ဆင်းရဲသူ နဲ့ ချမ်းသာသူတွေကြားမှာ ကွဲပြားခြားနားနေတဲ့ အချက် ၁၀ ချက်

Image by Niek Verlaan from Pixabay

ကမ္ဘာပေါ်မှာလက်ရှိ အချမ်းသာဆုံး ဘီလီယံနာ ၂၆ ယောက်ရဲ့ ပိုင်ဆိုင်မှုက ကမ္ဘာ့လူဦးရေ ရဲ့ အဆင်းရဲဆုံး လူတန်းစားဦးရေ ၃.၈ ဘီလီယံ ရဲ့ပိုင်ဆိုင်မှုနဲ့ တန်းတူဖြစ်နေပါတယ်။ တွေးကြည့်လိုက်ရင်ဒါက တရားမမျှတဘူးလို့ထင်ရပေမယ့် နောက်ကွယ်မှာဒီလိုဖြစ်ရတဲ့ အကြောင်းတရားတွေကတော့ ရှိနေပါတယ်။ ဒီ အကြောင်းအရာတွေကပဲ ချမ်းသာသူနဲ့ဆင်းရဲသူကိုခွဲခြားလိုက်တာပါ။ ဘယ်လိုအကြောင်းတရားတွေကြောင့် ဆင်းရဲသူနဲ့ ချမ်းသာသူတွေကို ကွဲပြားခြားနေတာလည်း ဆိုတော့ ……

၁။ အမြဲတမ်းပေးကမ်းလိုတဲ့စိတ် ရှိကြတယ်

ချမ်းသာသူတွေရဲ့ ၇၅ ရာခိုင်နှုန်းက သူတို့ရဲ့ အချိန်၊ ငွေကြေး နဲ့ အတွေ့အကြုံတွေကို ပရဟိတလုပ်ငန်းတွေမှာ အမြဲတမ်း ဝေမျှလေ့ရှိကြပါတယ်။ လောဘကြီးသူတွေကတော့ ပေးကမ်းရတာကို အရမ်းကြောက်တတ်ကြပါတယ်။ ချမ်းသာနေကြတဲ့လူတွေကတော့ လိုအပ်နေတဲ့လူတွေကိုကူညီဖို့အသင့်ရှိနေတဲ့ နှလုံးသားကိုပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။

Image by Niek Verlaan from Pixabay
၂။ တော်ရုံနဲ့ ငြင်းဆန်တာမျိုး ဘယ်တော့မှ မလုပ်ဘူး

ချမ်းသာနေတဲ့သူတွေဟာ အမြဲတမ်း idea အသစ်တွေကိုကြိုဆိုနေတတ်ကြပါတယ်။ လွယ်လွယ်နဲ့ No ပြောတတ်တဲ့သူမျိုးတွေမဟုတ်ကြပါဘူး။ တစ်ခုခုဆို အမြဲတမ်းစဉ်းစားတတ်ကြပြီး စွန့်စားရတာကိုသဘောကြတတ်သူတွေပါ။

READ
မိသားစုတွေ တစ်ယောက်နဲ့တစ်ယောက်စကားပြောချိန် လျော့နည်းသွားရတဲ့အကြောင်းရင်း
၃။ အတင်းပြောရမှာ ကြောက်တယ်

အတင်းပြောတာကို ကြောက်စရာတစ်ခုအနေနဲ့ ချမ်းသာသူတွေကသတ်မှတ်ကြပါတယ်။ အတင်းပြောတဲ့သူတွေကအမြဲတမ်း ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေတာကိုတွေ့ရပါတယ်။ လူတစ်ယောက်နဲ့အဆင်မပြေရင် အဲ့ဒီလူကိုတိုက်ရိုက်သွားပြောပြီးဖြေရှင်းလျုက်တာကအကောင်းဆုံးပါ။ အဲ့လိုမဟုတ်ပဲ သူများမကောင်းကြောင်းနောက်ကွယ်မှာပြောရင် ပြောလိုက်တဲ့သူရဲ့ စိတ်ဓာတ်ကိုလူတွေကရွံကြောက်တတ်ကြပါတယ်။

၎။ ဆုတောင်းတာထက် လက်တွေ့အကောင်အထည်ဖော်ဖို့ပဲ ကြိုးစားတယ်

ကံဆိုတာအလုပ်လို့ မှတ်ယူတဲ့သူတွေက ချမ်းသာကြတာပါပဲ။ဘဝမှာ ဆုတောင်းနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုဖြစ်ချင်တဲ့အရာကို ရအောင်ကြိုးစားတဲ့သူတွေပဲ ချမ်းသာကြပါတယ်။

Image by Free-Photos from Pixabay
၅။ လောင်းကစားမလုပ်ကြဘူး

ချမ်းသာတဲ့သူတွေကလောင်းကစားမလုပ်တတ်ကြပါဘူး။ လောင်းကစားဆိုတာ ဖြတ်လမ်းလို့ခံယူထားကြသူတွေပါ။ သူတို့တွေက မသေချာတဲ့အရာကိုလုပ်ဖို့ဝန်လေးတတ်ကြပြီး သေချာတဲ့အရာကိုပဲ စွန့်စားတတ်ကြပါတယ်။

၆။ စာဖတ်အားကောင်းကြတယ်

Bill Gates ကတစ်နှစ်ကို စာအုပ် ၅၀ ဖတ်ပြီး ဒီအမူအကျင့်ကသူ့ကိုကောင်းကျိုးတွေအများကြီးပေးကြောင်းပြောခဲ့ပါတယ်။ စာဖတ်တဲ့နေရာမှာလည်း တိုးတက်မှုပေးနိုင်တဲ့စာအုပ်တွေဖတ်ရှု့လေ့လာဖို့လိုမှာဖြစ်ပြီး ဖျော်ဖြေရေးစာအုပ်တွေကိုတော့တတ်နိုင်သလောက်လျော့ဖတ်သင့်ပါတယ်။

၇။ မကြွားဝါတတ်ကြဘူး

မပြည့်တဲ့အိုးဘောင်ဘင်ခတ် ဆိုတဲ့ မြန်မာစကားပုံအတိုင်းပါပဲ တကယ်ချမ်းသာတဲ့သူတွေက သိုသိုသိပ်သိပ်ပဲနေတတ်ကြပါတယ်။ သူတို့ကိုကြည့်လိုက်ရင်သာမန် အင်္ကျီ ကိုသာဝတ်ဆင်တတ်ကြပြီး ဈေးကြီးတဲ့ပစ္စည်းတွေသုံးလေ့မရှိကြပါဘူး။

READ
တက်တူးတွေကို မကြိုက်လို့ ဖျက်မယ်ဆို ဒါလေးတော့ သိထားသင့်.....
Image by rawpixel from Pixabay
၈။ နေ့တိုင်း အပြုံးနဲ့ စတင်တတ်ကြသူများ

အပြုံးဟာလူတစ်ယောက်ကိုသတိထားမိစေတဲ့ အမှတ်အသားတစ်ခုပါပဲ။ သူတို့ဟာသွားကိုလည်းအလွန်ဂရုစိုက်ကြပါတယ်။ ပြုံးလိုက်တဲ့အချိန်မှာသွားတွေကသန့်စင်နေပြီး ခံတွင်းအနံ့ကောင်းမှ ကိုယ့်အပြုံးကိုလူတွေကစွဲလမ်းနှစ်သက်ကြမှာပါ။

၉။ အကြွေးကို လွယ်လွယ်နဲ့မယူတတ်ကြ

ဆင်းရဲတဲ့သူအများစုက အကြွေးယူဖို့ဝန်မလေးတတ်ကြပါဘူး။ ကိုယ့်မှာမရှိသေးတဲ့ပိုက်ဆံကို သုံးစွဲလိုက်တာက ရေရှည်မှာဒုက္ခများစေပါတယ်။ ချမ်းသာသူတွေက ဘယ်တော့မှ အကြွေးကိုလွယ်လွယ်မယူတတ်ကြပါဘူး။

၁၀။ အသင်းအဖွဲ့စိတ်ဓာတ် ရှိကြတယ်

သင်တစ်ယောက်တည်းအောင်မြင်ဖို့ဆိုတာမလွယ်ပါဘူး။ လူတစ်ယောက်အနေနဲ့ အရာရာကိုသိနိုင်ဖို့ဆိုတာပိုပြီးခက်ခဲပါတယ်။ ချမ်းသာသူတွေကဒီအချက်ကိုကောင်းကောင်းနားလည်ကြပါတယ်။ သူတို့ကလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး လက်တွဲလုပ်ဆောင်တတ်ကြသူတွေပါ။ ကိုယ်တစ်ယောက်တည်းကောင်းစားချင်တဲ့သူတွေဟာချမ်းသာတဲ့သူဖြစ်မလာနိုင်ပါဘူး။

Lwin Min

SHARE