ခရီးသွားတာကို နှစ်သက်တဲ့သူတိုင်း မသွားချင်ဘူးလို့ တောင် မငြင်းချင်မိစေတဲ့ နေရာတစ်နေရာကတော့ Cappadocia ပဲ ဖြစ်ပါတယ်။ ဒီဒေသကတော့ သူ့ရဲ့ ပထဝီမြေနေရာကြောင့် စိတ်ဝင်စားခံရတာပဲ ဖြစ်ပါတယ်။ ပထဝီအခြေအနေကြောင့် အဲ့ဒီဒေသမှာတော့ ကျောက်သားကျောက်ဆောင်တွေအဆင့်ဆင့်မှာ အဆောက်အဦးတွေဆောက်ကြရပြီး ဒီပုံရိပ်က အကြည့်မလွှဲနိုင်လောက်အောင် လှပလွန်းလို့ ခရီးသွားတိုင်း နှစ်ခြိုက်ကြရတာ ဖြစ်ပါတယ်။
Cappadocia ကို သွားချင်တဲ့သူတွေအတွက် အခု ဖော်ပြမယ့်အကြောင်းတွေကို သိထားရင် ပိုပြီး သဘောကျစရာ ဖြစ်မိမှာပါ။
ဖြစ်တည်လာပုံ
Cappadocia ကတော့ မီးတောင်တွေ ပျက်သုန်းရာက ဖြစ်လာတဲ့ မြေမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မီးတောင်ရဲ့ ပြာတွေကနေ ကျောက်သား ကျောက်ချွန်တွေကို ဖြစ်ကျန်ခဲ့ပြီးတဲ့နောက် နှစ်တွေ ကြာလာတဲ့အခါမှာ ရေနဲ့ လေ တိုက်စားမှုကြောင့် ဖြစ်လာတဲ့ အခု လူတွေ နှစ်သက်နေတဲ့ လှပတဲ့ အချွန်အတက်တွေအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းကနေ လေးသန်း ခန့်မှာ မီးတောင်အကြီးအကျယ် ပေါက်ကွဲတာကြောင့် အခုလို လှပစွာ မြင်ရတာ ဖြစ်ပါတယ်။
တည်ရှိပုံ
Cappadocia မှာ ရှိနေတဲ့ မြို့တွေကတော့ မြေအောက်မှာ ရှိနေတာ များပါတယ်။ တစ်ချို့မြို့တွေဆိုရင် မြေအောက်လှိုဏ်ခေါင်းတွေကတဆင့် ဆက်သွယ်ထားကြပါတယ်။ ကျောက်သားတွေနဲ့ ဖွံ့စည်းထားကြပြီး ခရီးသွားတွေကို လည်ပတ်ခွင့် ပေးထားပါတယ်။
အမည်ဖြစ်ပေါ်လာပုံ
Cappadocia ဆိုတဲ့ အမည်ကတော့ ပါရှန်းစကားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ကတ်ပခ်တူခ ဖြစ်ပြီး အဓိပ္ပာယ်ကတော့ လှပတဲ့ မြင်းတွေရဲ့ မြေလို့ အဓိပ္ပာယ် ရပါတယ်။ ဒီဒေသမှာ အရင်ကတော့ မြင်းတွေကို အဓိက အသုံးပြုခဲ့ပြီး အခုလည်း အသုံးပြုနေကြဆဲပဲ ဖြစ်ပါတယ်။ ဒါက ခရီးသွားတွေကို တခြားသောခရီးတွေနဲ့ မတူညီတဲ့ ခံစားချက်တွေကို ပေးနိုင်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။
View this post on Instagram
ဘာတွေ အဓိက ခံစားကြည့်နိုင်မလဲ
ဒီဒေသမှာတော့ ဒေသရဲ့ အမှတ်အသား ဖြစ်နေတဲ့ ကျောက်သားကျောက်ဆိုင် အဆောက်အဦးတွေအပြင် မီးပုံနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို လိုက်ငေးကြည့်လို့လည်း ရပါတယ်။ မြင်းတွေနဲ့လည်း လည်ပတ်လို့ ရပါသေးတယ်။ ဒါ့အပြင် ကျောက်သားကနေ တည်ဆောက်ထားတဲ့ ဘုရားကျောင်း ၆၀၀ ကျော်လည်း အဲ့ဒီဒေသမှာ ရှိနေပါသေးတယ်။ ဂီတပွဲတော်တွေကိုလည်း ဒီ ကျောက်သား အဆောက်အအုံတွေထဲမှာ ကျင်းပလေ့ ရှိကြပါတယ်။
Kham