား  ချစ်နေကြ တယ်ဆိုတဲ့ သတင်းတွေက တောက်လျောက် ထွက်လာခဲ့ပါတယ်။

Image from Irina Shayk’s IG

တစ်ဖက်မှာလည်း Irina Shayk   နဲ့ ဇာတ်လမ်း က မကြာခင် တခန်းရပ်တော့မယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် လာခဲ့ပါတယ်။ဒါပေမယ့် (၇၆)ကြိမ်မြောက် Golden Globe Awards ပွဲကို တော့ အတူတွဲ တက်ခဲ့ကြပါသေးတယ်။ဒါပေမယ့်(၂၀၁၉) ဇွန် (၆) မှာတော့ လေးနှစ်ကြာခဲ့တဲ့ သူတို့ရဲ့ ချစ်ဇာတ်လမ်းအ ဆုံးသတ်ခဲ့ပါတယ်။

Image Bradley Cooper ‘s IG

#SHWEMOM(Ref; Wikipedia & boomsbeat )

 

SHARE