မုန်းစရာကောင်းတဲ့ ခြင်ကောင်တွေနဲ့ပတ်သက်ပြီး အမှန်သိထားသင့်တဲ့ အချက်များ

Shutterstock/all_about_people

ခြင်ဟာ လူအများဆုံး အမုန်းခံရတဲ့ သတ္တ၀ါဖြစ်ပါတယ်။ လူတွေ ရုပ်ရှင်ကြည့်ကောင်းတဲ့အချိန်၊ အလုပ်လုပ်နေတဲ့အချိန် အထူးသဖြင့် အိပ်နေတဲ့အချိန်တွေမှာ အခွင့်ကောင်းယူပြီး အလစ်တွယ်တတ်ကြပါတယ်။ ခြင်ပြေးတဲ့ဆေးတွေသာ အိမ်ထဲမထွန်းထား၊ မဖြန်းထားမိဘူးဆိုရင်တော့ သူတို့က အိမ်မှာရှိတဲ့ လူ၊ တိရစ္ဆာန်မှန်သမျှတို့ရဲ့ အ၀တ်လပ်နေတဲ့ နေရာတွေကို ပျော်ပျော်ကြီး လိုက်ကိုက်ခဲတော့တာပါပဲ။ အခုတစ်ခါမှာတော့ shared သတင်းစာမျက်နှာမှာ တွေ့ရှိရတဲ့ ခြင်ကိုက်ခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Pexels/Jimmy Chan

ခြင်ကိုက်ခြင်းဟာ သွေးအမျိုးအစားနဲ့လည်း သက်ဆိုင်တယ်

တစ်ခါတစ်လေ ကိုယ်ဟာ တခြားသူတွေလည်း အတူတူထိုင်နေတယ်။ ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းကိုမှ ခြင်တွေက ပိုကိုက်နေတာမျိုးကို ကြုံဖူးကြမှာပါ။ ဒါကတော့ သွေးအမျိုးအစားကြောင့် ဖြစ်ရတာပါ။ ခြင်တွေ အကြိုက်ဆုံးသွေးအမျိုးအစားကတော့ အိုသွေးလို့ ဆိုပါတယ်။

ခြင်တွေဟာ ချွေးကြိုက်တယ်

ခြင်တွေဟာ ချွေးတွေကလာတဲ့ ဘက်တီးရီးယားနဲ့ ဓာတုဓာတ်တွေကို နှစ်သက်ပါတယ်။ ဒါကြောင့် စာဖတ်သူဟာ ချွေးထွက်သန်သူတစ်ယောက် ဖြစ်မယ်ဆိုရင်တော့ ခြင်တွေဟာ စာဖတ်သူအနားမှာ ၀န်းရံနေနိုင်ပါတယ်။

ခြင်တွေဟာ ဘီယာကြိုက်တယ်

ခြင်တွေဟာ ဘီယာနှစ်သက်ပါတယ်။ အကြောင်းရင်းကတော့ ဘီယာက အမြှုပ်တွေကြောင့်ပါတဲ့။ တကယ်လို့ ဘီယာဘူးဖွင့်ထားပြီး အိမ်ပြင်မှာ နေခဲ့ရင် ခြင်တွေလာအောင် ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တ၀ီဝီနဲ့ အသံပေးပြီး အနားမှာ ၀ဲပျံနေတဲ့ခြင်တွေကြောင့် အာရုံမနောက်ချင်ဘူးဆိုရင်တော့ အိမ်ထဲမှာသာ ဘီယာသောက်သင့်ပါတယ်။

READ
ခွေးလေးနဲ့ နှစ်ယောက်တစ်ကမ္ဘာနေသူတိုင်းသာခံစားနိုင်တဲ့ကြည်နူးစရာလေးများ
Pexels/icon0.com

ခြင်မတွေဟာ ခြင်ထီးတွေထက် ပိုဆိုးတယ်

ခြင်မတွေဟာ (၀.၀၀၁) မှ (၀.၀၁) မီလီမီတာပမာဏရှိတဲ့ သွေးကို သောက်သုံးနိုင်ပါတယ်။ ခြင်မတွေဟာ သူတို့ရဲ့ အစာအိမ်က ပြည့်တင်းပြီးဖောင်းကားတဲ့အထိ လောဘတကြီးနဲ့ သွေးသောက်ကြပါတယ်။ လူတစ်ယောက်ဆီမှာ သွေးစုပ်နေတုန်း လူက မောင်းထုတ်လိုက်တဲ့အခါ နောက်ထပ်လူတစ်ယောက်ဆီကို သွားပြီး ထပ်သွေးစုပ်လေ့ရှိပါတယ်။ ဗိုက်ဝသွားပြီဆိုရင်တော့ ခြင်မတွေဟာ (၂) ရက် (၃) ရက်လောက် နားပြီး ဥ,ဥချပါတယ်။ ပြီးတဲ့အခါမှ တဖန်ပြန်ပြီး လုပ်ငန်းခွင်ဝင်ကာ သွေးတွေ လိုက်စုပ်ပါတယ်။

ဆေးပင်တွေကို ခြင်တွေဟာ မနှစ်သက်ကြဘူး

ကိုယ့်ရဲ့ အိမ်မှာ ခြံလေးဝန်းလေး ရှိတဲ့အခါ ဥယျာဉ်ထဲ ခြင်တွေ မအောင်းစေချင်ရင် သိပ်ပြီး အထွေအထူးလုပ်စရာမလုပ်ပါဘူး။ ရို့်စ်မေရီ၊ လီမွန်ပင်၊ လာဗင်ဒါ၊ ထပ်တရာပန်း၊ ပင်စိမ်း၊ ပူစီနံနဲ့ ကြက်သွန်ဖြူပင်တွေကိုသာ စိုက်ပျိုးထားလိုက်ပါ။ ဒါဆို ခြင်တွေ မလာနိုင်ပါဘူး။ ခြင်တွေဟာ အနံ့ခံအာရုံသိပ်ကောင်းတဲ့အတွက် ဒီအပင်တွေရဲ့အနံ့ကို သူတို့က ကြောက်ကြပါတယ်။

READ
သူများထက်ပိုပြီး ချမ်းတတ်သူတစ်ယောက်ဖြစ်နေတာ ဘာကြောင့်လဲ

ခြင်တွေကို အိမ်ထဲကနေ မောင်းထုတ်နိုင်ပါတယ်

ခြင်တွေဟာ အိမ်ရှိ လူတွေ ပျင်းရင် ပျင်းသလို ရက်ပေါင်းများစွာ အိမ်ထဲခိုအောင်းနေနိုင်ကြပါတယ်။ ခြင်တွေ အိမ်ထဲဝင်မလာအောင် ခြင်လုံသံဇကာတွေ တပ်ပြီး ကာကွယ်နိုင်ပါတယ်။ တံခါးတွေကို အချိန်အကြာကြီးဖွင့်ထားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် အဲကွန်းသုံးသင့်ပါတယ်။ မိလ္လာကန်တွေ ပေါက်နေရင်လည်း ဖာထေးပြုပြင်တာတွေ လုပ်သင့်ပါတယ်။ ရေဆင်း ရေသွယ် အပေါက်ဝတွေကို အရွယ်ရောက်ပြီး ခြင်တစ်ကောင်ထက် ပိုသေးငယ်တဲ့ သံဇကာကွက်လေးတွေ တပ်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် တစ်ပတ်တစ်ခါဖြစ်ဖြစ် ခြင်တွေပေါက်ဖွားနိုင်တဲ့နေရာ ဥပမာ ဘုရားပန်းအိုးတွေ၊ ကားတာယာ၊ ရေပုံးရေခွက်တွေနဲ့၊ ပန်းအိုးခံတဲ့ ပန်းကန်ပြားချပ်စတဲ့ ရေစပ်စပ်ရှိနေတဲ့ နေရာတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပြီး ခြင်အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE