ဘုံဘိုင်ရေတွေထည့်ပြီး ရေသန့်လုပ်ရောင်းနေတဲ့ ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်

Youtube/The Times of India

မကြာသေးခင်က အွန်လိုင်းပေါ်မှာ ရက်စွဲအတိအကျမသိရပဲ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခု တက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပြီး ရထားစီးခရီးသည်တွေကို ရေသန့်ရောင်းတဲ့ ကောင်လေးတစ်ယောက်က ဘုံဘိုင်ထဲကရေတွေထည့်၊ ရေသန့်ဗူးအစစ်ပုံစံဖန်တီးပြီးရောင်းဖို့ ပြင်ဆင်နေခဲ့တာကို အဲဒီ ဗီဒီယိုထဲမှာ မြင်တွေ့ရမှာပါ။  ကောင်လေးဟာ ဘူးတွေကို ရေလိုက်ဖြည့်ရုံနဲ့တင်မပြီးသေးပဲ တကယ့်ရေသန့်အစစ်လို့ထင်ရအောင် ဘူးတွေမှာ စည်းအလုံပိတ်လိုက်ပါသေးတယ်။

Youtube/The Times of India

ဘေးဘီဝဲယာကိုလည်း ကြည့်ရင်း အဆိုပါကောင်လေးဟာ ရေဖြည့်ပြီး စည်းပိတ်တဲ့အလုပ်ကို သွက်လက်ရဲတင်းစွာ လုပ်ကိုင်နေခဲ့တာပါ။ သူဟာ ရေဘူးတွေကို ဘူတာရုံမှာ ရေသန့်ဆိုပြီး ပြန်ရောင်းစားမယ့်ပုံပါပဲ။ လူအများစုက ရေသန့်ဘူးဝယ်ယူသောက်သုံးတဲ့အခါ စည်းကြပ်ထားရင် အဖုံးမဖွင့်ရသေးတဲ့ ရေသန့်ဆိုပြီး စိတ်ချလက်ချ ၀ယ်ယူသောက်သုံးကြပါတယ်။ ဘုံဘိုင်ရေမှန်း မသိပဲ လုံခြုံစိတ်ချရတဲ့ သောက်သုံးရေဆိုပြီး သူ့ဆီက ရေဘူးဝယ်ယူသောက်သုံးကြမယ့်လူတွေရဲ့ ကျန်းမာရေးကတော့ စိုးရိမ်ဖွယ်ရာပါ။

READ
ရုပ်ဆိုးလို့ လှောင်ပြောင်ခံခဲ့ရပေမယ့် ကိုရီးယားအမျိုးသားနဲ့ လက်ထပ်နိုင်ခဲ့တဲ့ အမျိုးသမီး
Youtube/The Times of India

အခုဖြစ်ရပ်ကတော့ အွန်လိုင်းပေါ်တင်လိုက်တာကြောင့် လူတွေသိကြရတာဖြစ်ပေမယ့် နောက်ကွယ်မှာ အခုလိုလုပ်ရပ်မျိုးကို ဘယ်လောက်တောင်လုပ်နေကြပြီး လူတွေရဲ့ ၀မ်းထဲကို ပိုးမသတ်ရသေးတဲ့ မသန့်စင်တဲ့ ဘုံဘိုင်ရည်တွေ ဘယ်လောက်တောင် ၀င်နေကြပြီလဲဆိုတာ မသိနိုင်ပါဘူး။

ရေဟာ လူအတွက် ကယ်လိုရီတွေ၊ အော်ဂင်းနစ်အာဟာရ စတာတွေ မပေးစွမ်းနိုင်ပေမယ့်လည်း လူသားတွေအသက်ရှင်ဖို့အတွက် အဓိကလိုအပ်တဲ့အရာဖြစ်ပါတယ်။ ရေမသန့်တဲ့အခါ ကျန်းမာရေးဘေးထွက်ဆိုးကျိုးအမျိုးမျိုးကို ခံစားရနိုင်ခြေရှိတာကြောင့် စာဖတ်သူတို့အနေနဲ့ အပြင်သွားတဲ့အခါ ယုံကြည်စိတ်ချရတဲ့နေရာတွေကသာ ရေသန့်ဘူးတွေကို မှာယူ ၀ယ်ယူသောက်သုံးကြဖို့ အခုလို ဖော်ပြလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE