ကမ္ဘာလောကကြီးအကြောင်း အမြင်ပိုပွင့်လင်းသွားစေမယ့် တွေ့ရှိချက်များ

ကမ္ဘာလောကကြီးဟာ ရှု့ပ်ထွေးလှသလို သိစရာ လေ့လာမှတ်သားစရာတွေကလည်း အများကြီးပါ။ တစ်ခါတစ်ရံမှာ ကိုယ်မသိဖူး၊ မကြားဖူးတဲ့ ဖြစ်ရပ်တွေ၊ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ သိရကြားရတဲ့အခါ အံ့သြရစေတာတွေလည်း ရှိပါတယ်။ အောက်ဘက်မှာတော့ တော်ရုံလူတွေ သိရှိဖို့ခဲယဉ်းပြီး သတိသိပ်မထားမိတဲ့ အချက်လေးတွေကို Brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အပြာရောင်အသားအရည်နဲ့ လူသား

အပြာရောင် အသားအရည်နဲ့ လူသားတွေကို ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာတင် တွေ့နိုင်တာမဟုတ်ပါဘူး။ အမေရိကန် ကန်တက်ကီပြည်နယ်မှာဆိုရင် အပြာရောင်အသားအရည်နဲ့လူတွေ နေထိုင်ကြတယ်လို့ သိရပါတယ်။ ကန်တက်ကီက Fugates မိသားစုဆိုရင် ရှားပါးတဲ့မျိုးဗီဇရောဂါတစ်မျိုးဖြစ်တဲ့ methemoglobinemia ကြောင့် ပြာနှမ်းနှမ်း အသားအရည်ကို ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

ရူးဘစ်ကုဗတုံးကို တီထွင်သူ အာနိုရူးဘစ်

ဗိသုကာပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ အာနိုရူးဗစ်ဟာ ရူးဘစ်ကုဗတုံးကို သင်ထောက်ကူပစ္စည်းတစ်မျိုးအနေနဲ့ တီထွင်ခဲ့ပြီး သူ့တီထွင်မှုဟာ အောင်မြင်ခဲ့ပါတယ်။  အာနိုရူးဘစ်ဟာ သူထွင်ထားခဲ့တဲ့ ကုဗတုံးကို အားလုံးအရောင်တွေကိုက်ပြီး ဘက်ညီအောင် ဖြေရှင်းဖို့ ကြိုးစားရာမှာ အချိန်တစ်လကျော်ကြာခဲ့တယ်လို့ သိရပါတယ်။

ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်ရဲ့ ထူးခြားတဲ့ မှတ်တမ်းစံချိန်

 

ကမ္ဘာတစ်ဝန်းက ထူးထူးခြားခြား ဗဟုသုတကို စိတ်ဝင်စားသူတိုင်းလိုလိုဟာ ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ကို နှစ်သက်ကြပါတယ်။ နှစ်သက်လွန်းကြလို့လည်း မကြာခဏ ခိုးယူတတ်ကြတာကြောင့် ကမ္ဘာပေါ်က စာကြည့်တိုက်တွေမှာ ခိုးယူချင်း ခံရမှု အများစာအုပ်အဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်ဟာ သူကိုယ်တိုင် စံချိန်ထူးတစ်ခုကို တင်ထားနိုင်ခဲ့ပါတယ်။

READ
ကမ္ဘာ့အမျိုးသားလူဦးရေ (၁၆)သန်းဟာ မွန်ဂိုဘုရင်ဂျင်ဂျစ်ခန် သွေးနှောကြောင်း သိရ

အသက်(၁၁)နှစ်သားလေး အမှတ်မထင် တီထွင်ဖန်တီးခဲ့တဲ့ ရေခဲချောင်း

 

(၁၉၀၅)ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့မှာနေတဲ့ အသက်(၁၁)နှစ်သား Frank Epperson ဆိုတဲ့ ကောင်လေးဟာ သကြားဆိုဒါနဲ့  ရေတွေရောထားတဲ့ခွက်ကို မသောက်ပဲ မေ့ပြီး အိပ်ပျော်သွားခဲ့ပါတယ်။ အဲ့ဒီညက ဆန်ဖရန်စစ်စကိုမြို့မှာ အအေးလွန်ပြီး နှင်းကျခဲ့တဲ့ ညတစ်ညပါ။ မနက်လင်းတော့ သကြားဆိုဒါနဲ့ ရေတွေဟာ ခဲနေပြီး Frank ဟာ သစ်သားချောင်းကို အသုံးပြုကာ စားကြည့်ခဲ့တဲ့ အချိန်မှာတော့ အရမ်းကို အရသာထူးနေတာကို သိလိုက်ရပါတယ်။ ၀မ်းနည်းဖို့ကောင်းတာတော့ Epperson ဟာ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို အသုံးချပြီး စီးပွားမရှာနိုင်ခဲ့တာပါ။

READ
သင့် အရေးမစိုက်ဘဲ မနေသင့်တဲ့ အိပ်မက် (၅) ချက် - အပိုင်း (၂)

ခြေချောင်းခြင်း နပန်းသတ်ခြင်း

တစ်ဖက်နဲ့ တစ်ဖက် ခြေချောင်းတွေကို အသုံးပြုပြီး ကစားရတဲ့ ခြေချောင်းနပန်းပွဲဟာ အိုလံပစ်ပွဲတော်တွေထဲမှာတော့ မပါဝင်ဘူး။ ဒီကစားနည်းဟာ လန်ဒန်မှာ နှစ်စဉ်ကျင်းပကြတဲ့ ကစားနည်းဖြစ်ပါတယ်။

နှာချေခြင်း

Pexels/Public Domain Pictures

လူတွေ အိပ်နေစဉ်မှာ ဦးနှောက်ဟာ အလိုအလျောက်တုံ့ပြန်နိုင်တဲ့ အာရုံကြောတွေကို ပိတ်ထားလိုက်ပါတယ်။ ဒါကြောင့် လူတွေဟာ အိပ်နေစဉ်မှာ နှာမချေနိုင်ပါဘူး။ တကယ်လို့ ဖုန်မှုန့်၊ ကြက်မွှေးနဲ့ တိရစ္ဆာန်အမွှေးတွေကြောင့် နှာချေဖို့ လိုအပ်တဲ့အခါ လူဟာ နိုးကိုနိုးလာပြီးမှ နှာချေနိုင်မှာ ဖြစ်ပါတယ်။

နာနတ်သီးနဲ့ ဆား

Pexels/Chay A.

ဆားဟာ နာနတ်သီးရဲ့ အရသာကို အချိုပိုကဲစေပါတယ်။ စားပွဲတင်ဆားဟာ အခါးအရသာရှိတဲ့ အစားအသောက်တွေရဲ့ အခါးဓာတ်ကို လျော့ကျစေပါတယ်။ ဒါကြောင့် နာနတ်သီးကို ဆားနဲ့စားတဲ့အခါ နာနတ်သီးရဲ့ အခါးဓာတ်ဟာ လျော့သွားပြီး ဦးနှောက်ကို ချိုတယ်ဆိုတဲ့ အသိ ပို့လွှတ်ပေးတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE