နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ခွင့်ရဖို့ ကြိုးစားရင်း လွဲချော်ခဲ့ရတဲ့ ရုပ်ရှင်ကားများ

Instagram/LucyHale_Imdb/FiftyShadeofGrey

နာမည်ကြီးသရုပ်ဆောင်တိုင်းက သူတို့လိုချင်တဲ့ ဇာတ်ကောင်နေရာတွေကို အလွယ်တကူ မရနိုင်တဲ့ အခိုက်အတန့်တွေလဲ ရှိကြပါတယ်။ ဘယ်သူမဆို အောင်မြင်မှု လမ်းကြောင်းပေါ်ကို မရောက်ခင်မှာတော့ ရုန်းကန်ခဲ့ရသူချည်းပါပဲ။ ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်တွေမှာလည်း အကောင်းဆုံးကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။

Lucy Hale 

 

 

View this post on Instagram

 

just pondering my next hair change 😈

A post shared by Lucy Hale (@lucyhale) on

ABC ရဲ့အပေါက်ဆုံး series တစ်ခုဖြစ်ခဲ့တဲ့ Pretty Little Liars ရဲ့ ခေါင်းဆောင်မင်းသမီး Lucy Hale ကတော့ Fifty Shades Of Grey ဇာတ်ကားတွေမှာ မင်းသမီးနေရာက Anastasia Steele နေရာအတွက် ၀င်ရောက် ရွေးချယ်ခံခဲ့ပေမယ့် အရွေးမခံခဲ့ရပါဘူး။ အဲ့ဒီ အတွေ့အကြုံကို Lucy ပြန်ပြောခဲ့ရာမှာတော့ အစမ်းသရုပ်ဆောင်တဲ့ အချိန်မှာ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေ ပြောခဲ့တာ များလွန်းလို့ သူမဘာတွေ ပြောခဲ့လဲဆိုတာတောင် မသိတော့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ Anastasia အဖြစ် ရွေးချယ် မခံခဲ့ရပေမယ့် ဝင်ရောက်အရွေးခံရတာ သူမအတွက် ပျော်ဖို့ကောင်းတဲ့ အတွေ့အကြုံ အသစ်တစ်ခု ရရှိခဲ့တယ်လို့လည်း ၀န်ခံခဲ့ပါတယ်။ Anastasia အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရတာတော့ Dakota Johnson ပဲ ဖြစ်ပါတယ်။

Freddie Prince Jr 

 

မင်းသား Freddie Prince Jr ကတော့ သူ့ရဲ့ အတွေ့အကြုံကို အခုလို ဝေမျှခဲ့ပါတယ်။ (၂၀၁၀)ခုနှစ် အစောပိုင်းတုန်းက Spider Man ရုပ်ရှင် အတွက် ဒါရိုက်တာ Sam Raimi နဲ့သွားတွေ့ခဲ့ရတဲ့ အချိန်မှာ သူအရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်တဲ့။

Sam က သူ့ကို ဘာလို့ Spider Man ကို ကြိုက်တာလဲလို့ မေးလိုက်တဲ့ အချိန်မှာတော့ Freddie က Spider Man ကို သူဘာလို့ကြိုက်လဲဆိုတာ အကျယ်တဝင့်ရှင်းပြနေရင်းနဲ့ Ailen Symbiote ဖြစ်တဲ့ Venom အကြောင်းဘက် စကား ရောက်သွားခဲ့ပါတယ်။ တွေ့ဆုံးပြီးအချိန်မှာတော့ Freddie က သူ Spider Man အကြောင်းအစား Venom အကြောင်းကို ၂၅ မိနစ်လုံးပြောခဲ့မိလို့ သူ့ကိုယ်သူ အရမ်းစိတ်တွေတိုပြီး အိမ်ပြန်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ Spider Man နေရာကိုတော့ Spider Man မင်းသားတွေ အားလုံးထဲမှာ အကောင်းဆုံး အလိုက်ဖက်ဆုံးလို့ ပရိသတ်အများစု သတ်မှတ်ထားတဲ့ Tobey Maguire က ရရှိသွားခဲ့ပါတယ်။

Scarlett Johansson

READ
ညို့အားပြင်းတဲ့ အကြည့်တွေနဲ့ ပရိသတ်ကိုရင်ခုန်သွားစေတဲ့ ပတ်ထရစ်ရှာ

 

 

View this post on Instagram

 

Here’s your look at the @EntertainmentWeekly exclusive cover for Marvel Studios’ #BlackWidow. Read more at EW.com

A post shared by Marvel Studios (@marvelstudios) on

Marvel ရဲ့ နာမည်ကျော် မင်းသမီး Scarlett Johansson ကတော့ Jumanji ထဲက အဓိက ကလေးသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Judy Shephard နေရာက သရုပ်ဆောင်ဖို့ ဝင်ရောက် အရွေးချယ်ခံခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့်လဲ သူမက Judy နေရာကို မရရှိခဲ့ဘဲ Spider Man မင်းသမီးချောလေး Kristen Dunst ကပဲ ရရှိသွားခဲ့ပါတယ်။

Robert De Niro

READ
တစ်ချိန်က နာမည်ကြီး ရုပ်ရှင်ကားကို ပြန်ရိုက်တော့မယ့် Will Smith နဲ့ Kevin Hart
Twitter/RobertDeniro

အသက်ကြီးပေမယ့် မပျက်ဆီးသေးတဲ့ မင်းသားကောင်းကြီး တစ်ယောက်ဖြစ်တဲ့ Robert De Niro ကတော့ Godfather ရဲ့ ပထမဆုံးရုပ်ရှင်မှာ Santino “ Sonny” Corleone နေရာမှာ သရုပ်ဆောင်ဖို့ ဝင်ရောက် အရွေးချယ်ခံခဲ့ဖူးပါတယ်။ De Niro က Sonny နေရာကို မရရှိခဲ့ပေမယ့် ဒါရိုက်တာဖြစ်သူ Francis Ford Coppola ကတော့ သဘောကျလွန်းလို့ နောက်ထွက်ရှိခဲ့တဲ့ Sequel မှာ ခေါင်းဆောင်နေရာကို ပေးအပ်ခဲ့ပါတယ်။ Sonny နေရာကိုတော့ James Caan ကရရှိသွားခဲ့ပါတယ်။

Britney Spears 

 

 

View this post on Instagram

 

🌹🌹🌹

A post shared by Britney Spears (@britneyspears) on

Entertainment Tonight ရဲ့ပြောကြားချက်အရ Britney Spears က The Notebook ရဲ့ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Aliie Calhoun နေရာမှာ သရုပ်ဆောင်ဖို့ ဝင်ရောက် အရွေးချယ်ခံခဲ့သော်လည်း မရရှိခဲ့ပါဘူး။ Spears တစ်ယောက်ထဲ အငြင်းခံခဲ့ရတာလား ဆိုတော့လဲ မဟုတ်ပါဘူး။ Reese Witherspoon, Jessica Biel နဲ့ Jessica Simpson အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်တွေလဲ အငြင်းခံခဲ့ရဖူးပါတယ်။ Allie နေရာကို မင်းသမီး Rachel McAdams ကပဲ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Jessica Alba 

အသားညိုညိုနဲ့ခပ်မိုက်မိုက် မင်းသမီးချောလေး Jessica Alba ကတော့ စပိုင်ဇာတ်ကားတစ်ခုဖြစ်တဲ့ Get Smart မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ဝင်ရောက်အရွေးချယ်ခံခဲ့ဖူးပါတယ်။ သူမရဲ့ Audition တိပ်ကလဲ အင်တာနက်ပေါ်မှာ အောင်မြင်တဲ့ အထိဖြစ်ခဲ့ပေမယ့် ခေါင်းဆောင်မင်းသမီးနေရာကနေ ငြင်းပယ်ခြင်းခံလိုက်ရပါတယ်။ ခေါင်းဆောင်မင်းသမီး နေရာကို ရရှိသွားသူကတော့ Anne Hathaway ပဲ ဖြစ်ပါတယ်။

TPS

SHARE