တက်တူး ကိုတော့ အရေ ပြား ပေါ်က အနုပညာတစ်ခု အဖြစ် တဖြည်းဖြည်း လက်ခံ လာကြပါပြီ။တက်တူး Artist တွေ အများကြီး ထွက်ပေါ် လာလျက်ရှိပြီး သူ့ထက် ငါ အပြတ်လန်းတဲ့ တက်တူးတွေကို ဖန်တီးလာ ကြပါတယ်။ဒီတစ်ခါ ဖော်ပြ ပေးချင် တဲ့ တက်တူး က တော့ UV tattoo ပါ။နောက်တစ်မျိုး black light tattoo လို့ လည်း ပြော လို့ရပါတယ်။ဒီတက်တူးတွေက တော့ နေ့ဘက်မှာ ဆိုရင် အရမ်း မပေါ် လွင် ပေမယ့် ည အမှောင် ultrav iolet အလင်းနဲ့ တွေ့လိုက်ရင်တော့ အရမ်းလန်းတဲ့ တက်တူး အဖြစ် နဲ့ ပြောင်းလဲ သွား မှာပါ။ဒီအြေ ကာင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။
View this post on Instagram
နေ့အလင်းဆိုရင်တော့ မထင်မရှား ညပိုင်း ကလပ်ေ တွ ထဲကို ရောက်ရင် တော့ ပိုပြီး ရုပ်ကြွ ပေါ်လွ င်နေတဲ့ တက်တူး မျိုးကို တွေ့ ရမှာပါ။ဒီလို တက်တူး မျိုးက တော့ ကိုယ်တက်တူး ထိုးထားတာကို နေ့ဘက် Day Life မှာ အရမ်း ပေါ် လွင် နေ မှာ မကြိုက်တဲ့ လူမျိုးတွေ အတွက် သင့်တော်ပါတယ်။ည အ မှောင် မီး အလ င်းေ တွထဲမှာ ကိုယ့်တက်တူးက ပို ပေါ် လွင် ပို လန်းေ နတာ မျိုးကို လို ချင် တဲ့ သူတွေ နဲ့ လည်း အသင့်တော် ဆုံးပါ။ပုံမှန် တက်တူးနဲ့ UV တက်တူး မှာ နေ့အလင်း နဲ့ ည အလင်း ပိုပေါ် လွင်မှု အပြင် နောက် ထပ် မတူတဲ့ တစ်ချက်ရှိပါ သေးတယ်။
View this post on Instagram
အဲ့ဒါကတော့ UV တက်တူး ဆေးမှင်က ပုံမှန်တက်တူး လောက် ဆေးမှင် မထူပါဘူး။UV paint တွေ က တော့ မတည့်တဲ့ လူ ပို များ တယ်လို့ ပြောလို့ရပါတယ်။အရေ ပြားနဲ့ မတည့်တာ ပိုများတဲ့ အတွက် ကြောင့် ထိုးပြီး အဆင်မပြေတာ၊မတည့်တာ မျိုးတွေ ကြောင့် ပြန်ဖျက် ပစ်ရတာ မျိုးတွေက သာမန်တက်တူး နဲ့ ယှဉ်ရင် ပိုများပါတယ်။အမေရိကန် FDA က တောင်မှ UV တက်တူး မှင်တွေ ကို လက်ခံ မပေးထားသေးဘူးလို့ လည်း သတင်းတစ်ချို့မှာ ဖော်ပြခဲ့ဖူးတာတွေ ရှိပါတယ်။နောက်တစ်ခုက ထိုးပြီး တစ်နှစ် နှစ် နှစ် လောက် အတွင်းမှာ တက်တူးက ရုပ်လုံး ပေါ် မြင်တွေ့ရအုံးမှာ မဟုတ်ပါဘူး။သာမန်မျက်စိနဲ့ အစ မှာ မြင်ရ ဖို့ ခက်ပြီး နောက်ပိုင်းကျမှ တဖြည်း ဖြည်း ပေါ် လွင်လာမှာပါ။
View this post on Instagram
အပေါ်မှာ ပြောခဲ့သလိုပဲ UV တက်တူးရဲ့ မှင်တွေက ည ဘက်မှာေ တာက်ပနေ အောင် ဖန်တီးထားရတာ မျိုးတွေ ဖြစ်တာ ကြောင့် အချိန်အဆ မတော်ရင် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေတဲ့ အထိ အန္တရာယ်များပါတယ်။ဒါပေမယ့် UV တက်တူး ထိုးတဲ့ Artist တစ်ချို့ကတော့ အရမ်း ကြီး အန္တရာယ်မများပါဘူး လို့ ပြော ကြတာတွေ တော့ ရှိပါတယ်။”လူ ၂၅ ယောက်မှာ တစ်ယောက် လောက်ပဲ UV တက်တူး မှင်နဲ့ မတည့်တာ မျိုး ရှိတာပါ။တစ်ချို့က မတည့်မှာ တစ်ချို့က ကျ တော့ တက်တူးက မှောင်ထဲမှာ ပေါ် လွင်မ နေမှာကို စိတ်ပူကြတာ တွေ ရှိတယ်..” လို့တက်တူး Artist Samantha Ceora က ပြောခဲ့ပါတယ်။
View this post on Instagram
ဘယ်လောက်ကြာကြာခံလဲ ဆိုရင်တော့ ထိုးပြီး ငါးနှစ်လောက် အထိ ခံပါတယ်။ဒါပေမယ့် အရေပြား Skin Type ပေါ်မှာ မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကြာတဲ့ အချိန်က တော့ မတူနိုင်ပါဘူး။UV တက်တူး ထိုးတဲ့ ဈေးနှုန်းက တော့ ပုံမှန် တက်တူး ထိုးတာ ထက် ကုန်ကျစရိတ်လည်း ပိုများပါတယ်။
View this post on Instagram
#SHWEMOM