သခင်တွေကို လေဆင်နှာမောင်း အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့တဲ့ ခွေးလိမ္မာလေး

Faebook- Eric Johnson

အမေရိကရဲ့တချို့သော နေရာဒေသတွေဟာ လေဆင်နှာမောင်းနဲ့ မကင်းနိုင်တဲ့ဒေသတွေပါ။ ဒါကြောင့် အဲဒီဒေသတွေက ပြည်သူတွေက နေ့နေ့ညညဆိုသလို လေဆင်နှာမောင်းသတင်းကို အမြဲမပြတ်နားစွင့်ရေပြီး ဒေသပိုင်တွေက သတိပေးတာနဲ့တစ်ခါတည်း လေဆင်းနှာမောင်းရှောင်ဖို့အတွက် အသင့်ပြင်ထားတဲ့ မြေအောက်ခန်းတွေထဲ မိသားစုလိုက်နေတတ်ကြပါတယ်။

အခုနှစ်ရဲ့ မတ်လအစောပိုင်းတုန်းကလည်း Bella ဆိုတဲ့ခွေးမလေးရဲ့ အိမ်ဒေသမှာ လေဆင်နှာမောင်းဝင်မွှေသွားခဲ့တယ်။

လေဆင်နှာမောင်းသတိပေးချင်က လူအိပ်ချိန်ညဖက်ကြီးကျကာမှ အေးပေါ်ထမြည်ခဲ့ပါတယ်။ အိပ်မောကျချိန်ဆိုတော့ တော်ရုံတန်ရုံ ဘယ်သူမှမနိုးကြပါဘူး။ အဲဒီအထဲ Bella လေးရဲ့ သခင်တွေလည်း အပါအဝင်ပါပဲ။ ဒါပေမဲ့ သတိကောင်းတဲ့ Bella ဟာ လေဆင်နှာမောင်းအချက်ပေးသံကို ကြားကြားချင်းပဲ တစ်အိမ်လုံးကို ပတ်နှိုးပြီး သတိပေးခဲ့ပါတယ်။

Facebook- Eric Johnson

Bella ကျေးဇူးကြောင့် ကလေးသုံးယောက်နဲ့ သခင်ဇနီးမောင်နှံတို့ဟာ အရေးကြီးတဲ့ပစ္စည်းတွေနဲ့ ကလေးတွေကို အရင်ဆုံး မြေအောက်ခန်းထဲ ရွှေ့ပေးခဲ့ပေမယ့်လို့ လေဆင်နှာမောင်းက ခဏလေးအတွင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်လာခဲ့ပါတယ်။ ဒီကြားထဲ Bella လေးကလည်း ဘယ်မှမှ ရှာလို့မရတော့ပါဘူး။ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး သခင်တွေဟာ Bella ကို ဆက်မရှာတော့ဘဲ မြေအောက်ခန်းထဲဝင်ကာ အလုံပိတ်လိုက်ခဲ့ပါတော့တယ်။

ဒီလိုနဲ့ အဲဒီနေ့ကစပြီး Bella လေး ပျောက်သွားခဲ့တာပေါ့။ သခင်ဇနီးမောင်နှံကတော့ သူတို့ရဲ့အသက်သခင်ကျေးဇူးရှင် Bella လေးကို နေ့မအား ညမနား ပိုစတာတွေထုတ်တာ လိုက်ရှာခဲ့ပေမယ့်လို့ ရက်ပေါင်း ၅၀ ကျော်တဲ့အထိ လုံးဝရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ အနီးအနားပတ်ဝန်းကျင်ကလူတွေကတော့ ပိုစတာမှာပါတဲ့ ခွေးလေးကို တွေ့မိတယ်ဆိုပြီး ဖုန်းဆက်အကြောင်းကြားခဲ့တာတွေရှိခဲ့ပါတယ်။ အဲဒီနေရာတွေမှာ လိုက်ရှာခဲ့ပေမယ့် ကံမကောင်းစွာနဲ့ လုံးဝမတွေ့ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Bella လေး အသက်ရှင်နေသေးတယ်ဆိုတာတော့ ပိုင်ရှင်တွေ သိသွားတာပေါ့။

READ
ရာသီလာနေစဉ် အိမ်မှာမနေရသော နီပေါမိန်းကလေး၊ နွားတင်းကုတ်မှာ မြွေကိုက်ပြီး သေဆုံး
Facebook- Eric Johnson
Facebook- Eric Johnson
Facebook- Eric Johnson

ပိုင်ရှင်မိသားစုဟာ ဘုရားကျောင်းမိတ်ဆွေတစ်ယောက်ရဲ့အကူအညီနဲ့ Bella လေးကို လူအင်အားနဲ့လိုက်ရှာခဲ့ပါတယ်။ အဲဒီမိတ်ဆွေကလည်း လေဆင်နှာမောင်းကြောင့် ပျောက်သွားတဲ့ တိရိစ္ဆာန်တွေကို ပြန်ရှာဖွေပေးတဲ့ ပရဟိတလုပ်ငန်းကို လုပ်ကိုင်နေသူမလို့ ကျွမ်းကျွမ်းကျင်ကျင်ရှိလှပါတယ်။ နောက်ဆုံး ၅၄ ရက်မြောက်နေ့မှာတော့ Bella လေးကို တခြားရပ်ကွက်ရဲ့ တိရိစ္ဆာန်ဂေဟာမှာ သွားရှာတွေ့ခဲ့ပါတော့တယ်။

Facebook- Eric Johnson
Facebook- Eric Johnson
Facebook- Eric Johnson

နောက်ဆုံးတော့ Bella လေးနဲ့ ပိုင်ရှင်မိသားစုတို့ ပြန်လည်ဆုံဆည်းခဲ့ကြပါတော့တယ်။

Facebook- Eric Johnson

Penny

SHARE