အာရှရဲ့အတိုးတက်ဆုံးနိုင်ငံ စင်္ကာပူအကြောင်း သင်သတိမထားမိနေတဲ့အချက် ၆ ချက်

Courtesy Singapore Tourism Board

နိုင်ငံတော်တော်များများက စင်္ကာပူဆိုရင် ပီကေမစားရတဲ့ နိုင်ငံ၊ စည်းကမ်းတင်းကြပ်လွန်းတဲ့ နိုင်ငံအဖြစ် လူသိများကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အသန့်ရှင်းဆုံး နိုင်ငံတွေထဲ ထိပ်ဆုံးက ရပ်တည်လျက်ရှိပြီး နိုင်ငံသားတွေရဲ့ စည်းကမ်းကိုပဲကြည့်မလား၊ မြို့ပြအခြေအနေကိုပဲကြည့်မလား၊ ပြောင်းလဲတိုးတက်မှုကိုပဲ ကြည့်မလား၊ ဘယ်နေရာကပဲကြည့်ကြည့် အာရှနိုင်ငံတော်တော်များများ အတုယူရတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုအဖြစ် ကမ္ဘာကအသိအမှတ်ပြုထားကြပါတယ်။ စင်္ကပူကို လူတိုင်းနီးပါးသိကြပမေယ့်လို့ သူနဲ့ပတ်သက်တဲ့ တချို့အချက်တွေကိုကျတော့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာမျိုးတွေ၊ မသိတာမျိုးတွေ ရှိနေလို့ အဲဒီအချက်လေးတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။

(၁) စင်္ကာပူဟာ ကျွန်းနိုင်ငံမဟုတ်ဘဲ ကျွန်းသေးပေါင်း ၆၃ ခုနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်။ ကျွန်းသေးလေးတွေတော်တော်များများက လူနေထိုင်ဖိွုှ့တွက် အသုံးမပြုဘဲ စစ်ဖက်ဆိုင်ရာစခန်းချတာမျိုးတွေအတွက် အစိုးရမှနဲ့ စက်ရုံတော်တော်များများတည်ဆောက်ကာ အသုံးပြုကြပါတယ်။ လည်ပတ်နိုင်တဲ့ အထင်ရှားဆုံးကျွန်းတွေကတော့ ကာစီနိုတည်ရှိပြီး Universal Studios ရှိတဲ့ ဆန်တိုဆာကျွန်း၊ သဘာဝတရားကို အပြည့်အဝခံစားနိင်မယ့် Chek Jawa ကျွန်းနဲ့ တောင်ပိုင်းမှာတည်ရှိနေတဲ့ St John’s, Kusu နဲ့ Kazarus ကျွန်းတို့ဟာလည်း သူတို့ရဲ့ ကမ်းခြေကြောင့် အသီးသီးထင်ရှားကြပါတယ်။

Courtesy Singapore Tourism Board

(၂) စင်္ကာပူဟာ ကျွန်းစုနိုင်ငံလေးဖြစ်ပြီး ဧရိယာအားဖြင့် တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နည်းလွန်းလှပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အရင်က ဧရိယာထက် ၂၅% ချဲ့လိုက်တဲ့အတွက် လက်ရှိဧရိယာဟာာ ၇၁၉ စတုရန်းကီလိုမီတာကျယ်ဝန်းလျက်ရိပါတယ်။ Marina Bay တို့ East Coast Park တို့ဟာဆိုရင် ထပ်မံချဲ့ထွင်လိုက်တဲ့ မြေအသစ်ပေါ်မှာ တည်ဆောက်ထားခဲ့ကြတာဖြစ်ပြီး အနာဂတ်မှာလည်း အခွင့်အရေးရရင်ရသလို ထပ်မံချဲ့ထွင်ဖို့ အစီအစဉ်ရှိနေပါတယ်။

READ
9/11အပါအဝင် တိုက်ဆိုင်စွာ မှန်ကန်ခဲ့သည့် ရှေ့ ဖြစ်ဟောကိန်းများ
Courtesy Singapore Tourism Board

(၃) မိုးကြိုးမြို့တော်လို့ သတ်မှတ်ရလောက်တဲ့အထိ မိုးကြိုးတွေ လျှပ်စီးတွေကို တစ်နှစ်လုံးစာ ၃၆၅ ရက်ရဲ့ ၁၆၈ ရက်လောက်က ခံစားနေရတာဖြစ်ပါတယ်။ အီကွေတာနဲ့ နီးကပ်လွန်းတဲ့ နိုင်ငံဖြစ်တဲ့အတွက် ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် မိုးကြိုးမုန်တိုင်းတွေဖြစ်ပေါ်ဖို့ ပြီးပြည့်စုံတဲ့ ရာသီဥတုလို့ ဆိုလို့ရနိုင်ပါတယ်။ နေ့လည်ပိုင်းတွေနဲ့ အချိန်ခဏပဲရွာသွန်းပြီး မိုးသည်းတဲ့အခြေအနေမှာဆို ပိုဖြစ်လေ့ရှီပါတယ်။

Courtesy Singapore Tourism Board

(၄) စင်္ကပူရဲ့ကျောင်းသုံးရုံးသုံးဘာသာစကားဟာ အင်္ဂလိပ်စကားဖြစ်ပေမယ့် တကယ့်မူရင်းဘာသာစကားကတော့ မလေးရှားပဲဖြစ်ပါတယ်။ ဗြိတိသျှတွေမကျူးကျော်ခင် ၁၈၁၉ မတိုင်ခင်တနုးက စင်္ကပူနိုင်ငံသားတိုင်းဟာ မလေးစကားကို အသုံးပြုခဲ့ကြပေမယ့် အခုနောက်ပိုင်းမျိုးဆက်တွေကတော့ အင်္ဂလိပ်၊ တရုတ်နဲ့ Singlish ဆိုတဲ့ အင်္ဂလိပ်နဲ့ မလေး-တရုတ်ပေါင်းထားတဲ့ စကားကိုသာ တွင်တွင်ကျယ်ကျယ်သုံးကြပါတော့တယ်။

Courtesy Singapore Tourism Board

(၅) ကမ္ဘာ့အမြင့်ဆုံးအရက်ဘားဆိုရင်တော့ စင်္ကာပူနိုင်ငံရဲ့ အမြင့်ပေ ၂၈၀ မှာ ဖွင့်ထားတဲ့ Altitude Bar ကို ညွှန်ပြရမှာဖြစ်ပြီး အမြင့်ဆုံး ဘီယာဆိုင်ဆိုရင်တော့ Marina Bay က Finacial Centre ရဲ့ ၃၃ ထပ်မှာဖွင့်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ရှိနေပါတယ်။ အဲဒီဘားနဲ့ဘီယာဆိုင်တွေကနေ တစ်မြို့လုံးရဲ့ ရှုခင်းတွေကို ပတ်ပတ်လည် ၃၆၀ဒီဂရီပြည့်အောင် ခံစားရမှာဖြစ်ပြီး အသွားသင့်ဆုံးအချိန်တွေကတော့ နေဝင်ချိန်နဲ့ အမှောင်လုံးဝကြီးစိုးသွားတဲ့ ညအချိန်တွေဖြစ်ပါတယ်။

READ
ရှေးဟောင်းသုတေသနပညာရှင်တွေတောင် အဖြေမထုတ်နိုင်သေးတဲ့ ရှာဖွေတွေ့ရှိမှု (၆)ခု
Courtesy Singapore Tourism Board

(၆) စင်္ကာပူရဲ့ Public Utilities Board ဌာနမှ recycle နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို အင်တိုက်အားတိုင်ဆောင်ရွက်နေပြီး အသုံးပြုပြီးသားရေတွေကိုပါ သန့်စင်ပြီး ပြန်လည်သုံးလို့ရအောင် ဆောင်ရွက်ခဲပါတယ်။ NEWater လို့ခေါ်ပြီး လူတွေအသုံးပြုပြီးသား နေရာအနှံ့မှ ရေတွေကို microfiltration, reverse osmosis , ultraviolet disinfection စတဲ့ စနစ်တွေအသုံးပြုကာ သန့်စင်အောင် စစ်ထုတ်ပြီး ဘုံဘိုင်ရေတွေအဖြစ် ပြန်လည်အသုံးပြုနေကြပြီဖြစ်ပါတယ်။ NEWater ဟာ တခြားသောက်ရေတွေထက်စာရင် ပိုပြီးတောင် သန့်စင်သေးတာမို့ သောက်သုံးဖို့အတွက်လည်း အထူးသင့်လျော်တယ်လို့သိရပါတယ်။ စင်္ကာပူဟာ မလေးရှားကနေ ၁၉၂၇ ခုနှစ်လောက်ကတည်းက သောက်သုံးရေကို အခပေးဝယ်ယူနေခဲ့တာပါ။

Courtesy Singapore Tourism Board

Source: Culture Trip

Penny

SHARE