Hero Fiennes-Tiffin အကြောင်း သင်မသိသေးတဲ့ အချက် (၈)ချက်

Image:IG/Fiennes-Tiffin/@HeroFtNews

မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစာနေတဲ့ မင်းသားတစ်ယောက်ရှိပါတယ်။သူကတော့ After ဇာတ်ကားထဲက မင်းသားချောပါ။သူ့ရဲ့ နာမည်အရင်းကတော့ Hero Fiennes-Tiffin ပါ။မျက်ခုံးကောင်းကောင်းနဲ့  ဂျစ်ကန်ကန် ခပ် ဆိုးဆိုး ကောင်လေး Hero Fiennes-Tiffin ရဲ့ စိတ်ဝင်စားစရာအကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

#Bio

Image:@HeroFtNews

Fiennes-Tiffin ကိုတော့ (၁၉၉၇)ခုနှစ် နိုဝင်ဘာ (၆)ရက်နေ့က လန်ဒန်မှာ မွေးဖွားခဲ့တာပါ။ရာသီခွင်ကတော့ Scor pio ပါ။ ဒါရိုက်တာ George Tiffin နဲ့  Martha Fiennes တို့ရဲ့ သားပါ။Battersea က Emanuel School ကနေ ကျောင်းပြီးခဲ့ တာပါ။ သူ့မှာ တော့ အစ်ကိုတစ်ယောက်နဲ့ညီမတစ်ယောက်ရှိပါတယ်။

#အရပ်

Image:IG/Fiennes-Tiffin

သူ့ရဲ့ အရပ်ကတော့ (၆)ပေ နဲ့ (၃)လက်မ ပါ။အရပ်ရှည်တဲ့ ကောင်လေးတွေကို ကြိုက်တဲ့ သူတွေ နဲ့ တော့ လုံးဝ ကွက်တိပါ။

#ပထမဆုံး ဇာတ်ကား

Image:IG/Fiennes-Tiffin

ပထမဆုံး ဇာတ်ကားကတော့ Bigga Than Ben (2008) ပါ။ဒီဇာတ်ကားမှာတော့ Spartak အဖြစ် သရုပ် ဆောင် ခဲ့တာပါ။Harry Potter and the Half-Blood Prince’  (2009) မှာတော့ Tom Riddle အငယ်လေး အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။Hero ကတော့ (၁၁)နှစ်အရွယ် Tom အဖြစ် သရုပ်ဆောင်ခွင့်ရတဲ့  ရိုက်ကွင်းမှာပဲ Albus Dumbledore (ဟယ်ရီပေါ်တာ ဇာတ်လမ်းထဲက ဇာတ်ကောင်နာမည်) နဲ့ ပထမဆုံး အကြိမ် ဆဆုံတွေ့ ခွင့် ရခဲ့ပါတယ်။

READ
သင်္ကြန်ပုံရိပ်တွေကို ပီပီပြင်ပြင် ဖော်ကြူးမယ့် လူမင်းနဲ့ သင်ဇာဝင့်ကျော်

#ပါဝင်ခဲ့ဖူးတဲ့ ရုပ်ရှင်နဲ့TV စီးရီး

Image:IG/Fiennes-Tiffin

‘After’ နဲ့ ‘Harry Potter and the Half-Blood Prince’ တို့ လိုပဲ Hero Fiennes-Tiffin က ‘Private Peaceful’ ၊စီးရီးဆိုရင် Safe’  ၊Cleaning Up’ တို့ မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

#Ralph Fiennes ၊ Joseph Fiennes တို့ရဲ့ တူ

Image:IG/Fiennes-Tiffin

Hero Fiennes-Tiffin  ကတော့ မင်းသား Ralph Fiennes နဲ့  Joseph Fiennes တို့ရဲ့ တူပါ။

#ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရတဲ့ ဇာတ်ကား

Image:IG/Fiennes-Tiffin

(၂၀၁၉)မှာတော့ Fiennes-Tiffin  တစ်ယောက် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင် ခွင့် ရခဲ့ပါတယ်။အဲ့ဒီ ဇာတ်ကား ရဲ့ နာမည်ကတော့ After ဖြစ်ပြီး Hardin Scott ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ပါ။

READ
"ရည်းစားရွေးနည်း"ရုပ်ရှင်ကားရိုက်ကွင်းပေါ်က မြင့်မြတ်နဲ့ ဖွေးဖွေး

#အချစ်ရေး

Image:@HeroFtNews

(2019) ဇူလိုင် (၈)ရက်နေ့ အထိ တော့ သူ့မှာ တရားဝင် ချစ်သူမရှိသေးပါဘူး။ “After” ဇာတ်ကားထဲက မင်းသမီး Josephine Langford နဲ့ တော့ အရမ်းရင်းနှီးပုံရပေမယ့် ချစ်သူလို့ တော့ တရားဝင် ကြေညာတာမျိုး မရှိသေး ပါဘူး။

Image:IG/Fiennes-Tiffin

#ဆိုရှယ်မီဒီယာသုံး

ဆိုရှယ်မီဒီယာ IG သုံးပါတယ်။Follower ကတော့ (၂.၃)သန်းရှိပါတယ်။

 

 

View this post on Instagram

 

☝🏼

A post shared by Hero Fiennes Tiffin (@hero_ft) on

)

#SHWEMOM(Wiki/popbuzz)

SHARE