မြေမြုပ်ပြီးတစ်လအကြာမှာ ရုတ်တရက်ပြန်ပေါ်လာတဲ့ အိမ်မွေးပုတ်သင်လေး

၁၂နှစ်အရွယ်ကောင်လေးLouie ဟာ သူရဲ့ပုတ်သင်လေး Nalaကိုမြေမြုပ်ပြီး ရက်သတ္တပတ်၅ပတ်ကြာပြီးတဲ့နောက်မြက်ခင်းပေါ်မှာနေပူစာလှုံနေတာကိုတွေ့ခဲ့တယ်လို့ Firenewsfeed ကနေတွေ့ရှိထားပါတယ်။ Nala ကိုမွေးထားတဲ့မိသားစုက အခုလိုမျိုး Nalaကိုကျန်းကျန်းမာမာပြန်တွေ့ရတဲ့အပေါ်အင်မတန်အံ့အားသင့်နေကြတာဖြစ်ပါတယ်။

ဖြစ်ပုံကတော့ဒီလိုပါ။ Rachel Haspell ကNalaကိုမလှုပ်မရှား အသက်မရှုဘဲနဲ့တွေ့ရတာကြောင့် တိရစ္ဆာန်ဆရာဝန်ကိုသွားပြခဲ့ပါတယ်။ ဆရာဝန်ကသေသွားပြီလို့ပြောတဲ့အတွက်ကြောင့် Rachelတို့မိသားစုကဥယျာဉ်ထဲမှာ Nala ကြိုမုပ်ဖို့ မြေကွက်ကလေးတူးပေးခဲ့ပါတယ်။ မြေကွက်လေးကိုအနည်းဆုံး၁ပေလောက်တူးခဲ့ပြီး ကတ်ထူစက္ကူဘူးထဲကိုထည့်မြုပ်ခဲ့တယ်လို့ဆိုပါတယ်။ Nala ကမျောသွားပုံရပြီး အခုဆိုရင်တော့ အရင်ကအတိုင်းပုံမှန်ပြန်ဖြစ်နေပြီလို့ဆိုပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE