ခွေးပိုင်ရှင်တိုင်းဟာ သူတို့ရဲ့ခွေးပျော်စေဖို့ဘာမဆိုလုပ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ Spike အမည်ရတဲ့ ၁၄နှစ်သား English springer spaniel ခွေးလေးကတော့ လတ်တလောမှာ သူ့ရဲ့ဒုတိယအကြိမ် လေဖြတ်ရာကနေ ပြန်ကောင်းဖို့အားမွေးနေတာဖြစ်ပါတယ်။ ကံဆိုးတာကတော့ အသက်ကြီးလာလို့ရယ် ကျန်းမာရေးပြဿနာတွေကြောင့် Spike က သူ့သခင်တွေအိပ်တဲ့ အခန်းဒုတိယထပ်ကိုတောင် မတက်နိုင်တော့ပါဘူး။
Spike ရဲ့ပိုင်ရှင်တွေဟာ သူ့အသက်၅နှစ်မှာ တိရစ္ဆာန်ကယ်ဆယ်ရေးစင်တာ Dogs Trust ကနေ Spike ကိုခေါ်မွေးခဲ့တာဖြစ်ပါတယ်။ အရင်ကတော့ Spike က အပေါ်ထပ်လှေကားတက်ပြီး သူ့သခင်တွေရဲ့ ခုတင်ပေါ်မှာ တက်တက်အိပ်နေကျပါ။ ဒါပေမဲ့ အခုကျတော့ လှေကားကို သူ့ဘာသာသူမတက်နိုင်တော့ပါဘူး။ ဒါကြောင့် သူ့သခင်တွေက Spike ကိုသနားလို့ သူတို့ကိုယ်တိုင် တစ်လှည့်စီအောက်ထပ်ကိုဆင်းပြီး Spike နဲ့အတူတူအိပ်နေတာဖြစ်ပါတယ်။
View this post on Instagram
“အခုဆို သူက အဘိုးကြီးဖြစ်နေပြီ။ ဒုတိယအကြိမ်လေဖြတ်ပြီးတဲ့နောက်မှာပေါ့။ အခုဆို သူ့အချိန်အများစုကို အိမ်ထဲမှာပဲမှေးအိပ်ပြီး သူချစ်တဲ့လူတွေပွေ့ဖက်တာကို ခံတယ်။” လို့ Spike ရဲ့သခင်က ပြောပြပါတယ်။
View this post on Instagram
ဒုတိယအခေါက် လေဖြတ်ပြီးတဲ့အချိန်မှာတော့ Spike ဟာ လမ်းမလျှောက်နိုင်တော့ပါဘူး။ ဒါကြောင့် သခင်တွေကပဲ သူ့ကိုတစ်လှည့်စီချီပြီး အိမ်ထဲမှာ လျှောက်သွားရပါတယ်။ အခုဆိုရင်တော့ Spike က လမ်းပြန်လျှောက်လာနိုင်ပါပြီ။ ဒါပေမဲ့ လှေကားတက်ဖို့အတွက်ကျတော့ အားမရှိပါဘူး။
View this post on Instagram
ဒါကြောင့် Spike အထီးမကျန်အောင်ရယ်၊ တကယ်လို့ သခင်တွေရှိရာ လှေကားပေါ်လိုက်တက်လာရင် ဒဏ်ရာတွေရမှာစိုးတဲ့အတွက် မိသားစုဝင်တွေက Spike နဲ့အတူ တစ်လှည့်စီအောက်ဆင်းပြီး အိပ်ကြတာပါ။ Spike ကတော့ တကယ်ကံကောင်းပါတယ်။ သူ့ကို ချစ်ခင်တဲ့သခင်ကောင်းတွေနဲ့ တွေ့ရတဲ့အပြင် သခင်တွေကလည်း သူ့ကို ပုံမှန်ရေတိုက် အစာကျွေး၊ ဆေးတိုက်နဲ့ ပြုစုကြတယ်လို့လည်း boredpanda အရ သိရပါတယ်။
ShweMom