ဖိုတိုရှောပ့်နဲ့ ခရီးစဉ်အတုတွေဖန်တီးပြီး အင်စတာဂရမ်မှာ prank လုပ်ရင်း အောင်မြင်သွားသူ

ဆိုရှယ်မီဒီယာပေါ်မှာ အင်စတာဂရမ် နောက်ပြောင်ကျီစယ်မှုတွေက ထရန်းတစ်ခုအနေနဲ့ ပေါ်ပြူလာဖြစ်လာနေပါတယ်။ အသက် ၂၁ နှစ်အရွယ် George Mason ဆိုတဲ့ YouTuber ဟာဆိုလည်း ဒီနှစ်အစောပိုင်းမှာ ထရန်းပေါ်လိုက်ပြီး prank တစ်ခုကို ဖန်တီးခဲ့ပါတယ်။

https://www.instagram.com/p/BkQRDwcB_Qt/

လန်ဒန်အခြေစိုက် ဘလောဂ့်ဂါဟာ သူရဲ့ ဖိုတိုရှော့ပ် စကေးတွေကို ကောင်းကောင်းအသုံးချပြီး သူ့ အင်စတာဂရမ် အကောင့်ထဲက follower တွေကို ဥရောပနိုင်ငံ ၅ နိုင်ငံဆီ ၈ ရက်တာ အလည်အပတ် ခရီးထွက်နေတယ်လို့ ထင်မြင်စေခဲ့ပါတယ်။

သူရဲ့နောက်ပြောင်မှုကို YouTube ဗီဒီယိုနဲ့ ပြန်လည် ထုတ်ဖော်ခဲ့ပါတယ်။ ဗီဒီယိုက ပြီးခဲ့တဲ့ ဇန်န၀ါရီလက တင်ခဲ့ပြီး အဲ့ဒီအချိန်ကစလို့ အခုထိ ကြည့်ရှုသူ ၇ သန်းကျော်ရှိနေပါတယ်။ ဆိုရှယ်မီဒီယာဟာ လူပေါင်းများစွာနဲ့ ဆက်သွယ်နိုင်ခွင့်တွေပေးတဲ့အတွက်တော့ ကောင်းပေမယ့် လွယ်လွယ်လေးနဲ့လည်း လိမ်လည်မှုတွေ ဖြစ်ပေါ်နိုင်တဲ့ နေရာပဲလို့ Mason က Insider ကို ပြောပြထားတာတွေ့ရပါတယ်။

READ
ဘယ်တော့မှ စိတ်တိုင်းကျမဖြစ်စေရဘူးဆိုတဲ့ ကျိန်စာသင့်ထားကြသူများ

https://www.instagram.com/p/Br-23eiHfXD/

သူက စစချင်းမှာ စပိန်နိုင်ငံ ရောက်နေတယ်လို့ ထင်အောင် ဓာတ်ပုံတစ်ပုံတင်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ ပြင်သစ်မှာဆိုပြီး နောက် ပုံတု နှစ်ပုံထပ်တင်တယ်။ တမင်သက်သက် လွဲအောင်တောင် ဖန်တီးထားတာကို တွေ့ရမှာပါ..။ ဒါမှလည်း လူတွေကို ကောင်းကောင်းလှည့်စားနိုင်မှာလေ။

https://www.instagram.com/p/BsD55e7nZb3/

ပြင်သစ်က ဓာတ်ပုံတွေကို ယုံတဲ့သူ တော်တော်များလည်းတွေ့ခဲ့ရသလို follower တွေ လျော့သွားတာကိုလည်း သူက သတိထားမိခဲ့တယ်။ လျော့သွားပေမယ့်လည်း အမ်စတာဒမ်မှာဆိုပြီး နောက်တစ်ပုံကို ထပ်တင်တယ်။

https://www.instagram.com/p/BsJGBMWH_KR/

နောက်ရက်မှာတော့ အီတလီနိုင်ငံ ရောမမြို့ကို ရောက်နေတယ်ဆိုပြီတင်တယ်။ ဒီတစ်ကြိမ်မှာတော့ ဓာတ်ပုံဟာ ပြင်ထားတယ်ဆိုပြီး စွပ်စွဲသူတစ်ချို့ပါရှိလာတာကို တွေ့လိုက်ရတယ်။

https://www.instagram.com/p/BsOV7PLHfLD/

နောက်ဆုံး ဂရိနိုင်ငံမှာဆိုပြီး တင်မလို့ လုပ်တဲ့ပုံက အတုကြီးမှန်း သိပ်သိသာနေလို့ instagram story မှာသာ တင်ခဲ့ပါတယ်။

READ
သင့်ရဲ့အနာဂတ်ချစ်သူက Harry Stylesနဲ့တူမလားZayn Malikနဲ့တူမလား

https://www.instagram.com/p/BsliKdxHJp8/

ဒီလို prank ကို လုပ်တဲ့ ရည်ရွယ်ချက်ကတော့ လူတွေအနေနဲ့ ဆိုရှယ်မီဒီယာမှ မြင်သမျှ တောက်ပတဲ့ နေထိုင်မှုပုံစံတွေကို ဇွတ်အားမကျဖို့နဲ့ လုပ်ကြံဖန်တီးမှုတွေ ဖြစ်နိုင်တာမို့ သတိထားနိုင်ကြစေဖို့အတွက် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ prank ကလည်း တကယ်ကို အောင်မြင်သွားခဲ့ပါတယ်ဆိုတဲံအကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE