မင်းသမီးချော Alia Bhatt အကြောင်း သင်မသိသေးတဲ့ အချက်(၆ ) ချက်

Image:IG/Alia Bhatt

Alia Bhatt ကတော့ ဘောလိဝုဒ်ဇာတ်ကားတွေကို ကြိုက်တဲ့ မင်းသမီးတွေ သိကြမှာပါ။သူမ ကတော့ အိန္ဒိယ အဆိုတော် မင်းသမီး ဖြစ်ပြီး ဗြိတိန် နိုင်ငံ သားကတ်ကို ကိုင်ဆောင်ထားသူပါ။အလှလေး Alia Bhatt နဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စား လောက်မယ့် အချက်လေးတွေကို  ဖော်ပြ ပေးချင်ပါတယ်။

(၁)Bio

Image:IG/Alia Bhatt

သူမကိုတော့ (၁၉၉၃)ခုနှစ် မတ် (၁၅)မှာ မွေးခဲု့တာပါ။အ ဖေ ကတော့ ဒါရိုက်တာ Mahesh Bhatt. ဖြစ်ပြီး သူမရဲ့ မေ မေ ကတော့  မင်းသမီးကြီး Soni Yazdan ပါ။Alia ရဲ့ အရပ်ကတော့ (၅)ပေ (၃) လက်မပါ။

(၂)အနုပညာဘ၀အစ

Image:IG/Alia Bhatt

Mumbai က  Jamnabai Narsee School (JNS) ကနေ ကျောင်းပြီးခဲ့တာပါ။သရုပ်ဆောင်အလုပ်ကိုပဲ စိတ်ဝ်စား ပြီး ပညာရေးကို စိတ်မ၀င်စားဘူးလို့ သူမက ပြောဖူးပါတယ်။သူမတို့ တစ်မျိုးလုံးက အနုပညာမျိုးရိုးတွေ ပါ။ အနုပညာ လောကထဲ ၀င်ရောက်လာပုံကတော့ အထူးပြောစရာ မလိုတော့ ပါ။Sangharsh (1999) ဆိုတဲ့ ဇာတ်ကားမှာ ကလေး သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ပါတယ်။ Student of the Year ဆိုတဲ့ ဇာတ်ကားကတော့ ခေါင်းဆောင် နေရာက သရုပ်ဆောင်ခွင့်ရတဲ့ သူမရဲ့ ပထမဆုံး ဇာတ်ကားပါ။

READ
“ဇာတိ​မြေ” ရိုက်ကွင်းမှာ တွေ့ရတဲ့ အောင်ရဲလင်းနဲ့ ဝတ်မှုံရွှေရည်

(၃)သူမရဲ့ နာမည်ကြီး ဇာတ်ကားတွေ..

Image:IG/Alia Bhatt

Student of the year ၊  Humpty Sharma Ki Dulhaniya ၊  2 States  ၊ Highway ၊  Kapoor and sons ၊  Udta Punjab  ၊ Dear Zindagi ၊ Badrinath Ki Dulhaniya  ၊ Gully Boy ၊ Raazi ဆိုတဲ့ ဇာတ်ကား တွေကတော့ သူမရဲ့ နာမည်ကြီးဇာတ်ကားတွေပါ။

(၄)သရုပ်ဆောင် အပြင် သူမ လုပ်တဲ့ တခြားအလုပ်တွေ

Image:IG/Alia Bhatt

Bhatt  ကတော့ သရုပ်ဆောင် အလုပ်အပြင် တခြား အလုပ်တွေကိုလဲ လုပ်ပါတယ်။အဲ့ဒါကတော့ အ၀တ်အစားနဲ့ အိတ်  တွေကို ရောင်းတဲ့ CoExist ဆိုတဲ့ clothing and handbags  line ပါ။ဒါ့အပြင် သီချင်းလည်း ဆိုပါတယ်။ရုပ်ရှင်သီချင်း (၆)ပုဒ်လောက်ကို ဆို ပေးခဲ့ဖူးပါတယ်။

READ
တတိယမြောက် ရင်သွေးလေးကို ဧပြီမှာ မွေးမယ့် Kate Middleton

(၅)သူမရဲ့ အောင်မြင်မှုတွေ…

Image:IG/Alia Bhatt

Alia Bhatt ရဲ့ အောင်မြင်မှု တွေကတော့ အံ့မခန်းပါ။သူမဟာ Filmfare Awards ဆု (၃)ဆု ရခဲ့ဖူးပါတယ်။သူမဟာ အိန္ဒိယရဲ့ ၀င်ငွေ အကောင်းဆုံး မင်းသမီးတွေထဲက တစ်ယောက်ပါ။Forbes India က ထုတ်ပြန်တဲ့ ဆယ်လီ အယောက် တစ်ရာ စာရင်းမှာ (၂၀၁၄)ခုနှစ်တည်းက ပါဝင်ခဲ့ဖူးပါတယ်။(၂၀၁၇)ခုနှစ်က Forbes Asia  ကနေ ထုတ်ပြန်တဲ့ အသက် (၃၀)အောက် အောင်မြင်တဲ့ အယောက် (၃၀)စာရင်းမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

(၆)ဆိုရှယ်မီဒီယာမှာပါ နာမည်ကြီးသူ

Alia Bhatt လည်း တခြားနာမည်ကြီး မင်းသမီးတွေလိုပဲ ဆိုရှယ်မီဒီယာ သုံးပါတယ်။သူမရဲ့ အကောင့်မှာဆိုရင် (19.12.2019) အထိ  တွေ့ရတဲ့ Follower အရေ အတွက်ကတော့ (၄၀.၈)သန်းရှိပါတယ်။

 

View this post on Instagram

 

A post shared by Alia ☀️ (@aliaabhatt) on

 

Ref:Wiki

SHARE