တော်ရုံ စိတ်ကူးမိမှာ မဟုတ်ပေမယ့် သင့် အသက်ကို ကယ်တင်ပေးနိုင်မယ့် အချက် (၆) ချက်

သင့် အနေနဲ့ ဘယ်လိုမှ ထင်ထားမှာ မဟုတ်တဲ့ အရေးအပေါ် အခြေအနေတွေမှာ အသက်အန္တရာယ်ကို ကယ်တင်ပေးနိုင်တဲ့အထိ အမှန်တကယ် အသုံးဝင်တဲ့ အိုင်ဒီယာကောင်း (၆) ခုကို ဖော်ပြပေးချင်ပါတယ်။

ရေချိုကို ကြိုတင် စုဆောင်းတတ်ပါစေ….
© quinntheislander / pixabay

သဘာဝ ဘေးအန္တရာယ်တွေထဲက တစ်ခုဖြစ်တဲ့ မုန်တိုင်းတိုက်ပြီးတဲ့ နောက်မှာဆို ရေချို ပြတ်တောက်တဲ့ ပြဿနာ အမြဲလိုလို ကြုံတွေ့ရလေ့ရှိပါတယ်။ ဒါကြောင့်  သတိပေးချက်ရပြီးတာနဲ့ အိမ်မှာ ရေသန့်ဘူးတွေ ကြိုဖြည့်တင်းထားတာဖြစ်စေ၊ သိုလှောင်စရာ ပီပါ၊ တိုင်ကီ၊ ကန်တွေထဲမှာ ဖြည့်ထားခြင်းဖြင့် ဒီအခက်အခဲကို ဖြေရှင်းနိုင်ပါတယ်။

သတိလစ်နေတဲ့ လူနဲ့တွေ့ရင်…
© Depositphotos.com

သတိလစ်နေတဲ့ သူတစ်ယောက်ကို တွေ့ပြီဆို ပုတ်နှိုးတာ၊ ရေနဲ့ တောက်ဖြန်းတာ၊ ခေါင်းပိုင်းကနေ ထူမတာမျိုးတွေ မလုပ်ရပါဘူး။ အကောင်းဆုံး လုပ်သင့်တာက သူတို့ရဲ့ ခြေထောက်ကို နှလုံးအထက် အမြင့်မှာ သတိပြန် မလည်လာခင်အထိ မြှောက်ထားပေးတာပါ။ ဒီလို ပင့်မြှောက်ထားပေးတဲ့အတွက် ဦးနှောက်ကို သွေးပြန်တဲ့ စီးရာမှာ ချော့မွေ့ပြီး အောက်စီဂျင်ကို ပြန်ရစေပါတယ်။ နောက်တစ်ခုက လူနာက ခါးပတ်တို့၊ ခါးစည်းတို့ ၀တ်ထားရင် ဖြေလျှော့ပေးပါ။ သတိကောင်းကောင်း ပြန်လည်လာတဲ့ အခါမှ သူတို့ကို ဖြည်းဖြည်းချင်း မထူပေးပါ။ ကော်ဖီတို့ ကဖိန်းဓာတ်ပါတဲ့ သောက်စရာတွေကိုလည်း သောက်ခွင့်မပေးပါနဲ့။

READ
အသက် (၃၅)နှစ်မှာ ငွေဘယ်လောက် စုထားမိရမယ်ဆိုတဲ့ အမြင်နဲ့ လူတွေရဲ့တုံ့ပြန်ပုံများ
ပေါ့သေးသေးမမှတ်နဲ့…
© unknown / imgur

အမျိုးသမီး လစဉ်သုံး ဂွမ်းကို ဒဏ်ရာကြီးကြီး၊ နက်နက်တွေကို စည်းထုပ်ဖို့ သုံးနိုင်ပါတယ်။ အသေအချာသန့်စင်ထားပြီး စုပ်ယူမှု အားကောင်းတဲ့ အတွက်ကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတိုင်းအတွက် အသုံးပြုနိုင်တယ်၊ ပိုးမွှားမ၀င်အောင်နဲ့ သွေးတိတ်ဖို့လည်း အသုံးချကာကွယ်နိုင်ပါတယ်။

