ထက်မြက်ပျော်ရွှင်သူတစ်ဦးဖြစ်လာစေဖို့ ငယ်ငယ်တည်းကသင်ထားသင့်တဲ့ ပညာရပ်များ

shutterstock

မိဘများအနေနဲ့ သားသမီးတွေကို စာကလွဲပြီး အခြားအာရုံစိုက်စရာ မလိုအပ်လောက်ပါဘူးဆိုပြီး ကျောင်းစာတွေကိုပဲ ဖိနှိပ်ပြီး လုပ်ခိုင်းတဲ့ခေတ်ကုန်နေပါပြီ။ ကျောင်းစာအပြင် အခြားသော activities တွေလည်း ရှိမှ၊ လုပ်ဖူးမှ၊ တတ်မြောက်ထားကာမှ အသက်အရွယ်ကြီးလာလို့ လူ့ဘောင်လောကထဲ ဝင်ရောက်တဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာလည်း တစ်ဗန်းသာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေပါတယ်။

ကလေးငယ်တွေဟာ ပူနေတဲ့ဖယောင်းနဲ့တူလို့ ဘယ်ပုံစံမဆိုသွင်းလို့ရပြီး သူတို့လေးတွေရဲ့ ဦးနှော်က်ကတော့ သင်သမျှလိုက်စုတ်ယူနိုင်စွမ်းရှိတဲ့ ရေမြှုပ်နဲ့တူပါတယ်။ ဒါကြောင့် ဘာသာစကားတို့၊ အားကစားနည်းတို့ကို ငယ်စဉ်ကတည်းက စနစ်တကျသင်ထားရတဲ့ကလေး ကြီးပြင်းသွားတဲ့လူဟာ အသက်ကြီးမှ ကောက်ခါငင်ခါသင်ယူရတဲ့လူထက် ပိုကျွမ်းကျင်နေပါတယ်။

ယုံကြည်မှုအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ လူကြီးတစ်ယောက်ဖြစ်စေရန် ကလေးများကို ငယ်စဉ်ကတည်းက ဘယ်လိုအရာတွေသင်ထားပေးသင့်တယ်ဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

(၁) ဒုတိယဘာသာစကား

ဒုတိယဘာသာစကားလို့ဆိုလိုက်တာနဲ့ အင်္ဂလိပ်စကားကို အများစုက တန်းမြင်မိကြမယ်ထင်ပါတယ်။ သို့ပေမယ့် ဒီနေရာမှာပြောချင်တာက ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ အင်္ဂလိပ်စကားဟာလည်း မိခင်ဘာသာစကားလိုမျိုး ထမင်းစားရေသောက်ကအစပြောတတ်ကြပါတယ်။ ဒီတော့ အင်္ဂလိပ်စာကိုတော့ ကျွမ်းကျင်အောင် သင်ပေးဖို့ဆိုတာ မပြောလည်းသိနေကြပါပြီ။ ဒါကြောင့် တရုတ်တို့၊ ဂျပန်တို့၊ ရုရှားတို့လိုမျိုး ကမ္ဘာပေါ်မှာသုံးများပြီး လူတိုင်းမသိတဲ့ ဘာသာစကားတစ်ခုခုကို အခြေခံလေးရအောင် အစပျိုးပေးသင့်ပါတယ်။ ဒီလိုသင်ယူခြင်းဖြင့် ဥာဏ်ရည်ပိုကောင်းခြင်းနဲ့ သင်ယူတတ်မြောက်လွယ်ခြင်း အကျိုးကျေးဇူးကိုလည်း ရရှိစေပါတယ်။

READ
"မိန်းမရှိခိုး သွားမကျိုး" ဆောင်ပုဒ်ကို လိုက်နာသူတွေရဲ့ ကောင်းကျိုးများ
shutterstock
(၂) ရေကူးနည်း

အားကစားတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် သေရေးရှင်ရေးအနေနဲ့ပဲဖြစ်ဖြစ် ရေကူးကိုကူးတတ်သင့်ပါတယ်။ ရေကူးခြင်းကြောင့် ကလေးငယ်များရဲ့ ကိုယ်ခံအား၊ အမောခံနိုင်မှုတို့ပိုမြင့်တက်စေကာ ကျန်းမာရေးလည်း ကောင်းစေပါတယ်။ ဖွံ့ဖြိုးနေတဲ့အချိန်မို့လို့ အရပ်လည်းရှည်စေပါတယ်။ ဒီအပြင် စက်ဘီးစီးသင်ခြင်း၊ ဘတ်စကတ်ဘော၊ ဘောလုံးတို့လိုမျိုး ကျောင်းပွဲတွေမှာ အသုံးဝင်စေတဲ့ အားကစားတွေကိုလည်း သင်ထားပေးသင့်ပါတယ်။

