အခြားကမ္ဘာရဲ့ဝင်ပေါက်လို့ သမုတ်ကြတဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ စကော့တလန်

instagram/visitscotland

ထူးခြားဆန်းပြားမှူတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲ စကော့တလန်ဟာလည်း တစ်နိုင်ငံအပါအ၀င်ဖြစ်ပါတယ်။ အခုအခါမှာတော့ brightside ကနေတဆင့် ကိုးကားပြီး စကော့တလန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ဖော်ပြပေးလိုပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို မျိုးစပ်ဖောက်မွေးခြင်းမှ တားမြစ်ခြင်း

ယနေ့ခေတ်မှာတော့ လူတော်တော်များများဟာ အိမ်မွေးတိရစ္ဆာန်တွေကိုတောင် စိတ်တိုင်းကျ ပုံစံရအောင် သားဖောက်ပြီး မွေးမြူရတာကို စိတ်ဝင်စားလာကြပါတယ်။ ဒါပေမယ့် စကော့တလန်မှာတော့ ဒီလိုလုပ်တာဟာ တိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အပြင် တစ်စုံတစ်ခုဖြစ်တဲ့အခါ ဆေးကုသစရိတ်လည်း များတယ်ဆိုပြီး တားမြစ်ထားပါတယ်။ စကော့တလန်ဟာ တိရစ္ဆာန်လေးတွေရဲ့ အခွင့်အရေးကို လိုလားတဲ့နိုင်ငံဖြစ်တာကြောင့် မသင့်တော်တဲ့ ကိုယ့်စိတ်တိုင်းကျ တိရစ္ဆာန်မျိုးစိတ်တွေကို သားစပ်ပေးခြင်းမျိုး ခွင့်မပြုပါဘူး။

instagram/visitscotland

ခေါင်းနီတွေရဲ့ တိုင်းပြည်

စကော့တလန်မှာတော့ အနီရောင်ဆံကေသာပိုင်ရှင်တွေ တော်တော်များပါတယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ စကော့တလန်နိုင်ငံက အနီရောင်ဆံကေသာပိုင်ရှင်အချိုးဟာ (၁၃) ရာခိုင်နှူန်းလောက် ရှိပါတယ်။ အနီရောင်ဆံပင်ဟာ မျိုးရိုးဗီဇကြောင့်လည်း ပါပါတယ်။ စကော့တလန်က မိသားစုတိုင်းလိုလိုမှာတော့ အနီရောင်ဆံပင်နဲ့ ကလေးတွေရှိတတ်ပါတယ်။ သုတေသနပညာရှင်တွေကတော့ စကော့တလန်တွေရဲ့ ဆံပင်အရောင်နဲ့ သူတို့ရဲ့ ဖြူဖွေးတဲ့အသားအရည်ဟာ နေက ဗီတာမင်ဒီဓာတ်ပိုမိုရရှိအောင် သဘာဝက ကူညီပေးတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

Nessie နဲ့ Morag

စိတ်ကူးယဉ်မှူသက်သက်ပဲလား၊ အပြင်မှာ တကယ်ရှိတာလားဆိုတာတော့ မသိရပါဘူး။ Loch Ness လို့အမည်ရတဲ့ ထူးဆန်းတဲ့သတ္တ၀ါကြီးဟာ စကော့တလန်ထဲမှာ ရှိတယ်ဆိုပြီး ကျော်ကြားပါတယ်။ ဒဏ္ဏာရီလာအရတော့ Loch Ness ကြီးမှာ မောင်နှမရှိတယ်လို့ သိရပြီး သူမဟာ Loch Morar ရေကန်မှာ နေတယ်လို့ ဆိုပါတယ်။ သူမနာမည်ကတော့ Morag ဖြစ်ပါတယ်။ Morag ကို မျက်မြင်ကိုယ်တွေ့တွေ့ဖူးတဲ့ သက်သေ (၃၄) ခုရှိပါတယ်။

instagram/visitscotland

အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းကို အခမဲ့ပေးခြင်း

ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းကစလို့ စကော့တလန်ဟာ အမျိုးသမီးတွေအတွက် တစ်ကိုယ်ရည်သုံးအသုံးအဆောင်ပစ္စည်းတွေကို အခမဲ့ပေးနေတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဒီအမျိုးသမီးသုံးပစ္စည်းတွေကိုတော့ စာကြည့်တိုက်တွေ၊ ကျောင်းတွေနဲ့ အများပိုင်နေရာတွေမှာ ထားရှိပါတယ်။

UFO ရွာကလေး

စကော့တလန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ တော်တော်လေးပေါ်ပြူလာဖြစ်လွန်းတဲ့အပြင် ဂြိုလ်သားတွေတောင် လာရောက်လည်ပတ်ကြပါတယ်။ ဂြိုလ်သားတွေဟာ Bonnybridge ကျေးရွာလေးဆီကို မကြာမကြာလာလေ့ရှိလို့ အဲ့ဒီရွာလေးကို အခြားစကြာဝဋာတစ်ခုသို့ တံခါးပေါက်လို့တောင် ခေါ်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း လူပေါင်း (၃၀၀) လောက်က Bonnybridge ရွာနားတစ်ဝိုက်မှာ UFO ကို မြင်တွေ့ခဲ့ရကြောင်း ဆိုပါတယ်။ ဒါ့အပြင် Bonnybridge ရွာသားတိုင်းဟာလည်း UFO နဲ့ဆင်တူတဲ့ အရာဝတ္ထုတစ်ခုခုကို တစ်ကြိမ်လောက်တော့ တွေ့မြင်ဖူးကြောင်း ပြောပြခဲ့ကြပါသေးတယ်။

အပြာရောင်မီးများ

ဂလက်စဂိုရဲ့ လမ်းမတွေပေါ်မှာဆိုရင် အပြာရောင်မီးတွေထွန်းညှိထားတာကို တွေ့ရမှာပါ။ ဒီလိုအပြာရောင်မီးတွေ ထွန်းပေးထားတာဟာ မြို့တစ်ခုလုံးရဲ့ အသရေကို တင့်တယ်စေတဲ့အပြင် မြို့ထဲ ရာဇ၀တ်မှူနဲ့ ဆူဆိုက်ဒ်ပြုလုပ်နှူန်းတွေပါ သိသိသာသာ ကျဆင်းသွားကြောင်း သိရပါတယ်။ စိတ်ပညာရှင်တွေကတော့ အပြာရောင်ဆိုတာ ရဲအမှူထမ်းတွေနဲ့ဆက်စပ်နေတဲ့အတွက် လူတွေကို ပိုပြီးသတိထားတတ်တဲ့ အပြုအမူမျိုး ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ အခုလို လမ်းမှာ အပြာရောင်မီးထွန်းညှိတဲ့အလေ့အကျင့်ကို ဂျပန်နိုင်ငံကလည်း လက်ခံကျင့်သုံးတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE