အစ္စရေးနိုင်ငံ က တော့ လှပပြီး လည်ပတ်လို့ ကောင်းတဲ့ ကမ္ဘာ့နိုင်ငံ တွေ ထဲက တစ်နိုင်ငံပါ။အစ္စ ရေးမှာ သွားပြီး စိုက် ပျိုး ရေးပညာ သင်ယူရင်း အလုပ်လုပ် ကြတဲ့ မြန်မာနိုင်ငံသားတွေ လည်း အများကြီးရှိပါတယ်။ဘ၀ မှာ တစ် ခေါက် လောက် တော့ သွားရောက် လည်ပတ် သင့်တဲ့ အစ္စ ရေးနိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် လေး တွေကို Wiki နဲ့ erjcchouston တို့ ရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး Shwemom စာဖတ်သူတွေ အတွက် ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်။
ကမ္ဘာ့ သက်တမ်း အကြာဆုံး သချိင်္ုင်း မြေ

Jerusalem မှာရှိတဲ့ Olives တောင် က တော့ ကမ္ဘာ ပေါ်မှာဆိုရင် သချိုင်္င်း မြေ အဖြစ် ဆက်ပြီး အသုံးပြု နေတဲ့ သက် တမ်း အကြာ ဆုံး နေရာ တစ်ခုပါ။
လေယာဉ်ဆင်းသက်တိုင်း လက်ခုပ်တီးရ
တစ်ချို့ လေယာဉ်တွေ မှာက အဲ့လို အ လေ့အကျင့် ရှိကြပါတယ်။အစ္စ ရေး ရဲ့နိုင်ငံ ပိုင် လေ ကြောင်းလိုင်း El Al မှာ ဆိုရင် လည်း Ben Gurion လေဆိပ်ကို ဆင်းသက်ရင်း လေယာဉ်မှူးတွေ အတွက် ခရီးသည်တွေ က လက်ခုပ် တီး ပေး ရတဲ့ အ လေ့အထ ရှိပါတယ်။
သစ်တော သစ်ပင်ကို ချစ်ခင်တန်ဖိုးထားတဲ့ နိုင်ငံ

မြန်မာနိုင်ငံ အ ပါအ၀င် ကမ္ဘာ့ နိုင်ငံ တော်တော်များများမှာ ဆိုရင် တစ်နှစ်တစ်နှစ် သစ် တော သစ်ပင် အ ရေ အတွက် က ပို နည်းပါးလာ ပါတယ်။တောမီး၊လူတွေ ရဲ့ ပ ယောဂ.. အစ ရှိတဲ့ အ ကြောင်းအရင်းတွေ ကြောင့် သစ် ပင် တွေ သစ် တော တွေ ပြုန်းတီး နေရတာပါ။ဒါပေမယ့် အစ္စ ရေးနိုင်ငံ က တော့ လုံးဝ ဆန့်ကျင်ဘက်ပါ။လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)နဲ့ ယှဉ်ရင် သစ်ပင် အ ရေ အတွက်က ပိုများလာတဲ့ နိုင်ငံပါ။
ကမ္ဘာ့ ပထမဆုံး တွေ

အစ္စရေးနိုင်ငံမှာ တော့ ရှေး ဟောင်းအမွေ အနှစ်တွေ ပေါ ကြွယ်ဝပြီး ပြတိုက်တွေ လည်း အများကြီး ရှိပါတယ်။ကမ္ဘာ့ ပ ထမဆုံး ရေ အောက်ပြတိုက်ကို ဖွင့်လှစ်နိုင်ခဲ့တဲ့ နိုင်ငံပါ။Caeserea မြို့ မှာ တည်ရှိပါတယ်။နောက်တစ်ခု က တော့ နားမ ကြားသူတွေနဲ့ မျက်မမြင်သူတွေ နဲ့ ဖွဲ့စည်းထားတဲ့ Theater ကုမ္ပဏီ က လည်း အစ္စရေး မှာရှိပါတယ်။အဲ့လို ကုမ္ပဏီ မျိုးက ကမ္ဘာ ပေါ်မှာ တစ်ခု တည်းပဲရှိတာပါ။
အစ္စရေးပြည်သူတွေရဲ့ လူ့ သက်တမ်း
အစ္စ ရေး ကလည်း အသက်ရှည်တဲံ အထဲမှာ ပါတယ်လို့ ပြောလို့ရပါတယ်။လူ့ သက်တမ်း (၈၂)နှစ် ရှိပါတယ်။
Starbucks တိုးမ ပေါက်တဲ့ နိုင်ငံ

Starbucks က တော့ ကမ္ဘာတစ်ဝန်းက ဘယ်နိုင်ငံမှာပဲ ဖွင့်ဖွင့် အောင်မြင်တာကို တော့ အားလုံး သိ ကြ မှာပါ။ဒါ ပေမယ့် အစ္စ ရေးမှာ တော့ မ အောင်မြင်ခဲ့ပါဘူး။(၂၀၀၁)မှာ စ ဖွင့်ခဲ့ ဖူးပါတယ်။Tel Aviv က နေရာ (၆) နေရာမှာ ဖွင့် ခဲ့တာပါ။ဒါပေမယ့် (၂၀၀၃)မှာတော့ ပြန်ပိတ် ခဲ့ပါတယ်။ကမ္ဘာကျော် ကုမ္ပဏီ ကြီးတွေ ပြည်တွင်း ဈေးကွက် ကို တိုး မ ပေါက်တာ မျိုးက ရှားပါတယ်။
Cherry tomato ကို ပထမဆုံး ဖန်တီးခဲ့တဲ့ နိုင်ငံ

စိုက်ပျိုးရေး နည်းပညာတွေ က အရမ်း တိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံပါ။သဲကန္တရ တွေမှာတောင် ရ အောင်စိုက် ပြ နိုင် တဲ့ နိုင်ငံ မျိုးပါ။သူတို့ရဲ့ စိုက်ပျိုးရေး နည်းပညာတွေ က လေ့လာ အတု ယူဖို့ အရမ်း ကောင်းပါတယ်။ချယ်ရီ ခရမ်းချဉ် သီး ကိုတော့ Hebrew University မှာ ရှိတဲ့ ပါ မောက္ခ နှစ်ယောက်က ဖန်တီး ခဲ့တာပါ။
ဖက်ရှင် Show တွေမှာ အရမ်းပိန်တဲ့ မော်ဒယ်တွေ ကို ကန့်သတ်တဲ့ ပထမဆုံးနိုင်ငံ

ဖက်ရှင် Show တွေ မှာ အရမ်းပိန် လွန်းတဲ့ မော်ဒယ် မျိုးတွေ ကို သုံးတာ မ ကောင်းဘူး ဆို ပြီး တားမြစ် လိုက်တဲ့ ပထမဆုံး နိုင်ငံပါ။မော်ဒယ်ဆိုမှ အရမ်းပိန်မှ ဆိုတဲ့ အစဉ်အလာကြီး ကြောင့် အန္တရာယ်အဖြစ် ခံပြီး ၀ိတ် ချ ခဲ့ရတဲ့ မော်ဒယ်တွေ အများကြီးပါ။ဝေဖန်သူတွေ က ဒီလို ပိန်ကပ် နေတဲ့ မော်ဒယ်တွေ ကို သုံးတာဟာ ကျန်းမာ ရေးနဲ့ မညီ တဲ့ နေထိုင် စား သောက်မှု ပုံစံကို အားပေး ရာ ရောက်တယ်ဆိုပြီး ထောက်ပြခဲ့ကြတာပါ။