ဒီလိုအကွက်လေးတွေရှိတယ်…

ကားအကြာကြီး မောင်းလာရင်း သင့်အနောက်မှာ ကားတစ်စီးက တောက်လျှောက်ပါလာနေတယ်လို့ ခံစားနေရရင် အကောင်းဆုံးက ညာဘက်ကို (၄) ကြိမ် ချိုးကွေးပါ။ ဒီလို လုပ်တဲ့အတွက် မူလ စထွက်လာတဲ့ နေရာကို ပြန်ရောက်မှာ ဖြစ်သလို အဲ့ဒီအချိန်ထိ လိုက်နေတဲ့ ကားက ပါလာနေတုန်းဆိုရင် သေချာပါပြီ တစ်ခုခုပဲ။ ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရင်တော့ အဓိက မိန်းလမ်းမကြီးတွေနဲ့ လူစည်းကားတဲ့နေရာတွေကို ရောက်နိုင်အောင်ကြိုးစားပါ။

ရှောင် ရှောင် ရှောင်….
© unknown / reddit

ဒီ အပြာရောင် အကွက်အကွက်တွေနဲ့ ရေဘ၀ဲကိုတွေ့ရင် သတိကြီးကြီးထားပါ။ အကောင် အရွယ်အစားက သိပ်သေးပေမယ့် ကမ္ဘာပေါ်မှာ ကြောက်ဖို့အကောင်းဆုံး ရေနေသတ္တ၀ါ တစ်ကောင်ပါပဲ။ ၄င်းရဲ့ အဆိပ်က လူ (၂၆) ယောက်လောက်ကို မိနစ်ပိုင်းအတွင်း သေစေနိုင်တယ်။ အကိုက်ခံရပြီး (၅-၁၀) မိနစ်အတွင်း သားကောင်ဟာ အာရုံခံစားမှုတွေ ကင်းမဲ့လာမယ်၊ ထုံထိုင်းလာပြီး အသက်ရှုကြပ်လာမှာဖြစ်တယ်။ ဂျက်မြွေရဲ့ အဆိပ်နဲ့ ဆင်တူရှိတယ်။ မအီမသာဖြစ်တာ အော့အန်တာကလည်း အဆိပ်ရဲ့ ထင်ရှားတဲ့ သက်ရောက်မှုပါပဲ။ ဒါကြောင့် ဒီလို လှလှလေးနဲ့ အကောင်းသေးသေး ရေဘ၀ဲကို တွေ့ရင် ရှောင်ရှားကြစေလိုပါတယ်။

READ
ဓါတ်ပုံတွေက ညွှန်ပြနေတဲ့ လူတွေရဲ့ဘ၀အဓိပ္ပါယ်အလင်္ကာများ
မြူးမြူးကြွကြွ သီချင်းများနဲ့ အန္တရာယ်…
© Depositphotos.com

ကားမောင်းနေတဲ့ အခါ သီချင်း နားမထောင်တဲ့သူ ရှိပါသလား။ သီချင်းနားမထောင်နဲ့လို့ ပြောချင်တာမဟုတ်ပေမယ့် ခုန်ရမယ့်၊ ၀ုန်းရမယ့် မြူးမြူးကြွကြွ မြူးဇစ်တွေကိုတော့ ရှောင်ပါ။ လေ့လာချက်တွေရဲ့ တွေ့ရှိချက်အရ မြူးကြွတဲ့ ဂီတတွေဟာ လူတွေရဲ့ နှလုံးခုန်နှုန်းတွေကို မြင့်တက်လာစေနိုင်ပြီး အာရုံတွေကို လမ်းပေါ်မှာထက် သီချင်းပေါ်ထားမိသွားတတ်လို့ အန္တရာယ်တွေ ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ် မကြိုက်တဲ့ ဂီတ အမျိုးအစားတွေကို နားထောင်တာလည်း မကောင်းပါဘူးတဲ့။ ကိုယ်မကြိုက်တာဆို ဘယ်လောက်ကောင်းကောင်း ကြိုက်မှာ မဟုတ်သလို လူမှာလည်း ဒေါသတွေ၊ စိတ်ပျက်မှုတွေ ဖြစ်ပေါ်တတ်ပြီး မဆင်မခြင်တွေပါ လုပ်မိသွားနိုင်ပါတယ်။ အကောင်းဆုံကတော့ လူတွေရဲ့ နှလုံးခုန်နှုန်နဲ့ ကိုက်ညီတဲ့ ဂီတတွေကို နားထောင်ပါ။ bpm (beat per minute) (၆၀-၈၀) ကြားမှာ သွားနေတဲ့မြူးဇစ်က အကောင်းဆုံးပဲလို့ လေ့လာချက်ကဖော်ပြထားပါတယ်။

Source: Brightside

Matthew (ShweMOM)
SHARE