စကန်ဒီနေးဗီးယန်းနိုင်ငံတွေအကြောင်း သင်မသိသေးတဲ့ ထူးခြားချက်များ

alan jensen instagram/wifecarrying instagram

စကန်ဒီနေးဗီးယားနိုင်ငံတွေလို့ ဆိုလိုက်တာနဲ့ စာဖတ်သူတို့ဟာ ဘယ်လိုထူးခြားချက်တွေကိုများ ပြေးမြင်မိကြပါသလဲ။ အခုဖော်ပြပေးမယ့်အချက်တွေကတော့ အလှပဆုံး ရှုမျှော်ခင်းတွေရှိတဲ့အပြင် ကမ္ဘာ့နိုင်ငံအများစုနဲ့ မတူပဲ ငြိမ်းချမ်းလှတဲ့ စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့ အံ့သြဖွယ်အချက်တွေပဲ ဖြစ်ပါတယ်။

ဒိန်းမတ်

ဒိန်းမတ်မှာတော့ တောင်တွေမရှိပါဘူး။ ရှိတဲ့ အမြင့်ဆုံးတောင်ကုန်းရဲ့ အမြင့်ဟာ မီတာ(၁၇၀) မျှသာရှိပါတယ်။ တောင်အမည်ကတော့ Møllehøj ဖြစ်ပါတယ်။

အိုက်စ်လန်

https://www.instagram.com/p/BxFfAfal0J4/

အိုက်စ်လန်ကတော့ ကမ္ဘာမှာ ကိုကာကိုလာအများဆုံး သောက်သုံးတဲ့နိုင်ငံရယ်လို့ ကမ္ဘာ့မှတ်တမ်းတောင် ၀င်ထားပါတယ်။ အိုက်စ်လန်နိုင်ငံသားတွေက တောအုပ်တွေထဲမှာ နတ်သူငယ်တွေ၊ မှင်စာတွေ နေထိုင်ကြတယ်လို့ ယုံကြည်ကြပါတယ်။ လမ်းဖောက်ရင်တောင် သူတို့တွေရှိနေတယ်လို့ယူဆရတဲ့ နေရာတွေကို ရှောင်ကွင်းပြီး လမ်းဖောက်လေ့ရှိပါတယ်။

ဆွီဒင်

ဆွီဒင်မှာတော့ သမင်ဖြတ်ကူးသည် ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကို မကြာမကြာတွေ့ရတတ်ပါတယ်။ ဆွီဒင်ရောက်တဲ့ ခရီးသွားဧည့်သည်တိုင်းဟာ သမင်ဖြတ်ကူးသည် သတိပေးဆိုင်းဘုတ်တွေကို အမှတ်တရ အနေနဲ့ ခိုးယူလွန်းကြလို့လည်း မကြာခဏ ပြန်လည်တပ်ဆင်ရတယ်လို့ သိရပါတယ်။

ဖင်လန်

https://www.instagram.com/p/BkzQCZjn_9Z/

ဖင်လန်နိုင်ငံရဲ့ Sonkajärvi ဒေသမှာဆိုရင် နှစ်စဉ်ဂျူလိုင်လရောက်တဲ့အခါတိုင်း ထူးဆန်းတဲ့ အားကစားပွဲတော်ကို ဆင်နွှဲကြပါတယ်။ အဲဒါကတော့ အိမ်ထောင်ရှင်အမျိုးသားဖြစ်သူဟာ ဇနီးဖြစ်သူကို ထမ်းပိုးထားရင်းနဲ့ ပြိုင်ပွဲမှာ အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီး ပန်းဝင်အောင် ကြိုးစားရတာပါ။ ယှဉ်ပြိုင်မယ့် စုံတွဲမှာ ဇနီးသည်အမျိုးသမီးတွေဟာ အသက်(၁၇)နှစ်နဲ့ အထက်ရှိရမှာဖြစ်ပြီး အနည်းဆုံး(၁၀၈) ပေါင် ကိုယ်အလေးချိန်ရှိရပါမယ်။ အနိုင်ရရှိသူအမျိုးသားဟာ ၄င်းဇနီးသည်ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ညီမျှတဲ့ ဘီယာတွေကို ဆုအဖြစ်ရရှိမှာ ဖြစ်ပါတယ်။

READ
ကာတွန်းကမ္ဘာထဲ ရောက်သွားသလို ခံစားမိစေမယ့် ဆိုးလ်မြို့က ကော်ဖီဆိုင်

နော်ဝေ

နော်ဝေရဲ့ ၀င်ရိုးစွန်းညတွေမှာဆိုရင် တစ်နေ့ကို (၃) နာရီသာသာပဲ နေထွက်တဲ့ အရပ်ဒေသတွေ ရှိပါတယ်။

ဒိန်းမတ်

ဒိန်းမတ်မှာတော့ အသက်(၂၅) နှစ်မွေးနေ့ရောက်တဲ့အထိ အိမ်ထောင်လည်းမပြု၊ ရည်းစားလည်း မရှိသေးဘူးဆိုရင် သစ်ဂျပိုးခေါက်အမှုန့်တွေကို မွေးနေ့ရှင်အပေါ် ပက်ဖြန်းကြပါတယ်။ ဒီအစဉ်အလာဟာ အလယ်ခေတ်ကတည်းက စတင်ခဲ့တဲ့ ရိုးရာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဟင်းခတ်အမွှေးအကြိုင်တွေရောင်းတဲ့သူတွေဟာ အလုပ်သိပ်များလွန်းလို့ အိမ်ထောင်ပြုဖို့တောင် အချိန်မရှိပဲ အသက်ကြီးမှ အိမ်ထောင်ပြုကြရပါတယ်။ ဒါကြောင့် ဒိန်းမတ်မှာ သစ်ဂျပိုးခေါက်ရဲ့ရနံ့ကို လူလွတ်ဖြစ်ကြောင်း သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။

ဆွီဒင်

ဆွီဒင်နိုင်ငံ Malmö  မြို့မှာဆိုရင် လမ်းသွားတဲ့အခါ ဘေးဘီကြည့်ပြီး သတိထားသွားရပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းဘေးတွေမှာ လူတွေက ဆောက်ပေးထားတဲ့ ကြွက်အိမ်ကလေးတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ Malmö  ရောက်တဲ့အခါ အဆောက်အဦးတွေရဲ့ အောက်ခြေမှာ ကြွက်ကလေးတွေအတွက် ဒီဇိုင်းအမျိုးမျိုးနဲ့ ဆောက်ပေးထားတဲ့ ချစ်စရာကြွက်အိမ်လေးတွေကို တွေ့နိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE