လေယာဉ်ပေါ်ကလေးငိုခဲ့ရင်ဆိုပြီး ကြိုတင်ပြင်ဆင်မှု ကောင်းခဲ့လို့ ချီးကျူးခံနေရတဲ့ မိဘတွေ

Facebook-Nutthon Limmontree, Pixabay-talibabdulla

ကားပဲစီးစီး၊ ရထားပဲစီးစီး ဘယ်လိုသယ်ယူပို့ဆောင်ရေးယာဉ်တွေပဲစီးစီး ဘယ်သူမဆို နားအေးပါးအေးစီးချင်ကြတာချည်းပဲမဟုတ်လား။ အချိန်အကြာကြီးစီးရတဲ့ လေယာဉ်ဆိုပိုဆိုးပေါ့လေ။ တချို့ဖြစ်ဖူးကြမှာပါ။ လေယာဉ်ပေါ် ရင်ခွင်ပိုက်ကလေးလေးတို့၊ တောက်တဲ့တောက်တဲ့လျှောက်သွားတတ်တဲ့ အရွယ်လေးတို့ပါလာခဲ့ပြီဆိုရင် ခရီးသည်တွေအားလုံးရဲ့စိတ်ထဲမှာ စနိုးစနာင့်ဖြစ်သွားတတ်ကြတာကိုလေ။

ဒါကို ကလေးမိဘတွေကသိပေမယ့်လည်း တချို့တွေကကျတော့ ငါတို့ပိုက်ဆံပေးစီးတာ၊ ကလေးပဲငိုချင်ငိုမှာပေါ့ဆိုတဲ့စိတ်ကြီးနဲ့ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ကြတာတို့၊ တချို့မိဘတွေကျပြန်တော့လည်း လူရည်မွန်တွေဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို တောင်းပန်တာမျိုး လုပ်တာအပြင် ဘာမှမတတ်နိုင်ကြရရှာပါဘူး။ ဒါပေမဲ့ ဒီမိဘနှစ်ပါးကတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ လေယာဉ်ပေါ်မှာ ကလေးငိုတာနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်က ခရီးသည်တွေကို အားနာလွန်းတဲ့အတွက် ချစ်စရာအပြုအမူလေးတစ်ခုလုပ်ခဲ့တဲ့အကောင်း World of Buzz မှာ ဖတ်ခဲ့ရပါတယ်။

Nutthon Limmontree ဆိုတဲ့ Facebook account မှာ သူ့အနေနဲ့ အောက်တိုဘာ ၂၇ ရက်နေ့တုန်းက post တစ်ခုတင်ထားခဲ့ပါတယ်။ ပိုစ့်အရတော့ သူဟာ ကိုရီးယားနဲ့ထိုင်းကိုကူးချီသန်းချီလုပ်နေတဲ့ လေကြာင်းလိုင်းတစ်ခုပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တစ်ယောက်ဖြစ်ပါတယ်တဲ့။ သူနဲ့မလှမ်းမကမ်းမှာ ထိုင်နေတဲ့ မိသားစုထဲမှာ ၂ လသားကလေးလေး တစ်ယောက်ပါလာခဲ့ပါတယ်။ အဲဒီမိသားစုက ဖခင်နဲ့မိခင်ဟာ လေယာဉ်မိုးပေါ်ရောက်ပြီးလို့ သွားသွားလာလာလုပ်လို့ရတဲ့အချိန်မှာပဲ ခရီးသည်တွေကို ဒီလိုအထုပ်လေးတွေလိုက်ဝေခဲ့ပါတယ်။
Facebook-Nutthon Limmontree
Facebook-Nutthon Limmontree
Facebook-Nutthon Limmontree

အထုပ်ထဲမှာ မုန့်လေး ၃ ခုလောက်ပါပြီး အိပ်တဲ့အခါ သို့မဟုတ် ဆောက်လုပ်ရေးတို့ စက်ရုံတို့မှာသုံးတဲ့ အသံလုံနားကြပ်လေးတွေ တစ်စုံစီထည့်ထားပါတယ်။ အနောက်ဖက်မှာတော့ စာလေးတစ်စောင်ကိုလည်း ကိုရီးယားဘာသာနဲ့ရော ထိုင်းဘာသာနဲ့ရောပါ “မင်္ဂလာပါ။ ကျွန်တော့်နာမည်က Kawin ပါ။ ၂ လသားပဲရှိပါသေးတယ်။ အခုကျွန်တော့်မိသားစုနဲ့ ထိုင်းနိုင်ငံကိုပြန်တော့မှာပါဗျာ။ ဒါကြောင့် လမ်းခရီးမှာ ကျွန်တော်ငိုခဲ့မိရင် စိတ်မဆိုးကြဖို့မုန့်လေးထည့်ပေးထားပြီး အနှောက်အယှက်ဖြစ်ခဲ့မယ်ဆိုရင် နားကြပ်လေးတပ်ပြီး နားနေနိုင်အောင် စီစဉ်ပေလိုက်ပါတယ်ဗျာ။” ဆိုပြီး ကပ်ထားပါသေးတယ်။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့အပြုအမူလေးလည်းနော်။

นี่คือครอบครับตัวอย่างเลย ผู้โดยสารเดินทางขึ้นเครื่องพร้อมทารกชื่อน้องกวิน…

Posted by Nutthon Limmontree on Saturday, October 26, 2019

ကလေးတိုင်းနီးပါးဘာကြောင့် လေယာဉ်ပေါ်မှာ ငိုကြလဲသိလား။ ကျွန်တော်တို့လူကြီးတွေ လေယာဉ်စီးတဲ့အခါ နားအူတာမျိုး ကြုံဖူးကြတယ်မဟုတ်လား။ လေဖိအားကြောင့် သက်ရှိတိုင်းလိုလို နားအူတာကို ခံစားရမှာပါ။ ကျွန်တော်တို့က လူကြီးတွေဖြစ်တာကြောင့် ဘာမှမဖြစ်ပေမယ့် နားအူတာ အနေခက်တဲ့အတွက် စကားမပြောတတ်တဲ့ကလေးတွေကတော့ ထုံးစံအတိုင်း ငိုခြင်းနဲ့ပဲ ဖော်ပြကြပါတယ်တဲ့။

READ
ချစ်သူကောင်မလေးရဲ့သစ္စာရှိမှုကို ယောဂဆရာနဲ့ စမ်းသပ်ခဲ့တဲ့အမျိုးသား
Pixabay-talibabdulla

Penny

SHARE