shutterstock
(၃) တူရိယာတစ်မျိုးမျိုး တီးတတ်အောင်သင်ပေးခြင်း

ဘက်စုံထူးချွန်ဖို့လို့တော့ မဆိုလိုပေမယ့် အရာရာတိုင်းကို သိတယ်ဆိုပြီး တီးမိခေါက်မိအောင် ဂီတတူရီယာတစ်ခုခုကိုလည်း သင်ယူသင့်ပါတယ်။ တယော၊ စန္ဒယား၊ ပီယာနို၊ ဂီတာ စတဲ့ တူရိယာတွေကို ကလေးဘဝကတည်းက သင်ထားမယ်ဆိုပါက ကျောင်းပွဲတွေနဲ့ အသက်ကြီးလာလို့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း နာမည်ကောင်းရနိုင်သလို စိတ်ဖိဆီးတဲ့အခါတွေမှာလည်း တူရိယာတစ်ခုခုတီးမှုတ်ပြီး ဖြေဖျောက်လို့ရနိုင်ပါတယ်။ ဂီတကိုသင်ယူခြင်းဖြင့် တီထွင်ဥာဏ်ကောင်းစေပြီး ပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုထိရောက်စေပါတယ်။

shutterstock
(၄) ကမ္ဘာကြီးကို မြတ်နိုးတတ်ခြင်း

အာရှနိုင်ငံတော်တော်များများအတွက် ဒီကိစ္စကြီးဟာ အပိုအလုပ်တွေလို့ ထင်မြင်နေကြပေမယ့် သိကြတဲ့အတိုင်း လူတွေကြောင့်ကမ္ဘာကြီးရဲ့ကျန်းမာရေးဟာ တစ်နေ့ထက်တစ်နေ့ ယုတ်လျော့လာပါပြီ။ နောင်မျိုးဆက်သစ်တွေကမှ ကမ္ဘာကြီးကို မမြတ်နိုးဘူး၊ မထိန်းသိမ်းဘူးဆိုရင် ပျက်ဆီးမယ့်အချိန်ထက် ပိုစောစောပြီးယိုယွင်းလာပါလိမ့်မယ်။ ဒါကြောင့် အပိုအလုပ်တွေဆိုပြီး ထင်မြင်နေတဲ့ အတွေးတွေကို လျစ်လျူရှုပြီး ကိုယ်ကိုယ်တိုင်ရော ကလေးငယ်တွေကိုရောပါ ပတ်ဝန်းကျင်ထိန်းသိမ်းနည်းအကြောင်းတွေ သင်ပေးထားဖို့ လိုအပ်ပါတယ်။

READ
လက်ရှိမော်ဒန်ခေတ်ရဲ့ ခါးသီးလှတဲ့အမှန်တရားတွေကိုဖော်ပြနေတဲ့ အနုပညာကားချပ်များ
shutterstock
(၅) အိမ်မှုကိစ္စ

အိမ်မှုကိစ္စတွေဖြစ်တဲ့ အဝတ်လျှော်၊ တံမြက်စီးလှည်း၊ သန့်ရှင်းရေး လုပ်၊ အဝတ်လှမ်း၊ ဟင်းချက် စတာတွေကို အန္တရာယ်မဖြစ်စေဘဲ ကလေးလေးတွေကို စမိတ်ဆက်ထားပေးသင့်ပါတယ်။ ရှေ့လျှောက်လူကြီးဖြစ်သွားမယ့် သူတို့လေးတွေရဲ့ ဘဝကိုလည်း ထောက်ပံ့မှုပေးနိုင်သလို မိဘနဲ့သားသမီးကြားက ရင်းနှီးမှုကိုလည်း ပိုတိုးစေပါတယ်။ ဖခင်တွေအနေနဲ့ကျတော့ ကားပြင်တာ၊ ကားရေဆေးတာ၊ မီးလုံးလဲတာ၊ စက်ပြင်တာ စတဲ့နေရာတွေမှာ မူလီလေး ကိုင်ခိုင်းတာပဲဖြစ်ဖြစ် ဝက်အူလှည့်ကြပ်ခိုင်းတာဖြစ်ဖြစ် အတူတူတွဲလုပ်ပေးသင့်ပါတယ်။ တော်တော်ရှုပ်တဲ့ကလေးဆိုပြီး ကိုယ်အလုပ်လုပ်နေတဲ့နေရာကနေ မောင်းထုတ်တာမျိုးတွေ မလုပ်သင့်တော့ပါဘူးနော်။

shutterstock

Source: Bright Side

Penny

SHARE