ကိုယ်ကိုယ်တိုင် စိတ်ဖိစီးနေမှန်းမသိဘဲ တကယ်စိတ်ဖိစီးနေတဲ့ လက္ခဏာ (၇) ချက်

shutterstock

လူသားတွေရဲ့ခန္ဓာကိုယ် ဖွဲ့စည်းဖြစ်ပျက်မှုတွေဟာ သိပ်ကို ဆန်းကြယ်လွန်းပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှုရှိနေတယ်လို ထင်တဲ့အခါမျိုးကျမဟုတ်ဘဲ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွရှိနေတဲ့ ကာလမျိုးတွေမှာကျ ကိုယ့်ရဲ့အတွင်းစိတ်ထဲ တကယ်ပင်ပန်းပြီး စိတ်ဖိဆီးမှုကို အရမ်းခံစားနေရတဲ့ အခိုက်အတံ့မျိုးတွေရှိပါတယ်။ ရောဂါတစ်ခုဖြစ်ပြီဆိုရင် ပျောက်ကင်းအောင် ကုသဖို့ကလွယ်ကူပေမယ့် ဖြစ်မှန်းအောင်မသိဘူးဆိုရင်တော့ ကုသဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် silent stress ခံစားနေရတယ်ဆိုတာကို သိသာစေမယ့် လက္ခဏာအချက် (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ယားဖုတွေတသီကြီးထွက်ခြင်း

Allergic ဖြစ်တာလား၊ အင်ပြင်ထတာလားဆိုပြီး ထင်ရပေမယ့် တကယ်တမ်းတော့ ဒါဟာ silent stress ဖြစ်နေပြီဆိုတဲ့ လက္ခဏာပါပဲ။ နီတဲ့အရောင်ရှိပြီး အဖုတွေဟာ ယားယံနေမယ်၊ ဟိုတစ်ဖု ဒီတစ်ဖုမဟုတ်ဘဲ လက်ဆိုလက်၊ ကျောဆိုကျော တစ်နေရာထဲမှာပဲ ရက်အနည်းငယ်ကြာအောင် ထွက်လာတတ်ပါတယ်။ လိုတာထက်ပိုပြီး ခန္ဓာကိုယ်ကစိတ်ဖိဆီးမှုတွေကို ခံလာရတဲ့အခါ စစချင်းမှာတော့ ကိုယ်ခံအားကတိုက်ထုတ်ပေးပေမယ့် နောက်ပိုင်း မနိုင်တော့တဲ့အခါမှာ allergic reaction တစ်ခုအနေနဲ့ အဖုတွေထွက်လာတာပါ။ အေးတဲ့တဘက်နဲ့ ဖြစ်တဲ့နေရာကို ဖိထားလိုက်ရင် သက်သာစေပါတယ်။

READ
ဗိုက်ကလေးချပ်နေအောင် စားသင့်သောအစားအစာ(၅)မျိုး
shutterstock

(၂) အဆက်မပြတ်ခေါင်းမကြည်ခြင်း

နားထင်တွေ တဒိန်းဒိန်းဖြစ်ပြီး ခေါင်းကိုက်လာတာမျိုးဟာလည်း စိတ်ဖိဆီးတဲ့ လက္ခဏာတစ်ခုပါ။ စိတ်ဖိဆီးခြင်းကြောင့် ထုတ်လွှတ်လိုက်တဲ့ ဓာတ်တစ်မျိုးဟာ သင့်ရဲ့ဦးနှောက်မှာရှိတဲ့ နာဗ့်ကြောတွေ၊ သွေးကြောတွေကို သက်ရောက်စေတဲ့အတွက် ခေါင်းကိုက်တာကို ဖြစ်ပေါ်စေပါတယ်။ ဒီအပြင် သင်ဟာ အမြဲတမ်းလိုလို အိပ်ချင်နေပါလိမ့်မယ်။

