ဆန်းကြယ်လှတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံများ

လူသားတွေရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေဟာ ဆန်းကြယ်ပါတယ်။ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲက ဆဲလ်တွေအကြောင်း အကုန်အစင် သိပါတယ်လို့ ယူဆရတဲ့ သိပ္ပံပညာရှင်တွေတောင် ပြီးခဲ့တဲ့လအနည်းငယ်ကမှ ကိုယ်ခံအားစနစ်ထဲမှာ ခန္ဓာအစိတ်အပိုင်းသစ်တစ်ခုကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ အောက်ဘက်မှာတော့ အံ့သြစရာအပြည့်နဲ့ ဖြစ်နေတဲ့ လူ့ခန္ဓာကိုယ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

© vadimrysev / depositphotos
  • လူသားတွေရဲ့ ကျောရိုးဟာ မနက်အိပ်ရာနိုးတဲ့အခါ နေ့လည်ခင်းအိပ်ရာက နိုးတာထက် တစ်လက်မပိုရှည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောရိုးမှာ ၄င်းကို အထောက်အပံ့ပေးနိုင်တဲ့ ဂျယ်လီလို အရာဝတ္ထုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ နေ့လည်ပိုင်းမှာတော့ ကျောရိုးဟာ ကမ္ဘာမြေဆွဲအားနဲ့ အခြားအားတွေရဲ့ ဖိအားဒဏ်ကြောင့် ကျောရိုးပိုတိုရတာ ဖြစ်ပါတယ်။
  • နှလုံးဟာ တစ်မိနစ်ကို အကြိမ်(၆၀) ကနေ အကြိမ်(၈၀) ကြား ခုန်နိုင်ပါတယ်။ တစ်နေ့ကို အကြိမ်(၁၀၀,၀၀၀) နဲ့ တစ်နှစ်ကို အကြိမ်ပေါင်း သန်း(၃၀) ခုန်နိုင်ပါတယ်။ အနှစ်(၇၀) ကျော်နဲ့ တွက်ကြည့်မယ်ဆိုရင်တော့ အကြိမ်ပေါင်း (၂.၅) သန်းနီးနီး ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ နှလုံးမှာ ခဏရပ်နားသွားတဲ့အချိန်လေးတွေလည်း ရှိပါသေးတယ်။
  • လူတစ်ယောက်ရဲ့ လက်ဗွေရာတွေဟာ တစ်ဦးနဲ့ တစ်ဦး လုံးဝမတူပါဘူး။ ဒီအတိုင်းပဲ လူတွေရဲ့ နားပုံစံဟာလည်း မတူကွဲပြားကြပါတယ်။ လူတစ်ယောက်ရဲ့ နားကို မှတ်ပြီး ဘယ်သူဘယ်ဝါဆိုတာ သတ်မှတ်နိုင်တဲ့ နည်းလမ်းတစ်ခုကို တီထွင်ရာမှာ သိပ္ပံပညာရှင်တွေဟာ (၉၉.၆) ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ အနာဂတ်ကာလမှာလည်း လူတွေဟာ နားကို ဖတ်တဲ့ စကန်နာရဲ့အကူအညီနဲ့ ဖုန်းတွေကို လော့ခ်ဖြေနိုင်မယ်လို့ သိရပါတယ်။
READ
နာမည်ကြီးလွန်းတဲ့သရဲမMary အကြောင်း တစ်စေ့တစ်စောင်း
© sciencepics / depositphotos
  • နာဆာသိပ္ပံပညာရှင်တွေက အာကာသထဲမှာ နှလုံးဟာ ကြွက်သားအလေးချိန်လျော့ပြီး လုံးသွားကာ ဆွဲအားသုံညဖြစ်နေတာကို တွေ့ခဲ့ပါတယ်။ ပုံတွေမှာတွေ့ရတဲ့အတိုင်းတော့ နှလုံးဟာ အာကာသထဲရောက်တဲ့အခါ (၉.၄) ရာခိုင်နှုန်း ပိုပြီး လုံးဝန်းသွားတာကို တွေ့ရပါတယ်။
  • နှလုံးဟာ လူတွေနားထောင်တဲ့ တေးဂီတသံတွေကို တုံ့ပြန်နိုင်ပါတယ်။ စည်းမျဉ်းအနေနဲ့ နှလုံးဟာ တစ်မိနစ်ကို အကြိမ်ရေ (၆၀) ကနေ (၂၀၀) တွင်း ခုန်နိုင်ပါတယ်။ ဂီတသံတွေရဲ့ အနှေးအမြန်ပေါ်မူတည်ပြီး နှလုံးခုန်တွေသံတွေဟာ တစ်မိနစ်ကို အကြိမ်ရေ (၁၂၀) ကနေ (၁၃၀) ကြား ရှိနိုင်ပါတယ်။
© decade3d / depositphotos
  • ဂက်စထရစ်အက်ဆစ်ဟာ ပြင်းလွန်းတဲ့အတွက် အစာအိမ်က အစာတွေကို ကောင်းမွန်စွာ ခြေဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ဟာ (၃-၄) ရက်ကိုတစ်ကြိမ် သူ့ရဲ့ အတွင်းပိုင်းအလွှာကို ပြန်ပြီး အသစ်ပြုပြင်ပါတယ်။ ဂက်စထရစ်အက်ဆစ်ဟာ သင်တုန်းဓားကိုတောင် ပျော်ဝင်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် အစာအိမ်ထဲမှာ ၄င်းအက်ဆစ်တွေ အရမ်းများလာတဲ့အခါ အစာအိမ်နာဖြစ်နိုင်ပါတယ်။
  • လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ အမှောင်ထဲမှာ တောက်ပပါတယ်။ ဒါပေမယ့် လူတွေ မမြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်က ထွက်တဲ့အလင်းကို မျက်လုံးက အာရုံမခံနိုင်တာကြောင့် ဖြစ်ပါတယ်။
READ
အောင်မြင်သူတွေဘယ်တော့မှ လုပ်လေ့မရှိတဲ့အရာ(၈)ခု
© Louis Hansel / unsplash
  • ဟင်းတွေရဲ့ အပူချိန်ဟာ လူသားတွေရဲ့ အရသာခံနိုင်စွမ်းကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဟင်းက ပူနေတဲ့ အခါမျိုးမှာ အချဉ်အရသာဟာ ပိုမိုထင်ရှားပြီး ဟင်းက အေးသွားတဲ့အခါမှာတော့ အခါးအရသာက ပိုပေါ်လွင်ပါတယ်။ လူသားတွေရဲ့ အရသာခံနိုင်စွမ်းဟာ အပူချိန်(၆၅) ဒီဂရီဖာရင်ဟိုက်ကနေ (၉၅) ဒီဂရီဖာရင်ဟိုက်ကြား အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီပူပူတစ်ခွက်ဟာ သာမန်သင့်တင့်တဲ့ အပူချိန်မှာရှိနေတဲ့ ကော်ဖီထက် အခါးပိုလျော့တာ ဖြစ်ပါတယ်။
  • (၂၀၁၀) ခုနှစ်မှာ အီမိုရီတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ကြွက်တွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ မျိုးဗီဇတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ မျိုးဗီဇကို ခြေဖျက်လိုက်တဲ့အခါ ကြွက်တွေဟာ ဥာဏ်ရည်ပိုထက်လာတာကို တွေ့ရပါတယ်။ ဒီလို မျိုးဗီဇမျိုးဟာ လူတွေမှာလည်း ရှိပုံရပါတယ်။ ဒါပေမယ့် အဲဒီဗီဇကို လူတွေဆီက ခြေဖျက်လိုက်ရင် မကောင်းတဲ့ အကျိုးသက်ရောက်မှုရှိ၊ မရှိ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒီဗီဇကိုတော့ ‘Homer Simpson gene’ လို့ သိကြပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE