စားဝတ်နေရေးအတွက် အိမ်ရှေ့မှာပဲ ဈေးဆိုင်တည်ပြီး ဈေးရောင်းနေတဲ့ မိသားစု

tiktok/till40

ကိုဗစ်ကပ်ရောဂါကြောင့် လူအများစုဟာ အလုပ်လက်မဲ့တွေဖြစ်ပြီး စီးပွားရေးကျပ်တည်းကုန်လာပါတယ်။ ဒါကြောင့် လူတွေဟာ တစ်ပိုင်တစ်နိုင်စီးပွားရေးလေးတွေလုပ်ပြီး အိမ်စရိတ်ဖူလုံဖို့ရှာဖွေလာကြပါတယ်။ အခုလည်း TikTok မှာ Tilla အမည်ရတဲ့ကောင်မလေးတစ်ယောက် မျှဝေထားတဲ့ ဗီဒီယိုဖိုင်ကို worldofbuzz ကတဆင့် အခုလိုတွေ့မြင်ရပါတယ်။

ဗီဒီယိုထဲမှာတော့ Tilla က သူမတို့ရဲ့မိသားစုစီးပွားရေးကို မိတ်ဆက်ပေးနေတာပါ။ Tilla ဟာ မိဘတွေ ၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သူမတို့ရဲ့အိမ်ပန်းခြံရှေ့မှာပဲ Bay-6 Burgers လို့အမည်ရတဲ့ ဘာဂါဆိုင်သေးသေးလေး ဖွင့်လှစ်ခဲ့တာပါ။

@till40We built a burger stall in front of our house! #smallbusiness #foryou #fyp #pandemic #burger #supportlocal♬ I Just Want to Be the One You Love – Cryst

“ကပ်ရောဂါကြောင့် အားလုံးပိတ်ထားရတော့ အဖေလည်း လေယာဉ်မောင်းလို့မရတော့ဘူး။ အဖေက MAB မှာ လေယာဉ်မောင်းတဲ့အလုပ်လုပ်လာတာ ၂၇နှစ်လောက်ရှိပြီ။ အဖေက အရင်က တစ်လကို လေယာဉ် ၁၀စင်းကနေ ၁၂စင်းကြားမောင်းရတယ်။ အခုတော့ တစ်လမှ ၁စင်း ၂စင်းပဲမောင်းရတော့တယ်။ ကျွန်မတို့မိသားစုဝင် ၅ယောက်စလုံးကို အဖေတစ်ယောက်တည်းကပဲ ရှာကျွေးနေတာ။ ဒါကြောင့်လည်း အခုလိုဖြစ်တော့ အားလုံးကျပ်တည်းကုန်တာပေါ့။”

READ
ခွေးဆိုးရန်ကနေ ညီမလေးကို ကယ်ခဲ့လို့ Marvel ဟီးရိုးတွေရဲ့ ဂုဏ်ပြုခံနေရတဲ့ ကောင်လေး

“အမေကတော့ ကျွန်မတို့ငယ်ငယ်တုန်းက ကိတ်ခွက်မုန့်လေးတွေရောင်းတယ်။ ဒါပေမဲ့ ဝယ်သူနည်းတော့ ဆက်မလုပ်ဖြစ်တော့ဘူး။ ကျွန်မမိဘနှစ်ပါးစလုံးက အစားအသောက်ပိုင်းမှာ အလုပ်လုပ်ဖူးတယ်။ ဒါကြောင့် မိသားစုစားဝတ်နေရေးကိုဖြေရှင်းဖို့ ပြီးခဲ့လကတော့ nasi lemak ရောင်းဖို့ဆုံးဖြတ်လိုက်တယ်။” လို့ Tilla က ဆိုပါတယ်။

အခုဆိုရင်တော့ Tilla တို့ဟာ အိမ်ခြံလေးကိုလည်း သူတို့ဘာသာသူတို့ပဲပြန်ပြင်ဆင်ထားပါတယ်။ မိဘတွေကတော့ nasi lemak ရောင်း၊ အစ်ကိုတွေကလည်း အိမ်နားက ကော်ဖီဆိုင်မှာအလုပ်လုပ်ပြီး၊ အကိုအကြီးဆုံးနဲ့ သူမကတော့ Bay-6 မိသားစုဘာဂါဆိုင်လေးကို ဖွင့်ပြီး စီးပွားရှာနေတာဖြစ်ကြောင်းလည်း သိရပါတယ်။

@till40Bay-6 Burgers UPDATE! Damn, I can’t believe it’s MCO again 😅 #burgers #foodtiktok #foodie #mco #food #bay6 #foryou #fyp♬ Put Your Records On – Ritt Momney

ShweMom

SHARE