Joe Biden အကြောင်း သင်မသိသေးတဲ့ အချက် (၈) ချက်

Image:IG/Joe

Joe Biden က တော့ အမေရိကန်သမ္မတ ဖြစ်လာဖို့ ရာနှုန်းပြည့် နီးပါးသေချာ နေပါပြီ။သမ္မတ ဖြစ်ဖို့ အတွက်လိုအပ်တဲ့ မဲ အရေ အတွက် (၂၇၀)ကို ပြည့်မှီ ကျော်လွန်ပြီး လက်ရှိ အချိန်ထိ ဆိုရင် တော့ Joe Biden က (၂၉၀)၊ထရမ့်က (၂၁၄)နဲ့ အပြတ်အသတ် ကို ဦး ဆောင် နေတာပါ။မီဒီယာ အများစုမှာဆိုရင် တော့ (၄၆)ယောက် မြောက် အမေရိကန် သမ္မတ လို့ တောင် ဖော်ပြ နေကြပါပြီ။ Joe Biden ကတော့ ထရမ့် နဲ့ လုံးဝ ဆန့်ကျင်ဘက်ကွဲ ပြားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ။ခက်ခဲကြမ်းတမ်း တဲ့ ၀မ်းနည်းစရာ အဖြစ် အပျက် တွေ အများကြီး ကို အခုချိန် ထိ ကြံ့ ကြံ့ ခံ ကျော်ဖြတ်လာခဲ့တဲ့ သူတစ်ယောက်ပါ။
Bio


Joseph Robinette Biden Jr. ကိုတော့ (၁၉၄၂)ခုနှစ် နိုဝင်ဘာ (၂၀)မှာ မွေးဖွားခဲ့တာပါ။အသက် (၇၇)နှစ်ပါ။အမေရိကန် သမိုင်း တစ်လျောက် အသက်အကြီးဆုံး သမ္မတ ပါ။ Pennsylvania ပြည်နယ်၊ Scranton မြို့ မှာ မွေးဖွား ခဲ့ တာပါ။မိသားစု မှာတော့ အကြီးဆုံး သားပါ။သူ့မှာတော့ ညီမ တစ်ယောက် နဲ့ ညီ နှစ်ယောက် ပါရှိပါတယ်။အဖေ ဖြစ်သူ Joseph H. Biden က တော့ ရေနံ စီးပွားရေးသမား တစ်ယောက်ပါ။

စီးပွားရေး အဆင်မပြေပဲ ရုန်းကန်ခဲ့ရ

သူ့ အဖေ က ရေနံလုပ်ငန်းရှင် ဆိုပေမယ့် ကံဆိုးစွာနဲ့ပဲ Biden ကို မွေးတဲ့ အချိန်မှာ စီးပွားရေး အဆင်မ ပြေ ဖြစ်ခဲ့ရပါတယ်။မိသားစု တွေ က တော့ Biden ရဲ့ အဖိုးအဖွားတွေ ဆီမှာ နှစ်အတော်ကြာ နေခဲ့ရပါတယ်။အဲ့ဒီအချိန်က စီးပွားရေးတွေ ကျဆင်းနေတဲ့ အချိန်မို့ Biden အဖေ က တည်တည်မြဲမြဲ လုပ်လို့ရတဲ့ အလုပ်ကို ရှာ မရ ဖြစ်ခဲ့ရပါတယ်။(၁၉၅၃)လောက် အစ မှာတော့ Delaware မှာ ရှိတဲ့ တိုက်ခန်း တစ်ခုမှာေ နခဲ့ကြပါတယ်။နောက်ပိုင်းကျမှ Wilmington က အိမ်ကို ပြောင်းနိုင်ခဲ့ပါတယ်။ Joe Biden Sr ကေ တာ့ေ နာက်ပိုင်း မှာ ကားအရောင်းဝန်ထမ်း အလုပ်ကို ရခဲ့ပြီးမိသားစုကို လူလတ်တန်းစား အဆင့် လောက် အထိ ထားနိုင်ခဲ့ပါတယ်။

ငယ်ဘ၀ ပညာရေး

 

View this post on Instagram

 

Vote for those who can’t, but still have to live with the consequences.

