မိသားစုရေကူးကန်ထဲ ၀င်အောင်းနေတဲ့ (၉) ပေအရှည်ရှိ မိကျောင်းကြီး

ဖလော်ရီဒါမှ မိသားစုတစ်စုဟာ မနက်ခင်းတစ်နေ့မှာ မမျှော်လင့်ပဲ ရေကူးကန်ထဲ မိကျောင်းကြီးတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ Palm Beach Gardens နေသူ Mike Evans က တော့ ကျွန်တော်တစ်မနက်မှာ ကျွန်တော့်အိမ်နောက်ဖေးခြံကို ခွေးလွှတ်ဖို့အတွက် စစ်ကြည့်ရင်း ရေကူးကန်ဆီ မျက်လုံးက ရောက်သွားတယ်။ ရေကူးကန်ထဲမှာ သတ္တ၀ါတစ်ကောင်က ရောက်နေတယ်။ အံ့သြစရာပဲ မိကျောင်းကြီးတစ်ကောင်ရောက်နေတာ…” လို့ အွန်လိုင်းမှာ တင်ခဲ့ပါတယ်။

viralhog

ထို့နောက်မှာတော့ အိမ်ပိုင်ရှင်ဟာ ပရိုဖက်ရှင်နယ် မိကျောင်းဖမ်းသမားကို ခေါ်ပြီး မိကျောင်းကြီးကို ဖယ်ရှားဖို့ လုပ်ခဲ့ရပါတယ်။ မိကျောင်းဖမ်းသမားလာတဲ့ အခါမှာတော့ () ပေထင်ပြီး မိကျောင်းကို ကိရိယာအသေးနဲ့ ခေါ်ဖို့လုပ်တာ မရပါဘူး။ နောက်တော့ မိကျောင်းကြီးဟာ () ပေတောင် ရှိနေတာကြောင့် ပိုကြီးတဲ့ မိကျောင်းဖမ်းကိရိယာကြီးနဲ့ ဖမ်းဆီးမှ ရေကန်ပေါ်ကို ပါလာခဲ့ပါတယ်။

viralhog

မိကျောင်းဖမ်းသမားကြီးဟာ ရှိသမျှ အားကုန်သုံးပြီး မိကျောင်းကို ဖမ်းဆီးရတာကြောင့် မိကျောင်းဖမ်းတဲ့တုတ်ကြီးပါ မိကျောင်းကြီးဝိတ်နဲ့ ကွေးသွားတာကို မြင်ရမှာဖြစ်ပါတယ်။ မိကျောင်းကြီးရဲ့ ထက်လှတဲ့ သွားတွေကိုလည်း အတိုင်းသားတွေ့ရဦးမှာပါ။

viralhog

မိကျောင်းဖမ်းသမားကြီးဟာ မိကျောင်းကြီးကို အိနြေ္ဒရရနဲ့ပဲ ကွန်ကရစ်ပေါ်ကို ဆွဲတင်ခဲ့တာ ဖြစ်ပါတယ်။ မိကျောင်းကတော့ မိကျောင်းဖမ်းသမားကြီး ဆွဲခေါ်ရာနောက်ကို မလိုက်ချင်ပဲ ပေကပ်ကပ်နဲ့ ခြေထောက်တွေကို လှူပ်ရုံသာလှူပ်ပြီး ပါလာခဲ့တာပါ။

viralhog

မိကျောင်းကြီးကို ဖမ်းဆီးပြီး ကားပေါ်ခေါ်တင်ဖို့ မိနစ်(၂၀) လောက်အချိန်ပေးခဲ့ရပြီး ဖမ်းဆီးပြီးနောက် ဘေးလွတ်ရာ ဖလော်ရီဒါတောတွင်းတစ်နေရာစီ ပြန်လွှတ်ခဲ့ပါတယ်။ မိကျောင်းကြီးဟာ ဘယ်လိုလုပ်ပြီး ခြံစည်းရိုးတွေကို ဖြတ်ကာ ရေကန်ထဲ ရောက်နေရသလဲဆိုတာ မသိရပါဘူး။ Florida Fish and Wildlife Conservation Commission (FWC) ကတော့ ခုလို အချိန်မျိုးဟာ မိကျောင်းတွေရဲ့ မိတ်လိုက်ရာသီဖြစ်နေတာကြောင့် သာမန်ထက်ပိုပြီး လှူပ်ရှားတက်ကြွတတ်ကြလို့ ပိုသတိထားရတယ်လို့ ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

READ
ကားအပြင်ကို ကိုယ်တစ်ပိုင်းထွက်ပြီး ရှုခင်းကြည့်ရာမှ အသက်ဆုံးရှုံးခဲ့ရတဲ့ ဆယ်ကျော်သက်

Ref: Dailymail

SHARE