အိမ်ထောင်ဘက်ကောင်းပီသတဲ့ ကန်ဒုသမ္မတရဲ့အမျိုးသား Douglas Emhoff

twitter/DouglasEmhoff

Kamala Harris ဟာ အမေရိကန်နိုင်ငံမှာ ဒုတိယမြောက်သမ္မတအဖြစ်အရွေးချယ်ခံရတဲ့ ပထမဆုံး အာရှ-အမေရိကန်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အမျိုးသားဖြစ်သူ Douglas Emhoff ဟာလည်း လေးစားစရာကောင်းတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး Harris ရဲ့နိုင်ငံရေးအလုပ်တွေမှာ  တစိုက်မတ်မတ်ပံ့ပိုးလာသူဖြစ်ပါတယ်။ အခုကတော့ Douglas Emhoff ရဲ့အကြောင်းကို townandcountrymag သတင်းစာမျက်နှာကတဆင့် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

Emhoff ကို နယူးယောက် ဘရွတ်ကလင်းမှာမွေးဖွားခဲ့တာပါ။ University of Southern California’s Gould School of Law ကနေ ဘွဲ့ရခဲ့ပါတယ်။ သူဟာ အရင်အိမ်ထောင်နဲ့ကလေး ၂ယောက်ရှိပါတယ်။ ၁၉၉၂ ခုနှစ်မှာ ပထမဆုံးအိမ်ထောင်ကျပြီး ဇနီးနာမည်က Kerstin ဖြစ်ပါတယ်။ Emhoff နဲ့ Kerstin တို့က Prettybird အမည်ရတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကို အတူတူတည်ထောင်ခဲ့ပါတယ်။ သူတို့မှာ Cole နဲ့ Ella အမည်ရတဲ့ ကလေးနှစ်ဦးရှိပါတယ်။ ၁၆နှစ်အကြာမှာ သူတို့ကွာရှင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုထိ ရင်းနှီးခင်မင်နေဆဲဖြစ်ပြီး Kerstin က Harris ရဲ့သမ္မတရွေးကောက်ပွဲအလုပ်တွေမှာ ပါဝင်ကူညီခဲ့ပါတယ်။

Emhoff နဲ့ Harris တို့က blind date တစ်ခုမှာတွေ့ကြတာပါ။ Emhoff က Kerstin နဲ့ကွာရှင်းပြီး နှစ်အနည်းငယ်အကြာမှာ PR အကြံပေး Chrisette Hudlin ဆိုသူရဲ့ကူညီမှုကြောင့် Harris နဲ့တွေ့ခဲ့တာပါ။ Emhoff နဲ့ Harris တို့က စတွေ့တွေ့ချင်းမှာတင် ဆက်ဆံရေး တော်တော်လေးအဆင်ပြေခဲ့ပါတယ်။

READ
ယောင်္ကျားလေးတွေက ဘယ်လိုအချိန်မှာ မျက်ရည်ကျတတ်ကြလဲ

“ပထမဆုံးဒိတ်အပြီး နောက်တစ်နေ့မနက်ကျတော့ နောက်လတွေမှာ သူအားတဲ့နေ့တွေကိုစာပို့ထားတယ်။ ကျွန်မတို့ အဆင်ပြေမလားဆိုတာ ကျွန်မသိချင်ခဲ့တယ်။ တကယ်လည်း အဆင်ပြေခဲ့ပါတယ်။” ဆိုပြီး ၂၀၂၀ခုနှစ် Emhoff ရဲ့မွေးနေ့မှာ Harris က တွစ်ခဲ့တာပါ။

တွဲပြီးတစ်နှစ်အကြာမှာတော့ Emhoff ဟာ Harris ရဲ့ တိုက်ခန်းမှာပဲ Harris ကိုဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ စေ့စပ်ပြီး ၄လအကြာမှာတော့ သူတို့လက်ထပ်ပွဲကို လူအနည်းငယ်နဲ့ပဲ အကျဉ်းရုံးကျင်းပခဲ့ကြပါတယ်။ Emhoff ဟာ Harris ရဲ့နိုင်ငံရေးမျှော်လင့်ချက်တွေအပေါ် ပံ့ပိုးပေးနေတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။

Emhoff ဟာ Harris ရဲ့နိုင်ငံရေုးလုပ်ဖော်ကိုင်ဘက်တွေရဲ့အိမ်ထောင်ဖက်တွေနဲ့လည်း ရင်းနှီးသူတစ်ယောက်ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ Harris က Biden နဲ့အတူတူ သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့တရားဝင်သတင်း ထွက်ပြီးပြီးချင်း Joe Biden ရဲ့ ဇနီးသည် Dr.Biden က Emhoff နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။ ဒါကို Emhoff က သူ့တွစ်တာပေါ်မှာ ပြန်တွစ်ထားတာပါ။

Harris သမ္မတရာထူးအတွက်ရွေးကောက်ပွဲဝင်ပြိုင်တုန်းက ဒီအတွေ့အကြုံဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်း Emhoff ကပြောပြပါတယ်။ Harris ရဲ့ကမ်ပိန်းတွေကိုလည်း Emhoff က တက်တက်ကြွကြွပါဝင်ကူညီခဲ့တဲ့အပြင် သူ့ဆိုရှယ်မီဒီယာပေါ်မှာဆိုရင်လည်း Biden/Harris ကမ်ပိန်းတွေနဲ့ ပြည့်နှက်နေပါတယ်။

READ
ပိုက်ဆံချမ်းသာလာမှာကို ကြောက်တဲ့သူရှိလား

သူ့တွစ်တာ Biography ပေါ်မှာတော့ @kamalaharris hubby ဆိုပြီးတောင် ရေးတင်ထားပါသေးတယ်။ “ကျွန်တော်က သူ့ရဲ့နိုင်ငံရေးအကြံပေးမဟုတ်ပါဘူး။ သူ့အမျိုးသားပါ။ ဒါကြောင့် ကျွန်တော့်အခန်းကဏ္ဍာဟာ သူ့အတွက်အမြဲရှိနေပေးဖို့၊ သူ့ကိုချစ်နေဖို့၊ သူ့မှီခိုရာဖြစ်ဖို့ပါ။ သူ့ကိုကူညီပေးဖို့ပါ။” ဆိုပြီး Emhoff က ပြောပြခဲ့ပါသေးတယ်။

ShweMom

SHARE