A post shared by Joe Biden (@joebiden) on


Archmere Academy မှာ တက်ရောက်ခဲ့ပါတယ်။ဘောလုံးနဲ့ ဘေ့စ် ဘော ကို ၀ါသနာ ပါခဲ့သူပါ။ငယ်ငယ်တ ည်းက အတန်း ထဲမှာ အတန်း ခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ဖူးပါတယ်။(၁၉၆၁)မှာတော့ ကျောင်းပြီး ခဲ့ပါတယ်။(၁၉၆၅)မှာတော့ University of Delaware က နေ Arts degree နဲ့ ဘွဲ့ရခဲ့ပါတယ်။သမိုင်းနဲ့ နိုင်ငံရေး သိပ္ပံ ၊အင်္ဂလိပ်စာကို သင်ယူခဲ့ရတာပါ။အဲ့ဒီတုန်းက C အဆင့်၊ အတန်းထဲက (၆၈၈)ယောက် မှာ အဆင့် (၅၀၆) ဖြစ်ခဲ့ဖူးပါတယ်။(၁၉၆၈)မှာ လည်း Syracuse University က နေ ဥပ ဒေ ဘွဲ့ ရခဲ့ပါတယ်။ အဲ့တုန်းက လည်း (၈၅)ယောက်မှာ အဆင့် (၇၆) ရခဲ့ပါတယ်။ကျောင်းတက်နေတုန်းက စစ်မှုထမ်း ဖို့ အကြောင်း ဖန်လာ ပေမယ့်လည်း ပန်းနာရင်ကြပ် ရောဂါ ကြောင့် မထမ်းဆောင်ခဲ့ရပါဘူး။

ဇနီးနဲ့ သမီးကို ဆုံးရှုံးခဲ့

(၁၉၆၆)သြဂုတ် (၂၇)မှာတော့ Neilia Hunter ဆိုတဲ့ Syracuse University က ကျောင်းသူ နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံမှာတော့ ကလေး သုံးယောက် ထွန်းကားခဲ့ပါတယ်။(၁၉၇၂)ဒီဇင်ဘာ (၁၈)မှာတော့ ဇနီးသည် Neilia နဲ့ တစ်နှစ် အရွယ် သမီးလေး Amy တို့ ယာဉ်မတော် တဆမှု ဖြစ်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်။သားနှစ်ယောက် ဖြစ်တဲ့ Beau နဲ့ Hunter တို့က ခြေထောက်ကျိုး၊ခေါင်းကွဲတွေ ဖြစ်ခဲ့ရပြီး ကံကောင်းစွာနဲ့ အသက် ဘေးက လွတ်ခဲ့ပါတယ်။ (၁၉၇၂)မှာ J. Caleb Boggs ကို အနိုင်ရပြီး Delaware ပြည်နယ် က ဥပဒေပြု လွှတ်တော် ဂျူနီယာ လွှတ်တော် အမတ် အဖြစ် ဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာ တာဝန်တွေ ထမ်းဆောင်ရတော့မယ် ဆိုခါ မှ သူ့ဇနီးနဲ့ သမီးကို ဆုံးရှုံးပြီး၊သားနှစ်ယောက် နဲ့မုဆိုးဖို ဖြစ်ခဲ့ရ တာပါ။ကလေးတွေ စောင့်ရှောက်ဖို့ အတွက် နုတ်ထ်ွကဖို့ အထိ လုပ်ခဲ့ပေမယ့်လည်း Mike Mansfield ကေ န မနုတ်ထွက်ပဲ ဆက်လုပ် ဖို့ တွန်းအား ပေးခဲ့တာပါ။
သားနှစ်ယောက်နဲ့ မုဆိုးဖို ဘဝ

 

View this post on Instagram

 

Health care is personal to me. I was sworn into the United States Senate next to a hospital bed. My wife and daughter had been killed in a car crash — and lying in that bed were my two surviving little boys. I couldn’t imagine what it would have been like if we didn’t have the health care we needed immediately. Forty years later, one of those little boys, my son Beau, was diagnosed with terminal cancer and given only months to live. Through the hardship, I saw firsthand how important it is to have quality, affordable coverage — it means peace of mind that your medical bills won’t drown you in debt and helps provide hope that things will get better. This fight is personal to me — like it is for so many Americans. And I promise you that if I’m elected president, I will protect your family’s health care coverage as if it were my own.

A post shared by Joe Biden (@joebiden) on

ခရစ်စမတ် မတိုင်ခင် တစ်ပတ် အလိုမှာ သူ့ရဲ့ ရာထူးတာဝန်သစ် အကြောင်း Washington DC မှာ အင်တာဗျူး ဖြေနေတုန်း ဇနီး နဲ့ သမီး ဆုံး ပြီဆိုတဲ့ သတင်းကို ကြားခဲ့ရတာပါ။အဲ့ဒီဖုန်းကို လက်ခံပြီး တော့ သူ့ဘ၀ တခုလုံး ပြောင်းလဲ သွားခဲ့ရတယ်လို့ Mr Biden က နောက်ပိုင်း အင်တာဗျူး တွေမှာ ပြောခဲ့ပါတယ်။ Neilia နဲ့ Naomi တို့ရဲ့ ဈာပန ပွဲကိုတော့ လူ တစ်ထောင် ကျော် လောက် လာရောက် ခဲ့ပါတယ်။တစ်ဖက်မှာ အလုပ်က များပြီ ဆိုခါ မှ မိန်းမက ယာဉ်မတော်တဆမှု ဖြစ်ပြီး သေ၊သမီးလေးပါ ဆုံးရှုံး ၊သားနှစ်ယောက်က ဆေးရုံ တက်နဲ့ ဒီဘ၀ ကိုတော့ တော်တော် လေး ရုန်းကန် ဖြတ်သန်းခဲ့ရပါတယ်။သူ့ရဲ့ Promise Me, Dad, Mr Biden ဆိုတဲ့ စာအုပ် ထဲမှာ တော့ ဒီနာကျင်မှုကို ကုစားနိုင်ဖို့ အချိန် အကြာကြီး ယူခဲ့ရတယ်လို့ ဆိုထားပါတယ်။ရာထူး ခန့်အပ်မှု အတွက် ကျမ်း သစ္စာ ကျိန် ဆို တာကိုတော့ သားနှစ်ယောက်ရဲ့ ဆေးရုံကုတင်ဘေးမှာ လုပ်ခဲ့ရတာပါ။

