Sabrina Carpenter အကြောင်း သင်သိထားသင့်တဲ့ အချက်များ

Image ; Sabrina Carpenter 's IG

Sabrina Carpenter ကတော့ On My Way သီချင်းမှာ ft. အနေနဲ့ ပါဝင်သီဆိုထားတဲ့ အမေရိကန်အဆိုတော် မလေးပါ။အသံချိုချိုလေးနဲ့ ပရိသ တ်ရင် ထဲကို ရောက်လာခဲ့သူလေးပါ။တေးရေး၊ တေးဆို၊ သရုပ်ဆောင် ကောင်မေ လး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ Disney ချန်နယ်ရဲ့ “Girls Meets World” အစီအစဉ်မှာလည်း ပါဝင်ပြီး စတင်လူသိများခဲ့တာပါ။ ဒါပေမယ့် အမေရိကန်နိုင်ငံက ဆယ်ကျော်သက်မလေးတွေကြားမှာ Sabrina ရေပန်းစားေ နတာကတော့ သူမရဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကြောင့် မဟုတ်ပါဘူး။ အရမ်းမိုက်ပြီး လန်းလွန်းနေတဲ့ သူမရဲ့ ဖက်ရှင်ေ တွကြောင့်ပါ။လက်ရှိမှာတော့ သူမပါဝင်သီဆိုထားတဲ့ On My Way သီချင်းလေးက အရမ်းကို နာမည်ကြီးနေပါတယ်။

 

 

View this post on Instagram

 

on my way @alanwalkermusic @farrukoofficial out now ☁️ link in bio.

A post shared by Sabrina Carpenter (@sabrinacarpenter) on

#Bio

Image ; Sabrina Carpenter ‘s IG

Sabrina Annlynn Carpenter ကတော့ (၁၉၉၁)ခုနှစ် မေ (၁၁)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။အမေရိကန် အဆိုေ တာ် မင်းသမီးပါ။Carpenter ကိုတော့ အမေရိကန် Pennsylvania ပြည်နယ်၊Lehigh Valley မှာ မွေးခဲ့တာပါ။ သူမဟာ Miley Cyrus ရဲ့ The Next Miley Cyrus Project အဆိုပြိုင်ပွဲမှာ တတိယဆု ကို ရခဲ့တဲ့ သူပါ။

#Sabrina Carpenter ရဲ့ အနုပညာလှုပ်ရှားမှု

Image ; Sabrina Carpenter ‘s IG

The Goodwin Games မှာ Chloe Goodwin ရဲ့ ငယ်ဘ၀ နေရာကနေ သရုပ်ဆောင် ခဲ့ပါတယ်။ဒါ့အပြင် သူမ ဟာ Disney Channel series Girl Meets World မှာလည်း Maya Hart  အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူမဟာ Babysitting မှာလည်း Jenny Parker အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။Hollywood Records နဲ့  လက်မှတ်ရေးထိုးခဲ့ပါတယ်။

READ
မော်လ်ဒိုက်ကမ်းခြေမှာ စိတ်လွတ်ကိုယ်လွတ်အပန်းဖြေနေတဲ့ သင်ဇာဝင့်ကျော်

#ထွက်ရှိဖူးခဲ့တဲ့ အယ်ဘမ်များ

Image ; Sabrina Carpenter ‘s IG

အယ်ဘမ်သုံးခု ထွက်ရှိခဲ့ဖူးပါတယ်။ထွက်ရှိဖူးတဲ့ အယ်ဘမ်တွေကတော့ Eyes Wide Open (2015), Evolution (2016) နဲ့  Singular: Act I (2018) တို့ ပါ။သူမရဲ့ (၄)ခု မြောက် အယ်ဘမ် Singular: Act II ကိုတော့ ဇူလိုင် (၁၉) (၂၀၁၉)မှာ ထွက်ရှိသွားမှာပါ။

#ဆယ်ကျော်သက်တွေရဲ့ ဖက်ရှင် Queen

Image ; Sabrina Carpenter ‘s IG

အမေရိကန် ဆယ်ကျော်သက်တွေ ကြားမှာ သူမ နာမည်ကြီးရတဲ့ အဓိက အကြောင်းအရင်းက တော့ သူမရဲ့ က်ရှင်ေ တွ ကြောင့်ပါ။ဖက်ရှင်တွေဟာ ခေတ်ရှေ့ပြေးလွန်းပြီး အမေရိကန်က ဆယ်ကျော်သက်ကောင်မလေး တွေဟာ Sab rina ရဲ့ ဖက်ရှင်တွေကို တုပပြီး လိုက်ဝတ်တဲ့ အထိ ဖက်ရှင်ရေစီးကြောင်းကို ဦးဆောင်နိုင်ခဲ့တဲ့ သူပါ။Sabirna ရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ ထူးခြားချက်ကတော့ လူတန်းစားမရွေးဝယ်ယူနိုင်တဲ့ ဈေးနှုန်းသင့်တဲ့ အ၀တ်အစားတွေကိုပဲ ရွေးချယ်ဝတ်ဆင်တာပါ။ဈေးကြီးတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်တာရှားပါတယ်။

#သူမရဲ့ ပြင်ပရုပ်ရည်ပုံစံကို ဘယ်သူကြိုက်ကြိုက်၊မကြိုက်ကြိုက် ဂရုမစိုက်တတ်သူ

Image ; Sabrina Carpenter ‘s IG

ဖက်ရှင်တွေကိုလည်း သူမစိတ် ကြိုက် အဆန်းထွင်တတ်သူပါ။သူမကြိုက်တဲ့ စတိုင်တွေကို အမျိုးမျိုး စမ်းသပ်ဝတ် ဆင် တတ်တဲ့ သူပါ။တချို့ အနုပညာရှင်တွေ လို ကိုယ့်ရဲ့ ဘယ်ဖက်ရှင်၊ဘယ်လို ပုံစံကို Fan တွေ ကြိုက်ပါ့မလား ဆိုပြီး တွေး ပူတတ်တဲ့ သူတွေထဲမှာ Sabirna  မပါပါဘူး။” Fan တွေက ကျမကို အားပေးတယ်ဆိုတာ ကျမ ၀တ် သ မျှ အရာအားလုံးကို သူတို့ ကြိုက်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ။ ကျမ လုပ်တဲ့ အရာအားလုံး အတွက် သူတို့ ဘက်ကလည်း အပြည့်အ၀ ရိုးသားမှုရှိတယ်..” လို့ ပြောခဲ့ပါတယ်။

READ
Will Smith ရဲ့ သရုပ်ဆောင် သက်တမ်းတစ်လျှောက် အအောင်မြင်ဆုံး ဇာတ်ကောင် ၇ ခု

#Jonas Blue ရဲ့ အမာခံ Fan

Image ; Sabrina Carpenter ‘s IG

Sabrina Carpenter မှာလည်း သူမအရမ်းကို ကြိုက်တဲ့ အနုပညာရှင် တစ်ယောက်ရှိပါတယ်။အဲ့ဒါကတော့ EDM DJ-producer Jonas Blue  ပါ။သူမဟာ ငါးနှစ်လုံးလုံး Jonas ရဲ့ Big Fan ဖြစ်ခဲ့တာပါ။“Alien.” ဆိုတဲ့ သီချင်းမှာသူတို့နှစ်ယောက်  collaborate လုပ်ခဲ့ပါသေးတယ်။

#သူမရဲ့ အကြိုက်ဆုံးများ

Image ; Sabrina Carpenter ‘s IG

အကြိုက်ဆုံး အစားအစာကတော့ Mexican အစားအစာပါ။အချစ်ဆုံး တိရစ္ဆာန်က လင်းပိုင်၊ခွေးနဲ့ ကြောင်ပါ။ အကြိုက်ဆုံး မင်းသမီးတွေ ကတော့ Jennifer Lawrence, Lilly Collins  နဲ့ Emma Watson ပါ။

#နာမည်ကြီးတွေရဲ့ Tour တွေမှာ ပါဝင်ခဲ့ဖူး

Image ; Sabrina Carpenter ‘s IG

သူမဟာ နာမည်ကြီးအဆိုတော်တွေရဲ့ Tour တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။The Vamps, Ariana Grande  နဲ့ Lindsey Sterling တို့နဲ့ အတူ Tour မှာ ပါဝင်ခဲ့ဖူးတာပါ။

#ရခဲ့ဖူးတဲ့ ဆု

Image ; Sabrina Carpenter ‘s IG

သူမဟာ Radio Disney Music Awards ဆု နှစ်ဆု ရခဲ့ဖူးပါတယ်။တစ်ခုကတော့ (၂၀၁၅) တုန်းက ‘Best Crush Song’, Can’t Blame A Girl For Trying’  နဲ့ပါ။(၂၀၁၆)မှာတော့ ‘That’s My Jam’, Eyes Wide Open. နဲ့ ရခဲ့တာပါ။

#အချစ်ရေး

Image ; Sabrina Carpenter ‘s IG

Sabrina Carpenter ကတော့ အမေရိကန်သရုပ်ဆောင်မင်းသား Bradley Steven Perry နဲ့လည်း တွဲခဲ့ဖူးပါတယ်။(၂၀၁၄) မေ ကနေ (၂၀၁၅) သြဂုတ်အထိ တွဲခဲ့ဖူးတာပါ။ Amir Mitchell-Townes  နဲ့ကတော့ (၂၀၁၅) စက်တင်ဘာတုန်းက တွဲနေပြီလို့ သတင်းထွက်ဖူးပါတယ်။

Image ; Sabrina Carpenter ‘s IG

#Shwemom(Ref; wikipedia /sabrinacarpenterfanblog.)

SHARE