shutterstock

(၃) အစာအိမ် gas ထခြင်း

အစာခြေအက်ဆစ်တွေကြောင့် ရင်ခေါင်းနေရာနဲ့ လည်မြိုမှာ မီးခဲနဲ့ ထိုးနေသလို တဆစ်ဆစ်နဲ့ ပူလောင်တဲ့ ခံစားမှုမျိုးကိုဖြစ်စေပါတယ်။ အစာလည်းစားမရ၊ ရေလည်းမြိုမရ အစွန်းဆုံဆုံး အသက်ရှူရတာတောင် ခက်ခဲနေတတ်ပါတယ်။ ဒီလက္ခဏာကိုပါ ခံစားရပြီဆိုရင်တော့ သင့်ရဲ့စိတ်ဖိဆီးမှုဟာ အမြင့်ဆုံးအထိ ရောက်ရှိနေပါပြီ။

shutterstock

(၄) မျက်နှာ break out ဖြစ်ခြင်း

ဝက်ခြံတွေထွက်ပြီး အသားအရေတွေ ခြောက်သွေ့ပြီး ကြမ်းလာမယ်ဆိုရင်တော့ စိတ်ဖိဆီးမှုကို လျော့ကျပစ်ဖို့ အချိန်ကျနေပါပြီ။ စိတ်ဖိဆီးမှုများတဲ့အခါ ခန္ဓာကိုယ်မှ လိုတာထက်ပိုတဲ့ ဟော်မုန်းတွေထုတ်ပေးပြီး မျက်နှာကို အဆီပိုထွက်စေတာကြောင့် အခုလို အဖြစ်မျိုးတွေ ကြုံတွေ့ရတာပါ။

READ
နောက်ကျမှအိပ်တတ်သူတွေဟာ အသက်တိုနိုင်ကြောင်း လေ့လာချက်သစ်တစ်ခုကဆို

 

shutterstock

(၅) ဆံပင်ကျွတ်ခြင်း

ဆံပင်တွေကျွတ်ပြီး အသစ်တွေပြန်ပေါက်တတ်တာ သဘာဝဖြစ်ပေမယ့် စိတ်ဖိဆီးမှုများနေတဲ့အခါမျိုးကျ ပုံမှန်ဆံပင်ကျွတ်နှုန်းထက်ပိုပြီးကို ကျွတ်တတ်ပါတယ်။ ဒီအပြင်ဦးရည်ပြားကိုလည်း မျက်နှာမှာလို အဆီပိုထွက်စေပါတယ်။

shutterstock

(၆) အစာစားချင်စိတ် မြင့်တက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းပြဿနာ

စိတ်ဖိဆီးမှုကြောင့် အစာစားချင်စိတ်ကို အလွန်အမင်းမြင့်တက်စေတဲ့အတွက် အဲဒီအချိန်စားမိလိုက်ပါက ကိုယ်အလေးချိန်တက်မှုဟာလည်း ပိုမိုမြင့်တက်စေပါတယ်။

shutterstock

(၇) စိတ်မကြည်ခြင်း

စိတ်ဖိဆီးခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ တော်တော်လေး ထိခိုက်စေပါတယ်။ အာရုံစူးစိုက်မှုတွေ၊ မှတ်ဥာဏ်ပြဿနာတွေ၊ စိုးရိမ်စိတ်မြင့်တက်တာတွေအပြင် စိတ်ဓာတ်ကျတာအထိပါဖြစ်နိုင်တယ်လို့ဆိုပါတယ်။

shutterstock

သင်ဟာ ဒီ (၇) ချက်ထဲက (၅) ချက်သာ ကိုက်ညီနေမယ်ဆိုရင်တော့ မသိစိတ်မှာ စိတ်ဖိဆီးမှုတွေ အရမ်းခံစားနေရပါပြီ။

Source: Reader’s Digest

Penny

 

 

 

 

SHARE