ပြည်တွင်းဈေးကွက်မှာပျံ့နှံ့နေတဲ့ အန္တရာယ်ရှိစားသောက်ကုန်ပစ္စည်းအတုများ

unsplash/Victor Mui

ဒီလိုစားသောက်ကုန် အတုတွေ ပေါ်နေပြီဆိုတာ အားလုံးသိထားကြပေမယ့် အခုနောက်ပိုင်းမှာ အားလုံးသတိမေ့နေကြပါပြီ။ အစားအသောက်ဆိုတာ လူတွေအာဟာရဖြစ်ဖို့ စားသောက်ရပေမယ့် အခုလို အန္တရာယ်ရှိတဲ့ မျိုးဓာတုဗေဒပစ္စည်းတွေနဲ့ အစားအသောက်တွေကို အတုအပပြုလုပ်တဲ့အခါ ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးမှ မရနိုင်တာကြောင့် ကြည့်ရှောင်ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

ကလေးနို့မှုန့်

pixbay/Devanath & shijingsjgem

ကလေးနို့မှုန့်ကတော့ အများဆုံးတုပပြီး ပြုလုပ်နေတဲ့ စားသောက်ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ နို့မှုန့်ထဲက ပရိုတင်းဓာတ်ကို မြှင့်တင်ဖို့အတွက် မယ်လမင်ဓာတ်တွေကိုအဆမတန်ထည့်လေ့ရှိပါတယ်။ ဒီလိုနို့မှုန့်ကိုသောက်သုံးပြီး တရုတ်ပြည်မှ ကလေးပေါင်း (၅၃၀၀၀) လောက် နေထိုင်မကောင်းဖြစ်ကာ တချို့ကလေးတွေဆို ကျောက်ကပ်မှ ကျောက်များဖြစ်ပေါ်ကာ သေဆုံးသွားတာတွေတောင် ရှိခဲ့ပါတယ်။

ခေါက်ဆွဲ၊ ကြာဇံ

ခေါက်ဆွဲတို့ ကြာဇံတို့ဆိုတာ ဂျုံနဲ့လုပ်တာဖြစ်ပြီး သုံးတဲ့ဂျုံတွေဟာ တိရိစ္တာန်အစာကျွေးလို့ မရလောက်တဲ့အထိ မှိုတက်ပြီး ပုတ်သိုးနေတဲ့ ဂျုံတွေပါ။ နောက်ပြီး ကင်ဆာဖြစ်စေမယ့် ဓာတုဗေဓပစ္စည်းတွေဖြစ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်တွေနဲ့ပါ ရောပြီးပြုလုပ်ထားပါတယ်။ တရုတ်နိုင်ငံက မြို့နယ်တစ်နယ်ထဲမှာပဲ ခေါက်ဆွဲနဲ့ကြာဇံ အတုလုပ်တဲ့ စက်ရုံပေါင်း (၅၀) ကျော်လောက်ရှိပြီး စက်ရုံတွေ မမိခင်ကဆိုရင် တစ်နေ့ကို (၁.၁) မီလီယံ ပေါင် ပျမ်းမျှထုတ်လုပ်လေ့ရှိပါတယ်။

ပုစွန်

pixabay/Robert-Owen-Wahl

ပုစွန်တွေကို အကောင်ပိုကြီးသယောင် ထင်ရအောင်လို့ အခွံတွေထဲကို gelatin ထိုးသွင်းလေ့ရှိပါတယ်။ ဒါကြောင့်လည်း ရှိရင်းစွဲအလေးချိန်ထက် (၂၀) သို့မဟုတ် (၃၀) ရာခိုင်နှုန်းလောက် ပိုလေးသွားလေ့ရှိပါတယ်။

READ
မသမာသူလက်ချက်ကြောင့် HIV လူနာတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ ဖြစ်ရပ်

ဘဲသွေး

တကယ့်ဘဲသွေးအစစ်က ဈေးမြင့်တာကြောင့် ပိုဈေးသက်သာတဲ့ ကြက်သွေးတို့ ဝက်သွေးတို့ကို ဆိုးဆေးတွေရောပြီး ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ formaldehyde နဲ့ရောကာ ဘဲသွေးဆိုပြီး ရောင်းလေ့ရှိပါတယ်။

သောက်ရေ

unsplash/Brian Yurasits

သောက်ရေကတော့ ရေမှာအန္တရာယ်ရှိတာ မဟုတ်ဘဲ ရေထည့်တဲ့ဗူးက အန္တရာယ်ရှိနေတာပါ။ ဗူးမှာ E. coil လို့ ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးနဲ့ အန္တရာယ်ရှိတဲ့ မှိုတွေ စွဲကပ်လျက်ရှိပါတယ်။ ဒီလို ဗူးခွံတွေကို မသန့်ရှင်းဘဲ ပြန်သုံးတာဟာ သန့်ရှင်းရေးလုပ်ရမယ့် လုပ်ငန်းအတွက် ငွေအကုန်အကျ သက်သာစေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ တစ်နှစ်ကို အခုလို အန္တရာယ်ရှိတဲ့ ရေဗူးတွေဟာ ဗူးပေါင်း (၁၀၀) မီလီယံလောက် ရောင်းချရလေ့ရှိပါတယ်။

ဝိုင်အဖြူ

ပုလင်းတွေ ကြည့်လိုက်ရင်တော အကောင်းစားလို့ ထင်ရပေမယ့် ဝိုင်ဖျော်စပ်တဲ့အခါ အသုံးပြုထားတဲ့ အရက်နဲ့ပါဝင်ပစ္စည်းတွေကိုတော့ လုံးဝအပေါစားတွေ သုံးထားတာပါ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေက ပစ်ထားတဲ့ပုလင်းတွေကို ယူသုံးပြီး ထုတ်လုပ်လေ့ရှိပါတယ်။

သစ်ချသီး

သစ်ကြားသီးအခွံတွေထဲကို ကွန်ကရစ်နဲ့စက္ကူတွေနဲ့ရောထည့်ပြီး အခွံကို ကော်နဲ့ကပ်ပိတ်ကာ ဈေးကွက်မှာတင်ရောင်းခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိပါတယ်။

ဆန်

unsplash/Foto T

အာလူးနဲ့ ပလတ်စတစ်တွေကိုရောပြီး ဈေးကွက်မှာတင်ရောင်းလေ့ရှိပါတယ်။ သာမန်ထရုတ်ထမင်းစားတဲ့ ပန်းကန်လုံးလေးနဲ့ သုံးလုံးကုန်အောင် စားမယ်ဆိုရင် ပလတ်စတစ်အိတ် တစ်အိတ်ကို စားမိတာနဲ့ တူသောအကျိုးဖြစ်စေပါတယ်။ မချက်ခင်တော့ အတုအစစ်ခွဲရမှာ ခက်ပေမယ့် ချက်ပြီးတဲ့အခါ သာမန်ထက်ပိုပြီး သိသိသာသာ မာနေဦးမယ်ဆိုရင်တော့ သင့်ဆန်ဟာ အတုဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။

READ
ငှက်တစ်ကောင်နဲ့ တိုက်မိပြီး အရေးပေါ်ဆင်းသက်ခဲ့ရတဲ့လေယာဉ်

ထမင်းဝါးလိုက်တဲ့အခါ မာနေလို့ ကြည့်လိုက်တော့ ဆန်ဟာအတုဖြစ်နေပါတယ်တဲ့။ ဆန်အတုဆိုပေမယ့် ဒီဆန်ကတော့ စက္ကူလေးတွေကို ပုံပါအတိုင်းလိပ်ပြီး ပြုလုပ်ထားတာပါ။

အသားပေါက်စီ

အသားပေါက်စီထဲမှာပါတဲ့ အသားတွေဟာ အညိုရောင်ကတ်ထူ စက္ကူတွေကို ဓာတုဆေးတွေနဲ့ ပျော့အောင်လုပ်၊ နုတ်နုတ်စင်းကာ ဝက်အဆီတွေနဲ့ရောပြွန်းပြီး ပေါက်စီထဲအစာသွတ်ထားတတ်ပါတယ်။

ဈေးကအသားတွေရဲ့ အများစုဟာ ကြွက်သားတွေဖြစ်

ကြက်သာ၊ ဘဲသား အထူးသဖြင့် အမဲသားတို့အစား ကြွက်သားတွေကို အသုံးပြုပြီး ရောင်းလေ့ရှိပါတယ်။ အလေးချိန်ပိုစီးနေအောင်ကိုလည်း ဓာတုဆေးတွေနဲ့ ထိုးထားလေ့ရှိပါတယ်။

ကြက်ဥ

ကမ္ဘာကို အကြီးအကျယ် ဂျင်းထည့်ခဲ့တဲ့အထဲမှာ ကြက်ဥအတုတွေလည်း ပါ,ပါတယ်။ အစေးရည်၊ ကော်ဖြူမှုန့်၊ ခဲနဲ့ အရောင်ဆိုးဆေးတွေကို အသုံးပြုပြီးတော့ ကြက်ဥ အကာကိုပြုလုပ်ပြီး ဆိုဒီယမ် အယ်လ်ဂျီနိတ်၊ အညိုရောင်ရှိတဲ့ရေညှိကိုတော့ အကြွင်းအကျန်တွေရယ်ကတော့ ပြစ်အောင်လုပ်ဖို့အတွက် သုံးပါတယ်။ ကြက်ဥအနှစ်ကိုလည်း မတူညီတဲ့အစေရည်နဲ့ အရောင်တင်မှုန့်ကို အသုံးပြုပြီး ကြက်ဥကိုပြုလုပ်တာပါ။ ကြက်ဥအခွုံကိုတော့ ဖယောင်း၊ ဂျစ်ပ်ဆင်ပေါင်ဒါမှုန့်နဲ့ ကယ်လဆီယမ် ကာဗွန်နိတ်တို့ကို ရောကာ ပုံစံသွင်းထားကြပါတယ်။

Source : Youtube

Penny

SHARE