တစ်မိသားစုလုံး gym ဆော့ပြီး (၆) လအကြာမှာ အံ့သြစရာကောင်းစွာ ပြောင်းလဲခဲ့

instagram/Ultimate Performance

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့နေ မိသားစုတစ်စုဟာ (၆) လအတွင်း ခန္ဓာကိုယ်အချိုးအစားပြောင်းလဲကာ မိသားစုဝင်အားလုံးပေါင်း ပေါင်(၉၀) လောက် ၀ိတ်ချနိုင်ခဲ့ကြောင်း ladbible သတင်းမှာ တွေ့ရပါတယ်။ အခုလို အံ့အားသင့်စရာကောင်းလောက်အောင် ၀ိတ်ချနိုင်ခဲ့တဲ့ မက်ဂီလီဗရေးမိသားစုဟာ အရင်တုန်းက ဒီလိုမျိုးမဟုတ်ပါဘူး။ ဘီယာတွေသောက်၊ အရက်တွေသောက်နဲ့ စားချင်ရာစားပြီး နေလာခဲ့တာပါ။ ကိုယ်ခန္ဓာအချိုးအစားကျနဖို့ ကျစ်လစ်တောင့်တင်းဖို့ဆိုတာတွေကို သိပ်စိတ်ဝင်စားတဲ့ မိသားစုမဟုတ်ပါဘူး။

မက်ဂီလီဗရေးမိသားစုထဲမှာတော့ ဇနီးမောင်နှံဖြစ်ကြတဲ့ အမျိုးသားဖြစ်သူ အသက်(၅၆) နှစ်အရွယ် ရွိုင်း၊ အမျိုးသမီးဖြစ်သူ အသက်(၅၁) နှစ်အရွယ် စူး၊ ၄င်းတို့ရဲ့သားတွေဖြစ်တဲ့ အသက်(၂၄) နှစ်နဲ့ (၂၈) နှစ်စီ အသီးသီးရှိကြတဲ့ ဘန်နဲ့ ဆိုင်မွန်တို့လည်း ပါဝင်ပါတယ်။ စူးတို့မိသားစုက ဒီလိုပဲ သောက်သောက်စားစားနေလာရင်း တစ်နေ့တော့ စူးရဲ့ မိခင်ကြီးဟာ ဆီးချိုရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

READ
ဦးနှောက်အကြိမ်၁၂၀ခွဲစိပ်ခံခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးတဲ့ အာဂအမျိုးသမီး
instagram/Ultimate Performance

မိခင်ရဲ့ သေဆုံးရတဲ့အကြောင်းရင်းကို မျက်ဝါးထင်ထင် သိလိုက်တဲ့အခါ စူးဟာ သူမတို့မိသားစုရဲ့ လူနေမှုဘ၀ကို ပြောင်းလဲပစ်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။ သူမကိုယ်တိုင်ကစလို့ လင်ယောက်ျားနဲ့ သားဖြစ်သူနှစ်ယောက်ကိုပါ gym ကိုခေါ်သွား၊ လေ့ကျင့်ခန်းလုပ်စေတဲ့အပြင် အစားအသောက်နဲ့ ပတ်သက်လို့လည်း ပိုပြီးအာဟာရကြွယ်ဝကာ ကျန်းမာရေးအတွက် သင့်လျော်တဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်လာပါတယ်။

instagram/Ultimate Performance

ဒီိလိုနဲ့ (၆) လတာ ကာလကိုဖြတ်သန်းပြီးနောက်မှာတော့ သူမတို့မိသားစုဟာ အရင်နဲ့မတူပဲ အများကြီးပြောင်းလဲလာခဲ့ပါပြီ။ အရင်တုန်းက သူတို့ခန္ဓာကိုယ်ပေါ်က အဆီပိုတွေ ရှိနေတဲ့နေရာမှာ ကျစ်လစ်တဲ့ ကြွက်သားအသားစို်င်တွေဟာ နေရာယူလာခဲ့ပါပြီ။ (၆) လတာ ကာလအတွင်းမှာ စူးက (၄၉) ပေါင်၊ ရွိုင်းက (၂၈) ပေါင်နဲ့ သားနှစ်ယောက်တို့က (၁၄) ပေါင် အသီးသီးဝိတ်ချနိုင်ခဲ့ကြပါတယ်။

instagram/Ultimate Performance

စူးကတော့ “ကျွန်မ ၀ိတ်ချနိုင်ပြီးတဲ့နောက် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိလာတယ်။ နေလို့ထိုင်လို့လည်း ပိုကောင်းလာတယ်။ ကိုယ်အ၀တ်အစားဝတ်လို့ လူတွေက ချီးမွမ်းကြတဲ့အခါမှာလည်း ကျွန်မ ပီတိဖြစ်ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်ပါတယ်..” လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ခုလို တစ်မိသားစုလုံး အတူတူလေ့ကျင့်ခန်းလုပ်၊ အားကစားလုပ်ကြတဲ့အခါ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးတက်လာရုံတင်မကပဲ မိသားစုထဲမှာလည်း အချင်းချင်း ပိုရင်းနှီးလာကြောင်း သားဖြစ်သူ ဆိုင်မွန်က ပြောပြခဲ့ပါသေးတယ်။

READ
ဒစ်စနီကာတွန်းဇာတ်ကောင်တွေသာ တကယ့်လူသားတွေဖြစ်ခဲ့ရင်...
instagram/Ultimate Performance

လင်းလင်း (ShweMom)

SHARE