ရုပ်ရှင် review တွေကို (၂) မိနစ်အတွင်း အူတက်အောင်ပြောပြလေ့ရှိတဲ့ Epic Asian အကြောင်း

Facebook ပေါ်မှာ ရုံတင်သမျှ နာမည်ကြီးရုပ်ရှင်တွေကို (၂) မိနစ်အတွင်း review ပေးလေ့ရှိတဲ့ Epic Asian ကို သတိထားမိမှာပါ။

Epic Asian ရဲ့ ဗီဒီယို review တွေဟာ အာရှသံစွက်တဲ့ အင်္ဂလိပ်အသံထွက်တွေကို ကပေါက်တိကပေါက်ရှာ ပြောထားပေမယ့် လူတိုင်းနားလည်တဲ့ အသုံးအနှုန်းတွေ ဖြစ်ပါတယ်။

YouTube

Epic Asian ရဲ့နောက်ကွယ်မှာ ကြိုးကိုင်နေသူကတော့ တစ်ဦးတည်းရှိပါတယ်။ နာမည်ကိုဖော်ပြခြင်းမရှိတဲ့အတွက် သူဟာ Epic Asian လို့သာ သူ့ကိုယ်သူ သုံးနှုန်းထားခဲ့တာပါ။

Epic Asian ဟာ အသက် (၂၄) နှစ်ပတ်ဝန်းကျင်ရှိနေတဲ့ မလေးရှားလူမျိုးတစ်ယောက်ပါ။ သူဟာ YouTube နဲ့ Facebook တို့မှာ တစ်ပြိုနက်တည်း ဗီဒီယိုတွေကို တင်ခဲ့ပါတယ်။ ပထမ (၅) လအတွင်းမှာတင် Facebook မှာ Like (၉) သောင်းကျော်ရရှိခဲ့ပြီး YouTube မှာ subscribers ပေါင်း (၁) သောင်းနီးပါး ရရှိခဲ့ပါတယ်။ အခုလက်ရှိမှာတော့ YouTube မှာ subscriber မှာ 43K ရှိလို့နေပါပြီ။

READ
ဖအေတစ်ခု,သားတစ်ခုဘဝမှာ ကြုံရာကျပန်းလုပ်ရင်း ဘွဲ့တစ်ခု ရယူနိုင်ခဲ့တဲ့ဖခင်
Fcaebook

ဗီဒီယိုတွေထဲ broken English နဲ့ ပြောခြင်းဟာ သူအင်္ဂလိပ်စာမတတ်လို့ မဟုတ်ဘဲ လူတိုင်းနားလည် သဘောပေါက်လွယ်ဖို့အတွက်နဲ့ ဟာသပုံစံပေါက်ဖို့အတွက် ပြောတာဖြစ်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့ဗီဒီယိုတွေမှာ အသံထွက်အလွဲလေးတွေကို အလွဲအတိုင်းသုံးထားတာကို သတိထားမိမှာပါ။ ဒါဟာလည်း အာရှသားတွေအတွက် အင်္ဂလိပ်လို မပီသခြင်းဟာ ရှက်စရာမဟုတ်ကြောင်း ပြသချင်တဲ့ ရည်ရွယ်ချက်တစ်ခုပါ။

Fcaebook

Epic Asian ရဲ့ movie review ဗီဒီယို နောက်ဆုံးမှာပါတဲ့ Moral of the story ကလည်း လူအများသိပ်ကိုစိတ်ဝင်စားတဲ့အပိုင်းလေးပါ။ ရုပ်ရှင်ပေါ်မူတည်ပြီး အပြင်လောကနဲ့စပ်ဆက်ကာ အမှန်တရားတွေကို ပြောပြလေ့ရှိပါတယ်။

Fcaebook

သူဟာ content creation အပိုင်းကို စိတ်ဝင်စားပြီး ရုပ်ရှင်ချစ်သူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း သူကြိုက်နှစ်သက်တဲ့ အရာနှစ်ခုကို ပေါင်းစည်းကာ အနာဂတ်အသက်မွေးဝမ်းအကျာင်းအတွက် အထောက်အကူဖြစ်စေမယ့် ဒီလိုဗီဒီယိုတွေကို ရိုက်ကူးနေတာဖြစ်တာကြောင့် ဘယ်လိုပဲမကောင်းတဲ့ comment တွေ၊ စကားလုံးတွေနဲ့ တိုက်ခိုက်တိုက်ခိုက် ခေါင်းထဲမတည့်ထားပါဘူးတဲ့။

READ
အမေရိကန်တစ်နိုင်ငံလုံးပတ်ပြီး စစ်ပြန်ကြီးတွေကို အကူအညီပေးနေတဲ့ အမျိုးသား

Source: YouTube, Vulcan Post

Penny

 

SHARE