Netflix က ရိုက်ကူးမယ့် ဇာတ်အိမ်အသစ်နဲ့ Resident Evil စီးရီးအကြောင်း

Resident Evil

၂၀၀၂ ခုနှစ်တုန်းက Milla Jovovich နဲ့ စတင်ခဲ့တဲ့ Resident Evil ဇာတ်လမ်းတွဲတွေကတော့ ကျွန်တော်တို့လို ရုပ်ရှင်ချစ်ပရိတ်သတ်တွေကြားထဲ မကြိုက်သူမရှိသလောက်ပါပဲ။ စစချင်း Resident Evil ရယ်လို့ ဖြစ်ခဲ့တာကတော့ ၁၉၉၆ ခုနှစ်တုန်းက PlayStation game တစ်ခုအနေနဲ့ပါပဲ။ နောက်မှ လူကြိုက်များလာတဲ့အတွက် Alice ဆိုတဲ့ ဇာတ်ကောင်နဲ့ ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်လာခဲ့ပါတော့တယ်။

Resident Evil

Milla Jovovich ရဲ့ Resident Evil ကတော့ လက်တလော ၆ ကားမြောက်မှာတင် ရပ်နေခဲ့ပါပြီ။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လတုန်းကတော့ Netflix ဖက်က Resident Evil ကို live-action အဖြစ် ပြန်ရိုက်တော့မယ်ဆိုပြီး တရားဝင်ထုတ်ပြောလာခဲ့ပါတယ်။ အဲဒီတုန်းက စီတောင် မစီစဉ်ရသေးတာကြောင့် ဘယ်လိုပုံစံဖြစ်မလဲဆိုတာ မသိခဲ့ကြရပါဘူး။

READ
October လထဲ ဘာရုပ်ရှင်တွေထွက်လာဖို့ရှိလဲ၊ ဘယ်ကားတွေကိုသွားကြည့်သင့်လဲ
Resident Evil

(၁) အခု Trini Kid ရဲ့ ဖော်ပြချက်အရ Resident Evil live-action ဟာ စီးရီးဖြစ်မှာလို့ သိခဲ့ရပါတယ်။ အရင် Milla Jovovich ရဲ့ Resident Evil တုန်းက ကားတိုင်း Racoon City မှာပဲ Umbrella ရဲ့ ဇာတ်ရှုပ်တွေကို ဇာတ်အိမ်တည်ထားခဲ့ပေမယ့် အခု Netflix မှာကတော့ လုံးဝပြောင်းလဲသွားမှာပါ။ ဇာတ်အိမ်ဟာ Racoon City မဟုတ်တော့ဘဲ အနားမှာရှိတဲ့ တခြားမြို့လေးမှာပါတဲ့။

(၂) Game နဲ့ အရင်စီးရီးတွေ၊ animation တွေထဲ မပါဝင်တဲ့ ဇာတ်ကောင်အသစ်တွေကိုလည်း မိတ်ဆက်ပါဦးမယ်တဲ့။ ဒါပေမဲ့ ပြဿနာ အရင်းအမြစ်ကတော့ Umbrella Corporation ပဲ ဖြစ်နေဦးမှာပါ။

READ
ကြည့်လိုက်တာနဲ့ ရင်ထဲတလှပ်လှပ်ဖြစ်သွားစေမယ့် ဓာတ်ပုံများ
Resident Evil

(၃) ဇာတ်လမ်းကျောရိုးကို သိရသလောက်ကတော့ ၁၉၇၈ ခုနှစ်မှာ T-virus ပြန့်ပြီးနောက် ၂၆ နှစ်အကြာ ၊ ဇာတ်လမ်းထဲမှာတော့ ၂၀၀၄ ခုနှစ် ပတ်ဝန်းကျင်လောက်ကို ဇာတ်အိမ်တည်ထားမှာ ဖြစ်မှာပါ။

(၄) ရိုက်ကွင်းကိုတော့ ဒီနှစ်ရဲ့ အစောဆုံး ဇူလိုင်၊ နောက်ကျဆုံး အောက်တိုဘာလလောက်မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး တကယ့်ရိုက်ကွင်းနေရာကိုတော့ တောင်အာဖရိကကို ရွေးချယ်ထားပါတယ်။ ပထမဆုံး Season မှာတော့ အပိုင်း (၈) ပိုင်းပါဝင်သွားမှာပါ။

(၅) ရုပ်ရှင်ထွက်မယ့်ရက်ကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။

Resident Evil

Penny

SHARE