READ
အဘွားအား ရိုက်နှိက်ပြီးထွက်ပြေးသူကို ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်

ဒုတိယ အိမ်ထောင်

 

View this post on Instagram

 

How it started vs. How it’s going

A post shared by Dr. Jill Biden (@drbiden) on


သူ့ရဲ့ ဒုတိယ အိမ်ထောင်ဖက်က တော့ Jill Biden ပါ။သူမ မှာတော့ Bill Stevenson ဆိုတဲ့ အရင် အိမ်ထောင်ရှိဖူး ပါတယ်။(၁၉၇၀)မှာ လက်ထပ်ပြီး (၁၉၇၅)မှာ ကွာရှင်းခဲ့တာပါ။ Joe Biden နဲ့က တော့ (၁၉၇၅) မတ် မှာ စဆုံခဲ့တာပါ။Joe ရဲ့ ညီ Frank စီစဉ် ပေးတဲ့ blind date က နေ ဆုံ တာပါ။ ပထမဆုံး စ တွေ့ တဲ့ ဒိတ်မှာတင်ပဲ Jill Biden က သူ့မ ရဲ့ အေ မကို “ အ မေ သမီးနောက်ဆုံး တော့ လူကြီး လူ ကောင်းတစ်ယောက်နဲ့ ဆုံ ခွင့်ရပြီ..” ဆိုပြီး ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ကတော့ Ashley Biden ဆိုတဲ့ သမီးတစ်ယောက် ရခဲ့ပါတယ်။

READ
အသက်(၁၅)နှစ်အရွယ်စုံတွဲက သားအမိနှစ်ယောက်ကို သတ်ခဲ့မိကြောင်းဝန်ခံ

အသက်အငယ်ဆုံး လွှတ်တော် အမတ်တစ်ယောက်

အမေရိကန် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဥ ပေဒပြု လွှတ်တော် အမတ်တွေ ထဲက တစ်ယောက်ပါ။ (၁၉၇၂)သူ့ အသက် (၂၉)မှာ အမတ် ဖြစ် လာခဲ့တာပါ။ဒါ့အပြင် Senate Foreign Relations Committee ရဲ့ သက်တမ်း အကြာဆုံး အဖွဲ့ ၀င်ပါ။(၁၉၈၈)တုန်းက ဒီမိုကရက် တစ် သမ္မ တ ရွေး ကောက်ပွဲ ၀င်ပြိုင်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။(၂၀၀၈)မှာတော့ ထပ်ကြိုးစားခဲ့ပါတယ်။(၂၀၀၈)မှာတော့ သူနဲ့ အိုဘားမားတို့နိုင်ပြီး Biden က ဒု သမ္မတ ဖြစ်ခဲ့ပါတယ်။(၂၀၁၂)မှာ ထပ်ပြီး ရွေးကောက်ခံရလို့ ဒုသမ္မတ ထပ်ဖြစ်ခဲ့ပါတယ်။ (၂၀၁၇)မှာတော့ အိုဘားမားက Presidential Medal of Freedom ဆု ချီးမြှင့်ခဲ့ပါတယ်။

Joe Biden နဲ့ ပတ်သက်တဲ့ တခြားအရာများ

 

View this post on Instagram

 

I remember when we had a president our children could look up to.

A post shared by Joe Biden (@joebiden) on

Joe Biden က တော့ အမေရိကန် သမိုင်းတစ်လျှောက်မှာ John F Kennedy ပြီးရင် ဒုတိယမြောက် Catholic သမ္မတ ပါ။အိုဘားမားနဲ့က တော့ ဒုသမ္မတ  အဖြစ် အကြာကြီး လက်တွဲ လုပ်လာခဲ့သူမို့ အရမ်းရင်းနှီးကြပါတယ်။နှစ်ယောက် သား အားတဲ့ ပိတ် ရက်တွေ ဆိုရင် အတူတူ နေ့လယ်စာ စားပြီး စကားတွေ ပြောလေ့ရှိပါတယ်။ Joe Biden က တော့ ရေခဲမုန့် အရမ်းကြိုက်ပါတယ်။ချော ကလက် ရေခဲမုန့်က တော့ သူ့အကြိုက်ပါ။

#SHWEMOM (REF:WIKI)

SHARE