ခရီးသွားရာကနေ ပြန်လာပြီးနောက် အိမ်ကိုမြင်ပြီး အံ့အားသင့်သွားရတဲ့ မိသားစုရဲ့အဖြစ်

မာဗင်ဖီးလစ်နဲ့မိသားစုဝင်တွေဟာ စနေ၊တနင်္ဂနွေနှစ်ရက်မှာ တောင်တန်းတွေဆီကို အပန်းဖြေအနားယူဖို့ သွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ပြန်လာတဲ့အခါမှာတော့ သူတို့ရဲ့အိမ်နဲ့ ထရပ်ကားဟာ ထူးထူးခြားခြား ဆေးသုတ်ခံထားရတာကို တွေ့ရှိခဲ့ကြပါတယ်။

တကယ်တော့ ဖီးလစ်တို့ ခရီးထွက်တုန်းအခိုက်မှာ လူရမ်းကားတစ်စုဟာ ကြမ်းတမ်းတဲ့ လူမျိုးရေးမုန်းတီးမှုစာသားတွေကို ဖီးလစ်တို့ နေအိမ်အပြင်ဘက်နဲ့ ထရပ်ကားမှာ စပရေးဘူးတွေနဲ့ အကုန်ညစ်ပတ်နေအောင် ဆေးခြယ်ထားခဲ့ပါတယ်။ ဒါကို ဖီးလစ်ရဲ့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဟေးဒီးက တွေ့ရှိပြီး စာသားတွေဟာ ကလေးတွေမြင်လို့ မသင့်တော်တာကြောင့် အခြားအိမ်နီးချင်းတွေကို ပါပြောပြပြီး ဖီးလစ်တို့ပြန်မလာခင် တစ်ခုခုပြုလုပ်ပေးဖို့ တိုင်ပင်ခဲ့ကြပါတယ်။

Youtube

နောက်ဆုံးမှာတော့ အိမ်နဲ့ ထရပ်ကားကို ဆေးသုတ်လိုက်ဖို့ အကြံရခဲ့ပါတယ်။ ဆေးသုတ်ရာမှာတော့ ဖီးလစ်ရဲ့ အိမ်နီးချင်းတွေနဲ့ မြို့သူမြို့သားတွေအပြင် ရဲအရာရှိကြီး ၀ီလ်ဆင်ကပါ တဖက်တလမ်းက ပါဝင်ကူညီခဲ့ပါတယ်။ လုပ်အားပေးတွေဟာ အိမ်သုတ်ဆေးဘူးတွေ ကိုယ်စီကိုယ်စီသယ်ဆောင်လာကြပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ အကြမ်းဖက်စာတွေကို ဖီးလစ်ရဲ့ ကလေးတွေမြင်မှာစိုးတဲ့အတွက် အချိန်မှီဖျက်ပစ်ဖို့ အားလုံး ကြိုးစားခဲ့ကြပါတယ်။

Neighbors scrub hate messages before family sees them

When a Washington home was vandalized with racial slurs, neighbors came together to erase the hate before the family could see it.

Posted by Detroit Free Press on Wednesday, August 24, 2016

လူရမ်းကားတွေရဲ့ စပရေးစာတွေကို အကုန်ဖျက်ပစ်ဖို့ လုပ်အားပေးတွေဟာ မနက်ခင်းတစ်ပိုင်းလုံးအချိန်ပေးခဲ့ရပါတယ်။ စာတွေအားလုံးဖျက်ပြီး ဆေးသုတ်ပြီးနောက် မကြာခင်မှာပဲ ဖီးလစ်တို့ဟာ ခရီးကနေ ပြန်ရောက်လာခဲ့ပါတယ်။ ဖီးလစ်ခမျာ ရုတ်တရက် အိမ်ကိုမြင်လိုက်ရတဲ့အခါမှာတော့ အရမ်းအံ့အားသင့်သွားခဲ့ပါတယ်။ အကြောင်းစုံသိရတဲ့အခါမှာတော့ ဖီးလစ်ဟာထိတ်လန့်သွားခဲ့ပြီး ဘယ်သူဘယ်ဝါက အိမ်ကို လုပ်သွားမှန်းမသိတာကြောင့် အကြီးအကျယ် စိတ်ပူနေခဲ့ပါတယ်။

READ
မထင်မှတ်ထားဆုံး သတ္တဝါ (၃)ကောင်ရဲ့ ခွဲမရအောင် ချစ်ကြတဲ့ ဇာတ်လမ်းလေး

ဖီးလစ်က “ကျွန်တော် သိသိချင်း ဘာလုပ်ရမှန်းမသိအောင် ထူပူသွားတယ်။ အိမ်ကိုဘယ်သူလုပ်သွားမှန်းလဲ မသိဘူးလေ။ ကလေးတွေကိုတော့ ပိုစိတ်ပူမိတယ်။” လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖီးလစ်မှာ အနည်းဆုံးတော့ ကူညီစောင့်ရှောက်ပေးတတ်တဲ့ ပတ်ဝန်းကျင်ကောင်းရထားတာကြောင့် ကံကောင်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: amomama

SHARE