စကားတစ်ခွန်းထဲနဲ့ ပရိတ်သတ်တွေကို ဖမ်းစားခဲ့တဲ့ Miss Universe 2019 Winner

Instagram/MissUniverse

ရုပ်ချောတိုင်း အမြဲနံပါတ်(၁) ဖြစ်မနေနိုင်ဘူးဆိုတာ အခု Miss Universe 2019ပြိုင်ပွဲက သက်သေတစ်ခုပါ။ လတ်တလောကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe 2019ပြိုင်ပွဲကြီးမှာ သူ့ထက်ငါအပြိုင်အဆိုင်လှကြတဲ့ အလှမယ်တွေကြား သရဖူဆုကို ဆွတ်ခူးရရှိသွားသူကတော့ တောင်အာဖရိက အလှမယ် Zozibini Tunziပဲဖြစ်ပါတယ်။ သူမဟာ (၁၉၉၃)ခုနစ် စက်တင်ဘာ(၁၈)ရက်နေ့မှာ မွေးဖွားခဲ့ပြီး၊ အသက်(၂၆)နှစ်ဖြစ်ပါတယ်။ (၂၀၁၇)ခုနှစ်မှာ အလှမယ်လောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ မွေးချင်းညီအမ သုံးယောက်ရှိသူပါ။

 

(၂၀၁၁)ခုနှစ်က Miss Universe ဆုရရှိခဲ့တဲ့ လူမဲအလှမယ် Leila Lopesပြီးရင် သူမဟာ Miss Universeသရဖူ ပြန်သိမ်းယူပေးခဲ့တဲ့ ပထမဆုံးလူမဲအလှမယ်တစ်ဦးဖြစ်သလို၊ Miss Universe title ဆု ဆွတ်ခူးတဲ့ သုံးယောက်မြောက်တောင်အာဖရိက အလှမယ်လည်း ဖြစ်ပါတယ်။

သူမရဲ့ ထူးခြားတဲ့အချက်က ဆံပင်ပါ။ သူ့ဆံပင်ဟာ afro-textured လို့ခေါ်တဲ့ အာဖရိက အမျိုးသမီးတွေရဲ့သဘာဝဆံပင်ပုံစံမျိုးပါ။ ဘာအတုအယောင်မှ ဖုံးလွှမ်းခြင်းမရှိဘဲ အဲဒီဆံပင်ပုံစံနဲ့ Miss Universeသရဖူကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးသူလည်းဖြစ်ပါတယ်။

 

သူမဟာ အလှအပစံနှုန်းတွေကို ရိုက်ချိုးပြီး Miss Universe စင်မြင့်ထက်မှာ အင်အားပြင်းလှတဲ့စကားတစ်ချက်နဲ့ ထိုက်ထိုက်တန်တန် ဆုရသွားခဲ့တာပါ။ လူတွေကို ဖမ်းစားနိုင်ခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ သူမဘာပြောခဲ့လဲဆိုတော့  “ကျွန်မဟာ ဒီလိုအသားအရေ၊ ဒီလိုဆံပင်ပုံစံနဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ကမ္ဘာကြီးမှာ မွေးဖွားလာခဲ့တယ်။ ကျွန်မရဲ့ အသွင်ပုံစံကိုကြည့်ပါ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို လှတယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် ယနေ့ခေတ်မှာ အလှတရားကို ရုပ်ရည် အသွင်အပြင်နဲ့ သတ်မှတ်လို့မရတော့ဘူး။ အဲဒီအထင်အမြင်တွေကို ရပ်တန်းကရပ်သင့်ပြီ။ နောက်လာနောက်သားမျိုးဆက်သစ်ကလေးတွေအနေနဲ့လည်း ကျွန်မကိုကြည့်ပါ ၊ သူတို့ရဲ့စိတ်ထဲမှာ ကျွန်မခံစားချက်လိုမျိုး ရောင်ပြန်ဟပ်နေတာမျိုး သူတို့မျက်နှာပေါ်မှာ မြင်ချင်တွေ့လိုပါတယ်လို့ ´´ပြောခဲ့တာဖြစ်ပါတယ်။

READ
Hulk ခန္ဓာနဲ့ နှစ်လိုဖွယ် အရုပ်မ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ Muscle Barbie

 

သူမရဲ့ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိမှု ၊ မိမိအလှတရားကို လက်ခံတတ်မှုနဲ့ စိတ်ဓာတ်ခွန်အားကြီးမားမှုတွေဟာ အလှအပအားလုံးကို ကျော်ဖြတ်အောင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။အခုနစ်  (၂၀၁၉) Miss Universe အလှမယ်ပြိုင်ပွဲကြီးကိုတော့ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ် Atlanta မြို့ Tyler Perryခန်းမမှာ ဒီဇင်ဘာ(၈) ရက်နေ့က ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီးတော့ Mexico, Puerto Rico နဲ့ South Africa အလှမယ်တို့က နောက်ဆုံးဇကာတင်ထဲပါဝင်ခဲ့ပြီး၊ 2nd Runner-Up ကို မက္ကဆီအလှမယ်၊ 1nd Runner-Up ကို Puerto Rico အလှမယ် Madison Andersonနဲ့ Miss Universe အလှမယ်ဆုကြီးကို တောင်အာဖရိက လူမဲအလှမယ် Zozibini Tunzi က ရရှိသွားခဲ့တာဖြစ်ပါတယ်။

Khaing Sandar

SHARE