သွေးရင်းသားရင်း အချင်းချင်းတောင်မှ ယုံကြည်လို့မရကြောင်း သက်သေပြနေတဲ့ ဖြစ်ရပ်များ

The Imperfective

ကိုယ့်ရဲ့သွေးချင်း ညီအစ်ကို မောင်နှမ၊ သားသမီး မိဘတွေ ဖြစ်တာကြောင့် အချင်းချင်း ပြန်မသတ်ဘူးလို့ မထင်ပါနဲ့။ မိသစုအချင်းချင်း ပြန်သတ်တဲ့အမှုတွေ ကမ္ဘာကြီးမှာအများကြီးပါ။ သူတို့ကို “Family Annihilators” လို့ခေါ်ပြီး သတ်ရတဲ့အကြောင်းအရင်းကတော့ အလုပ်ဖိအားကြောင့် သို့မဟုတ် ငွေရေးကြေးရေးကြောင့် သို့မဟုတ် အချင်းချင်းဆက်ဆံရေးတွေမပြေလည်ကြတော့လို့ပဲဖြစ်ပါတယ်။ လေ့လာမှုအရဒီလို မိသားစုအချင်းချင်းပြန်သတ်ကြတဲ့ လူအများစုဟာ အသက်(၃၀)ပတ်ဝန်းကျင် ယောက်ျားသားတွေဖြစ်ပြီး မိသားစုအကုန်စုံတဲ့ ပိတ်ရက်လိုနေ့မျိုးမှာ သတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အမျိုးသားမှ မဟုတ်ပါဘူး။ တချို့အမှုတွေဆို အမျိုးသမီးတွေရော ကလေးတွေကပါ ပြန်သတ်လေ့ရှိပါတယ်။ သမိုင်းတလျှောက်ထင်ရှားခဲ့တဲ့ အမှုတွဲများကိုတော့ အောက်မှာလေ့လာလိုက်ပါနော်။

Michelle Martens 

The Imperfective / Victoria Martens
The Imperfective / Michelle Martens

ဒီကလေးမလေးကတော့ Victoria Martens ပဲဖြစ်ပါတယ်။ Michelle Martens ရဲ့သမီးပါ။ Michelle Martens ဟာ လူတစ်ယောက်ကို ပိုက်ဆံပေးငှားရမ်းပြီး သူ့ရဲ့ပျော်ရွှင်မှုအတွက် သမီးဖြစ်သူကိုနှိပ်စက်ပြီး သတ်ခိုင်းခဲ့ပါတယ်။ ကလေးကို ငြိမ်နေအောင် methamphetamine ဆိုတဲ့ ဆေးတစ်မျိုးပေးပြီးမှ နှပ်စက်ခဲ့တာပါ။ ကလေးလေးသေသွားတဲ့အခါမှာတော့ အိမ်ကရေချိုးဇလုံထဲမှာပဲ မီးရှို့ပစ်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အိမ်ခေါင်မိုးပေါ်ကနေခုန်ချပြီး သတ်သေခဲ့ပေမယ့် အသက်မသေခဲ့ပါဘူး။

José Rabadán

The Imperfective

José Rabadán ဟာ သူ့ရဲ့မိဘနှစ်ပါးနဲ့တကွ down syndrome ဖြစ်နေတဲ့ (၉) နှစ်အရွယ်ညီမလေးကိုပါ သတ်ခဲ့သူပါ။ အသက်မပြည့်သေးတဲ့အတွက် ထောင်ထဲမှာမနေရဘဲ လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းမှာ (၉) နှစ်လောက်နေခဲ့ရပြီး အခုဆိုရင်တော့ သူ့မိန်းမနဲ့ကလေးနဲ့၊ သာမန်ဘဝလေးအဖြစ်နေထိုင်နေပါတယ်။

READ
(၂၀) ရာစုအစတုန်းက တွေ့ရတဲ့ လေသင်္ဘောရဲ့ ရှားပါးသမိုင်းဝင်ဓာတ်ပုံများ

Robert William Fisher

The Imperfective

Robert William Fisher ဟာ ရေတပ်သားဖြစ်ပြီး မိန်းမရယ်၊ ကလေးနှစ်ယောက်ရယ်နဲ့ Arizona မှာ အတူတူနေပါတယ်။ သူတို့ကိုပတ်ဝန်းကျင်က ပျော်ရွှင်တဲ့ မိသားစုလေးအဖြစ် မြင်နေခဲ့ပါတယ်။ ဒါပေမဲ့ Robert မှာ သူ့မိန်းမထားသွားမှာကို ကြောက်တဲ့စိတ်ရောဂါရှိနေပါတယ်။ မိန်းမထားသွားတဲ့အခါ သူ့ကလေးတွေဖြစ်တဲ့ (၁၀) နှစ်သမီးလေးနဲ့ (၁၃) နှစ်သားလေးတို့ကို စိတ်မဆင်းရဲစေချင်တဲ့အတွက်ပဲ မိန်းမဖြစ်သူ ဘယ်တော့မှထွက်မသွားနိုင်အောင် ခေါင်းကိုသေနတ်နဲ့ပစ်၊ လည်ပင်းကိုလှီးပြီး ကလေးနှစ်ယောက်စလုံးကိုလည်း လည်လှီးပြီး သတ်ပစ်ခဲ့ပါတယ်။ သူတို့နေနေနတဲ့အိမ်ကြီးကိုတော့ မီးရှို့ခဲ့ပြီး Robert ကတော့ ထွက်ပြေးသွားတာ ဒီကနေ့အထိ ရှာမတွေတော့ပါဘူး။

Chris Benoit

The Imperfective
The Imperfective

ပရော်ဖက်ရှင်နယ်နပန်းအားကစားသနား Chris Beoit ကိုတော့ သိပ်စိမ်းကြမယ် မထင်ပါဘူး။ အောင်မြင်နေတဲ့အပြင် သူများအားကျရလောက်တဲ့ အိမ်ထောင်ရေးနဲ့ (၇) နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကပဲ သူ့ရဲ့မိန်းမ Nancy သားလေး Daniel ကို လည်ပင်းညှစ်သတ်ကာ သူ့ကိုယ်သူလည်း မြေအောက်ခန်းထဲက ဝိတ်မတဲ့စက်မှာ ဆွဲကြိုးချသတ်သေခဲ့ပါတယ်။ Chris ရဲ့ ကွန်ပြူတာထဲမှ အချက်အလက်တွေအရ သူက သူ့သားကို သတ်ပြီးနောက်မှာ ပြန်ရှင်လာအောင် ကြိုးစားနေခဲ့ပုံရပါတယ်။ အလောင်းတွေရဲ့ဘေးမှာလည်း ကျမ်းစာ စာအုပ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။ သတ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုတော့ ဒီနေ့အထိ အဖြေမပေါ်သေးပါဘူး။

READ
(၁၉၀၄) ခုနှစ် ၀န်းကျင်က ဥရောပနိုင်ငံများရဲ့ အနေအထားကို ဖော်ပြတဲ့ ဓာတ်ပုံများ

Dmitry Loshagin

The Imperfective

၂၀၁၅ ခုနှစ်တုန်းက ရုရှားနိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးဟာ သူ့မိန်းမ မော်ဒယ်ဖြစ်သူကို သတ်ခဲ့တဲ့အမှုကြောင့် ထောင် (၁၀) နှစ်ချမှတ်ခံခဲ့ရပါတယ်။ လည်ပင်းရှိးကျိုးခဲ့တဲ့အတွက် ကြောင့်သေဆုံးခဲ့တာဖြစ်ပြီး အလောင်းကိုလည်း မီးရှို့ခဲ့ပါတယ်။ ထောင်ကျတော့လည်း သိပ်ခံစားနေရပုံမပေါ်ပါဘူး။ အခုတော့သူဟာ ပြန်လည်ထူထောင်ရေးမှာ သတင်းဓာတ်ပုံဆရာအနေနဲ့ ထောင်ထဲမှာပဲ လုပ်အားပေးလျက်ရှိပါတယ်။

Edmund Kemper

The Imperfective
The Imperfective

သူကတော့ အမေရိကန်ကွင်းစက်လူသတ်သမား၊ အဓမ္မကျင့်သူနဲ့ လူသားပါစားတဲ့လူအဖြစ် ထင်ရှားပါတယ်။ ၁၉၇၀ ပြည့်နှစ်များဆီက အမျိုးသမီးတော်တော်များများကို ဖမ်းခေါ်ပြီး သတ်ခဲ့ပါတယ်။ အသက် (၁၅) နှစ်အရွယ်မှာ အမေကိုသတ်ခဲ့ပြီးနောက်မှာတော့ ခေါ်မွေးထားတဲ့ အဖိုးနဲ့အဖွားကိုပါ ပြန်သတ်ခဲ့ပါတယ်။

Ed Gein

The Imperfective

Ed Gein ကတော့ လူနှစ်ယောက်ပဲသတ်ပြီး ကွင်းစက်လူသတ်သမားထက်ပိုဆိုးတဲ့ လုပ်ရပ်ကို လုပ်ခဲ့သူပါ။ သေသွားတဲ့သူ့အမေဖြစ်သူရဲ့အလောင်းကို ပြန်ဖော်ခဲ့ပြီး အရေခွံနဲ့လက်ကိုင်အိတ်ပြုလုပ်ခဲ့ပါတယ်။ အိတ်ချုပ်ဖို့မလုံလောက်တဲ့အတွက် အခြားမိန်းမနှစ်ယောက်ကိုပါသတ်ခဲ့ပြီး အရေခွံနွှာကာ အိတ်ချုပ်ခဲ့ပါတယ်။ အစ်ကိုအရင်းကိုလည်း သတ်ခဲ့တယ်လို့ ယူဆရပေမယ့် သတ်သေမရှိတဲ့အတွက် ပြစ်မှုမထင်ရှားပါဘူး။

Source : The Imperfective 

Penny 

SHARE