ရေဘုရင်ကြီး Jason Momoa ရဲ့ ဒီအကြောင်းတွေကို သင်သိပြီးပြီလား..?

အမျိုးသမီးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အ၀ရထားတဲ့ ရေဘုရင်ကြီး Jason Momoa  ရဲ့ အကြောင်းတွေကို ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။ သူ့ရဲ့ အကြောင်းတွေကို သိပြီးရင်တော့ ပရိသတ်တွေ အနေနဲ့ ပိုပြီး အချစ်တိုးသွားမှာတော့ သေချာပါတယ်။ (၁၉၇၉) ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှာ မွေးဖွားခဲ့သူပါ။ နာမည်အရင်း ကတော့ Joseph Jason Namakaeha Momoa ပါ။ အမေရိကန်မင်းသား၊စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ မော်ဒယ်တစ်ယောက်ပါ။ Aquaman ကတော့ Jason Momoa  ကို အကြီးအကျယ်ကို နာမည်ကြီး စေခဲ့တဲ့ ဇာတ်ကားပါ။

pinterest

#မိသားစုBackground

.thethings.

Jason Momoa  ကတော့ သူ့မိသားစုရဲ့ တစ်ဦးတည်းသော သားပါ။ အနုပညာမိသားစုကပါ။ သူ့ရဲ့ မေမေ ကတော့ ဓါတ် ပုံဆရာမ ဖြစ်ပြီး အဖေကတော့ ပန်းချီဆရာပါ။ သူ့ရဲ့ဖေဖေကတော့ Hawaii ပြည်နယ်သားပါ။ မေမေ ကတော့ ဂျာမန်-အိုင်ယာလန်-Native American ကပြားပါ။ အနုပညာမျိုးရိုးကနေ ဆင်းသက်လာသူပါ။

#အဏ္ဏ၀ါသိပ္ပံ ဘာသာရပ်ကို လေ့လာသင်ယူခဲ့

thethings

ရေဘုရင်ကြီးဆိုတဲ့ နာမည်နဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။ Aquaman ကတော့ သူ့အတွက် ဖြစ်လာတဲ့ ဇာတ်ရုပ်လို့ တောင် ပြောလို့ရပါတယ်။ Iowa ပြည်နယ်မှာ ကောလိပ်ကျောင်း တက်ခဲ့တုန်းက သူလေ့လာခဲ့တဲ့ ဘာသာရပ်က အဏ္ဏ၀ါသိပ္ပံဘာသာ ရပ်ပါ။ ဒါတင်မကသေးပါဘူး။ Florida Keys ကျွန်းစု ကို သွားပြီး လက်တွေ့ ကွင်းဆင်း သုတေသန လုပ်ခဲ့ဖူးပါတယ်။

#သူ့ရဲ့ ၀ါသနာ

gq.

ရေဘုရင်ကြီး ၀ါသနာပါတဲ့ အရာတွေ အများကြီးရှိပါတယ်။ ငယ်ငယ်တုန်းက ပြင်သစ်ကို သွားပြီး ပန်းချီပညာ သင်ယူ ခဲ့ဖူး ပါတယ်။ ဒါ့အပြင်တိဘက်ကို သွားပြီး ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးလည်း လေ့လာသင်ယူခဲ့ဖူးပါတယ်။

#မျက်ခုံးပေါ်က အမာရွတ်က ဘယ်လိုရခဲ့တာလဲ..?

.thethings.

သူ့ရဲ့ဝဲဖက်မျက်ခုံးပေါ်မှာ အမာရွတ်တစ်ခုရှိပါတယ်။ သေချာ သတိထားကြည့်မိသူတွေ ကတော့ သိမှာပါ။ ဒီအမာရွတ် မှာ သမိုင်းကြောင်းရှိပါတယ်။ ဒီအမာရွတ်က ဘား ရန်ပွဲ တစ်ခုကနေ ရခဲ့တာပါ။ L.A က ဘားရန်ပွဲတစ်ခုမှာ ပါဝင်ရင်းနဲ့ ဘားက လူတစ်ယောက် ဖန်ခွက်ကို ပစ်ပေါက်လိုက်တဲ့ အခါမှာ ဖန်ခွက်က Jason ရဲ့ မျက်နှာကို သွား ထိခဲ့တာပါ။ ဒဏ်ရာကြောင့် အချက် ရေ(၁၄၀) လောက်ချုပ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အမာရွတ်ကျန်ခဲ့တာပါ။

#မော်ဒယ်ဘ၀နဲ့ အနုပညာအလုပ်တွေကို စခဲ့

pinterest

တကယ်က မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာအလုပ်တွေကို စလုပ်ခဲ့တာပါ။ (၁၉၉၉)ခုနှစ် တုန်းက Hawaii’ ရဲ့ Model of the Year ဆုရခဲ့သူပါ။ ဒါတင်မကပါဘူး Miss Teen Hawaii  လည်း ဖြစ်ခဲ့ဖူးပါတယ်။ အသက် (၁၉) နှစ်အရွယ် ကောင်လေးရဲ့ အိမ်မက်တွေ ဖြစ်လာခဲ့ပြီး ဒါတွေက သူ့ဘ၀အတွက် အနုပညာ ခြေလှမ်းအစ ဖြစ် ခဲ့ပါတယ်။ မော်ဒယ်ဘ၀နဲ့ အသိအမှတ်ပြုခံရပြီးနောက်မှာတော့ သရုပ်ဆောင်ဘက်ကို ပြောင်းလာခဲ့တာပါ။ Baywatch Ha waii ဆိုတဲ့ ဒရမ်မာစီးရီးမှာ သုံးနှစ်လောက် ပါဝင်ခဲ့ဖူးပါတယ်။ ရုပ်သံစီးရီးတွေ မရိုက်ခင်မှာ  Jason Momoa က ရေလွှာ လှိုင်းစီးတဲ့ ပစ္စည်းတွေရောင်းတဲ့ ဆိုင်မှာ အလုပ်လုပ်တာ၊ ရေနစ်သူတွေကို ကယ်ထားတဲ့ သက်စောင့် အဖြစ် လုပ်ခဲ့ဖူးပါတယ်။

READ
JB နဲ့ Ashley Moore ဇာတ်လမ်းဟောင်းတွေ ပြန်စနေပြီလား.?

#Game of Thrones ထဲက Khal Drogo ဇာတ်ရုပ်အတွက် အရမ်းကြိုးစားခဲ့

pinterest

Game of Thrones ဇာတ်ကားထဲ Khal Drogo  ဇာတ်ရုပ်က သူ့အတွက် မလွယ်ကူခဲ့ပါဘူး။ Dothraki  ရဲ့ ခေါင်း ဆောင် လူအရိုင်းအစိုင်းကြီး ဆိုတဲ့ ဇာတ်ကောင် အတွက် ထုတ်လုပ်သူတွေ ကိုယ်တိုင်ကတောင်မှ Jason Momoa  တစ်ယောက် အဆင်ပြေလိုက်ဖက်ပါ့မလား ဆိုပြီး စိတ်ပူခဲ့ကြပါတယ်။ အားလုံးရဲ့ စိုးရိမ်စိတ်တွေ ပျောက်သွားအောင် Jason  က အရမ်းကို ကြိုးစားပေးခဲ့ပါတယ်။ Game of Thrones လူရွေးပွဲမှာ Jason ကHaka Dance ကို ကပြခဲ့ပါတယ်။ လူရွေးတဲ့ အဖွဲ့ ကအရမ်းသဘောကျသွားခဲ့ပြီး ထပ်လုပ်ဖို့ တောင်းဆိုခဲ့ရပါတယ်။

#မင်းသားတစ်ယောက် ထက် ပိုသူ

w.gq

ကင်မရာရှေ့မှာတော့ မင်းသား တစ်ယောက်ပါ။ ကင်မရာနောက်ကွယ်မှာရော..? Road to Paloma  ဆိုတဲ့ ဇာတ်ကား မှာ သူက မင်းသားတစ်ယောက်ပဲ မဟုတ်ပါဘူး။ ဒီကား ကို သူပဲ ဇာတ်ညွှန်းရေး၊ဒါရိုက်တာ လုပ် ရိုက်ကူး ခဲ့တာပါ။ဒီကားထဲမှာ သူ့ရဲ့ ဇနီး Lisa Bonet လည်း သရုပ်ဆောင်ထားပါတယ်။

#Jason Momoa  ရဲ့ သားနာမည်

YouTube

Jason Momoa နဲ့ ဇနီး Lisa Bonet တို့ရဲ့  သားနာမည်ကို ကြားရင် အားလုံး အံ့သြကြမှာပါ။ သူ့သားရဲ့ နာမည် ကတော့ အရမ်းကို ရှည်ပါတယ်။ Nakoa-Wolf Manakauapo Namakaeha Momoa ပါ။ ဒီနာမည်က သူတို့ စုံတွဲ အတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်။ Nakoa  ဆိုတာကတော့ ရှေးစစ်သည်ရဲမက်၊Mana ဆိုတာကတော့ ခွန်အား ပါ။Kaua ကတော့ မိုး၊Po ကတော့ အမှောင် လို့ အဓိပ္ပါယ်ရပါတယ်။ Nakoa-Wolf Manakauapo Namakaeha Momoa ကိုတော့ (၂၀၀၈)ခုနှစ်က ရာသီဥတု ဖောက်ပြန်နေတဲ့ အချိန် (၂၀၀၈)ခုနှစ်ရဲ့ ညတစ်ညမှာ မွေးဖွားခဲ့တာပါ။အမှောင်ကျပြီး မိုးတွေရွာနေတဲ့ အချိန်မှာ မွေးခဲ့တာပါ။

READ
နန်းဆုရတီစိုးကို စာတွေ ဘယ်သူပေးလဲဆိုတာ သိချင်နေတဲ့ G fatt

#လူတိုင်းအားကျရတဲ့ ချစ်ဇာတ်လမ်းမျိုးကို ပိုင်ဆိုင်ထား

WireImage

Jason Momoa ကတော့ သူ့ရဲ့ဇနီး Lisa Bonet ကို တုန်နေအောင်ချစ်သူပါ။ Jason Momoa  ရဲ့ အသက်က (၃၉) နှစ်ဖြစ်ပြီး သူ့ဇနီးရဲ့ အသက်ကတော့ Lisa Bonet ကတော့ (၅၁)နှစ်ပါ။ (၁၁)နှစ်လောက် အသက်ကွာပါတယ်။ မမကြီးတွေကိုမှ ကြွေပုံရပါတယ်။ သူတို့ဟာ (၂၀၀၅)တည်းက အတူရှိနေခဲ့ ကြပြီး (၂၀၁၇) ကမှ လက်ထပ် ခဲ့ တာပါ။

youtube

သူ့အသက် (၁၁)နှစ်မှာ Tv ကြည့်ရင်းနဲ့ “ကျတော့အသက် ၈ နှစ်မှာ tv ကြည့်ရင်းနဲ့ အမေ ကျတော်သူ့ကို လိုချင်တယ်ဆိုပြီး ပြောခဲ့တာပါ။ ကျတော့်သူ့ကို ကြိုက်တယ်။ ကျတော့်တစ်သက်လုံး သူ့ကိုပဲ Stalk လုပ်သွားမယ်။ ကျတော်က တကယ့်ကို stalker တစ်ယောက်ပါ။ ဒီအကြောင်းကို ကလေးနှစ်ယောက်ရတဲ့ အထိ ကျတော် သူမကို ပြော မပြခဲ့ဖူး။ ကျတော်သူမကို အမြဲတွေ့ချင်နေခဲ့တာ။သူမက ကျတော့်ရဲ့ ထာဝရဘုရင်မ ပါ..” ဆိုပြီး ပြောခဲ့ပါတယ်။

#Sex Scenes တွေ အတွက် အရမ်းကို ခက်ခဲ့ခဲ့

youtube

Jason အတွက်  sex scenes တွေ ရိုက်ရတာ တကယ့်ကို မလွယ်ကူပါဘူး။ Game of Thrones ကားမှာ ဒီလို အခန်းတွေ ရိုက်ရတော့ သူ့အတွက် အတော်လေးကို ခက်ခဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။သူလုပ်ခဲ့သမျှ အရာတွေထဲကမှ အခက်ခဲဆုံးတွေထဲက တစ်ခုပါ ဆိုပြီး ပြောခဲ့ပါတယ်။ မင်းသမီး Emilia  က သူသဘောကျနှစ်သက်ရသူ တစ်ယောက် ဖြစ်တဲ့ အတွက် ဒီလို အခန်းတွေက သူ့အတွက်မလွယ်တဲ့ အကြောင်းပြောခဲ့ဖူးပါတယ်။ ဒီလို အခန်းတွေ ရိုက်ပြီး တော့ သူနဲ့ Emilia တို့ ကြားမှာ တောင်းပန်တာ၊မျက်နှာပူရတာတွေ  အများကြီး ရှိခဲ့တယ်လို့ ဆိုပါတယ်။

#Most Handsome Men 2018 

pinterest

(2018)ခုနှစ်အတွက် အချောဆုံး အမျိုးသားတွေ ဆိုပြီး သတ်မှတ်ခံခဲ့ရသူတွေ စာရင်း ကိုတော့ TC Candler ကနေ ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒ်ီမှာတော့ ရေဘုရင်ကြီး Jason က နံပါတ်တစ်နေရကို ထိုက်ထိုက်တန်တန်ရခဲ့ပါတယ်။

pinterest

Source thethings

 

SHARE