ခရီးစဉ်တစ်ခုလုံးမှာအန္တရာယ်ကင်းဖို့ မလိုအပ်ဘဲ လွဲမှားစွာလုပ်မိနေတဲ့ အချက် ၄ ချက်

I am Kulz/Shuttterstock

လူတိုင်းကတော့ ကိုယ့်ဇာတိ၊ ကိုယ်နေနေကျနေရာမဟုတ်တဲ့ နေရာစိမ်းတစ်ခုကို ခရီးသွားမယ်ဆိုရင် လုံခြုံပါ့မလား၊ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေ အနည်းနဲ့အများတော့ ရှိတတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ဘေးကင်းလုံခြုံမှုအတွက် တစ်ခါတစ်ရံမှာ မလိုအပ်ဘဲ ပိုဝန်လေးစေပြီး ငွေကုန်စေတာမျိုးတွေဖြစ်တတ်တာမလို့ အခြေခံကျတဲ့အချက် ၄ ချက်ကို Insider မှ ကိုးကားကာ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

(၁) လူမှုကွန်ယက်ပေါ်မှာရောက်လေရာတိုင်း check-in တင်ခြင်း

ဒါကတော့ ဘယ်သူမဆိုလုပ်လေ့ရှိတတ်တြတဲ့ အလွဲလေးတစ်ခုပါ။ နေရာစိမ်းတွေသွားတဲ့အခါမျိုးကျရင် ကိုယ်တွေးလိုက်တာကတော့ ဘယ်နေရာမှာကိုယ်ရှိနေပြီ၊ ဘယ်နေရာတော့ရောက်နေပြီဆိုတာ လူများများမြင်လေ တစ်ခုခုဖြစ်တဲ့အခါ ပိုအထောက်အကူဖြစ်လေလို့ ထင်မိပေမယ့်လို့ အဲဒီနိုင်ငံကမသမာတဲ့လူစိမ်းတွေဟာ ကိုယ့်အကြောင်းတွေ၊ ရောက်နေတဲ့နေရာတွေကို အလွယ်တကူသိသွားနိုင်ပါတယ်။ အကယ်၍ ကိုယ်ရောက်နေတဲ့နေရာကို သိစေချင်တယ်ဆိုရင် အခုခေတ်မှာ messenger တို့လိုမျိုး ကိုယ်ရောက်နေတဲ့တည်နေရာကို တစ်ဖက်လူသိအောင် လုပ်နိုင်နေပြီဆိုတော့ သိုသိုသိပ်သိပ်နဲ့ ယုံကြည်စိတ်ချရတဲ့လူကို location sharing ဖွင့်ထားတာ ပိုအဆင်ပြေစေမှာပါ။ ဓာတ်ပုံတင်ချင်တယ်ဆိုရင်လည်း ကိုယ်အဲဒီနေရာကနေ ထွက်သွားပြီးမှ တင်တာ ပိုအဆင်ပြေပါလိမ့်မယ်။

READ
ချစ်စဖွယ်ကော်ဂီခွေးလေးတွေရဲ့ ဧည့်ဝတ်ပြုမှုတွေနဲ့ နာမည်ကြီးနေတဲ့ ဘန်ကောက်ကကော်ဖီဆိုင်
Tirachard Kumtanom/Shuttterstock

(၂) ငွေတွေအများကြီးသယ်သွားခြင်း

ခေတ်ကြီးကလည်း တိုးတက်ပြောင်းလဲလာပြီဆိုတော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ငွေအများကြီးသယ်သွားတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာဘဏ်ကတ်ထဲမှာ ငွေထည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ခရီးထွက်ကြပါစို့လား။ ပြည်တွင်းခရီးထွက်မယ်ဆိုရင်လည်း ကိုယ်နေတဲ့နေရာကနေ မထွက်ခွာမီကတည်းကိုကက ကားခတွေ၊ ဟိုတယ်ခတွေကြိုရှင်းသွားပြီး ငွေသားအနည်းငယ်ကိုသာ လမ်းခရီးမှာ စားဖို့သောက်ဖို့ ထည့်သွားတဲ့အခါ ပိုပြီး လုံခြုံစိတ်ချရတာပေါ့။ ငွေသားအမျးကြီးထက် ကတ်လေးတစ်ကတ်က ကိုယ့်အတွက် ဝှက်ထားရတာ ပိုလွယ်ကူမှာပါနော်။

nazarovsergey/Shuttterstock

(၃) ခရီးသွားမှန်းသိသာအောင်နေခြင်း

တချို့တွေကထင်ကြတယ်၊ ခရီးသွားမှန်းသိရင် ဒေသခံတွေက အလိုလိုနေရင်းရှိန်ပြီး ပိုဂရုစိုက်တတ်ကြလိမ့်မယ်လို့။ ဒါကြောင့်လည်း လွယ်အိတ်ကြီးတွေလွယ်ပြီး ခရီးသွားမှန်းသိသာအောင် ကင်မရာတကားကားနဲ့ တမင်ကိုနေတတ်ပါတယ်။ ဒုစရိုက်မှုဆိုတာ ဖြစ်ချင်ရင် ဒေသခံဖြစ်ဖြစ်၊ ခရီးသွားဖြစ်ဖြစ် ရွေးနေမှာမဟုတ်ဘဲ ဒီလိုလုပ်မှသာလျှင် လူတွေရဲ့ စိတ်အာရုံကို ပိုဖမ်းစားစေမှာပါ။

i viewfinder/Shuttterstock

(၄) လေယာဉ်ရွေးချယ်တဲ့အခါ

လေကြောင်းလိုင်းကြီးလေး ဈေးပိုကြီးလေပါပဲ။ ဒါပေမဲ့လည်း တချို့လူတွေကျတော့ လေယာဉ်ရွေးတဲ့အခါ ပိုပြီး အန္တရာယ်ကင်းကင်းနဲ့ ဝန်ဆောင်မှုကောင်း ပိုရချင်တဲ့အတွက်ကြောင့် လေကြောင်းလိုင်း ခပ်ကြီးကြီးတွေကို ရွေးချယ်လေ့ရှိတတ်ကြပါတယ်။ ဒါဟာ လွဲနေတာတော့မဟုတ်ပေမယ့် မလိုအပ်တဲ့အရာတစ်ခုပါ။ Budget airline တွေကို ရွေးချယ်ခြင်းအားဖြင့် သင့်ခရီးစဉ်အတွက် ဘေးအန္တရာယ်ပိုများနိုင်မှာ မဟုတ်သလို တချို့လေကြောင်းလိုင်းလေးတွေမှာဆိုရင် လေကြောင်းလိုင်း အကြီစားးတွေထက်တောင် ခရီးသည်ကို ပိုဂရုစိုက်တတ်ကြတဲ့ ဝန်ထမ်းတွေရှိလို့နေတယ်ဆိုတာ သတိရပေးစေချင်ပါတယ်။

READ
ကမ္ဘာပေါ်မှာ အလှပဆုံး ကျွန်း (၁၀)ကျွန်း
RossHelen/Shuttterstock

Penny

SHARE