မယားငယ်အတွက် မိသားစုကို စွန့်ပစ်ခဲ့သည့်အမျိုးသား မယားငယ်ဓားချက်နဲ့သေဆုံး

အင်္ဂလန်နိုင်ငံ လက်စတာမြို့မှာ နေထိုင်တဲ့ Becki (27) ဟာ လင်ယောက်ျားဖြစ်တဲ့ James Knight ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး သမီးနှစ်ယောက်နဲ့ ဒုက္ခရောက်နေခဲ့ပါတယ်။ သမီးလေးတွေကတော့ Evie (6)နှစ်နဲ့  Ruby (4)နှစ်တို့ ဖြစ်ကြပြီး၊ သူတို့အဖေကို ဘယ်သူက ခိုးသွားတာလဲလို့ ခဏခဏ မေးလေ့ရှိတယ်လို့ ဆိုပါတယ်။

James ဟာ အသစ်တွေ့ရှိတဲ့ လက်စတာမြို့ Sylvan Road လမ်းမှာ နေထိုင်တဲ့ Emma-Jayne Magson (23)နှစ်ကို
ပေါင်းသင်းလိုတာကြောင့် Becki တို့ မိသားစုကို စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ မိသားစုအပေါ်မှာ မပျက်ခဲ့ဘဲ အချိန်ရရင် ရသလို သမီးလေးနှစ်ယောက်ကို လာလာတွေ့ပါတယ်။

ဒီအချက်ကပဲ နောက်မိန်းမ Emma အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး၊ နောက်ဆုံးမှာ Becki တို့အိမ်ကနေ ပြန်လာတဲ့ James ရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။ BBC မှာ ဖော်ပြထားတဲ့ သတင်းအရတော့ တရားခံ Emma ကို Leicester Crown Court  အကျဉ်းထောင်ကနေ ထောင်ဒဏ် 17 နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

READ
ထီပေါက်တယ်ထင်ပြီး တစ်သက်လုံးစုထားတဲ့ ငွေတွေကို အကုန်ဖြုန်းမိခဲ့တဲ့ အမျိုးသား

Becki ဟာ ဒီသတင်းကြားပြီးနောက် အလွန်စိတ်ထိခိုက်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ခင်ပွန်းဖြစ်သူကို သေခွဲ ခွဲလိုက်ရပြီဆိုတာ သိပြီး၊ ပြောစရာစကားတွေ စွန့်အသွားတယ်လို့ ဆိုပါတယ်။ Becki က ” အဲဒီအမျိုးသမီးက ကျွန်မရဲ့ အချစ်ဦးကို လုယူခဲ့တယ် … ကျွန်မတို့ မိသားစုတစ်ဘ၀လုံး ဖျက်ဆီးခဲ့တယ် … သူ့ရဲ့ မရေတွက်နိုင်တဲ့ ဓားချက်နဲ့ ခင်ပွန်းသည် သေဆုံးခဲ့ရတယ် … ကျွန်မ သမီးလေးတွေရဲ့ အားကိုးရာ ရတနာတိုက်ကြီးကို ခိုးယူသွားခဲ့တယ် “လို့ ပြောခဲ့ပါတယ်။

ယခုအခါမှာတော့ သမီးလေးနှစ်ယောက်ကို ဖခင်ဖြစ်သူက ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူနေကြောင်း ဖျောင်းဖြခဲ့ပြီး၊ သမီးလေး Evie က ” ဖေ့ဖေ့ကို ဘာလို့ ခိုးယူသွားတာလဲ … ဖေဖေက သမီးရဲ့ မွေးနေ့ကို သတိမှ ရပါ့မလား “လို့ ပြောခဲ့ပါသေးတယ်။

READ
ရေနစ်နေတဲ့ လင်းယုန်ငှက်ကလေးကို သက်စွန့်စံဖျား ကယ်တင်ခဲ့တဲ့ အမျိုးသား
Emma-Jayne Magson

James ဟာ အသက်သေဆုံးချိန်မှာ 26 နှစ်ရှိပြီ ဖြစ်ပြီး၊ Becki နဲ့ အိမ်ထောင်သက် ကိုးလအကြာမှာကတည်းက Emma နဲ့ ဖောက်ပြန်ခဲ့ပါတယ်။ နောက်တော့ Becki ဟာ လင်ဖြစ်သူ စိတ်ချမ်းသာဖို့ သောကကို မျိုသိပ်ပြီး ကြည်ကြည်သာသာ ကွာရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် လူကို အပိုင်ရသွားတဲ့ Emma ဟာ ဒီအထိ မတင်းတိမ်ခဲ့ပါဘူး။ ဒါကြောင့် မယားကြီးအိမ် ခြေဦးလှည့်တာ များလာတဲ့ James ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ပြီး၊ အပြစ်မဲ့မိသားစုလေးဘ၀ကို ဖျက်ဆီး
ပစ်ခဲ့ပါတယ်။ အခုတော့ ထောင်နန်းစံနေရပါပြီ။

နတ်စည်တော် (Shwemom)

source : thesun.co.uk/BBC.com

SHARE