LGBT မောင်နှမတွေရဲ့ ရွေးချယ်မှုကို ဂုဏ်ယူစွာ လက်ခံပေးထားတဲ့ နာမည်ကြီးဆယ်လီများ

Instagram/ArianaGrande_ChrisEvans_ColinFarell

တစ်ချိန်က လူအဖွဲ့အစည်းတစ်ရပ်မှာ အတော်လေး လက်ခံဖို့ခက်ခဲ့တဲံ့ LGBT တွေဟာ ခွဲခြားဆက်ဆံဖယ်ကျင်ခံရပြီး အထီးကျန်တဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရသူတွေပါ။ အဲ့ဒါကြောင့်လည်း သူတို့ကိုလူတွေနဲ့တန်းတူ အခွင့်အရေးပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေလုပ်ခဲ့ကြပါတယ်။  ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ လူတစ်ချို့ရဲ့အမြင်တွေ တဖြေးဖြေးပြောင်းလဲလာခဲ့ကြပြီး၊ မနှစ်ခြိုက်သူတွေကတော့ ကျန်ရှိနေအုံးမှာပါ။သူတို့အတွက် မိသားစုဝင်တွေရဲ့ စာနာမှု၊ ထောက်ပံ့မှုနဲ့လက်ခံမှုတွေက အဓိကလိုအပ်တဲ့ခွန်အားတစ်ခုဖြစ်ပါတယ်။ ကဲဒီတော့…ကိုယ့်ရဲ့မွေးချင်းမောင်နှမ LGBT တွေအပေါ် ဂုဏ်ယူစွာလက်ခံပေးထားတဲ့ နာမည်ကြီး ဟောလိဝုဒ်စတားတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

 

View this post on Instagram

 

New: Chris Evans & Scott Evans at the #GoldenGlobes 2020 ✨

A post shared by Chris Evans (@teamcevans) on

Chris Evans

Marvel မင်းသား Chris Evans ဟာ LGBTQ ဖြစ်တဲ့ သူ့အကို Scott Evans ကို အပြည့်အ၀ထောက်ခံပေးသူပါ။ Tonight Show Starring Jimmy Fallon ရဲ့ red carpet မှာလည်း ညီအကိုနှစ်ယောက်ကို ချစ်ချင်ခင်ခင်အတူတွဲတွေ့မြင်ခဲ့ရပြီး၊ အဲ့ဒီမှာ Evans က သင့်မှာ gay ညီအကို တစ်ယောက်ရှိတယ်ဆိုရင် သူ့ကို သနားဂရုဏာနဲ့နားလည်မှု ရှိရှိပျိုးထောင်ပေးပါ၊ သူ့မှာလည်း အဲ့လို ညီရှိပါတယ်။ LGBT အခွင့်အရေးနဲ့ပတ်သက်ပြီးသူ့ညီရဲ့ စိတ်အားထက်သန်မှုအတွက်လည်း ဂုဏ်ယူတယ်လို့ ဖြေကြားခဲ့ပါတယ်။

 

View this post on Instagram

 

Happy 30th to my beautiful brother 🙂 Aquarius ♒️ twins #OTRvegas

A post shared by Chloe Grace Moretz (@chloegmoretz) on

Chloë Grace Moretz

gay အကိုနှစ်ယောက်နဲ့အတူကြီးပြင်းလာခဲ့တဲ့ အမေရိကန်မင်းသမီး Moretz ဟာလည်း လိင်တူချစ်သူအခွင့်အရေးအတွက် အစောပိုင်း ထောက်ခံသူတစ်ယောက်ပါ။ Seventeen

magazine အင်တာဗျူးမှာ  Moretz က သူ့အကို Trevor နဲ့ Colin တို့ဟာ သူ့တို့ရဲ့ sexuality ကြောင့် ဆိုးဆိုးဝါးဝါးဆက်ဆံခံရပြီး ကြီးပြီးလာခဲ့ရသူတွေပါ။ သူမရဲ့အကိုတွေနဲ့ပတ်သက်ပြီး မကောင်းပြောတဲ့သူတိုင်းကို သူပြန်ချေပသွားမယ်လို့ ဆိုခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်က Moretz ဟာ The Miseducation of Cameron Post ဆိုတဲ့ လိမ်တူချစ်သူဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။

Colin Farrell

READ
JB မင်္ဂလာဆောင်တဲ့နေ့က သူမ ဘာလုပ်နေခဲ့လဲဆိုတာ ထုတ်ပြလိုက်တဲ့ Selena

(၂၀၁၄)ခုနှစ်က Irish မင်းသား Colin Farrell ဟာ သူ့ရဲ့ gay အကို Eamonn Farrell ရဲ့ sexuality ကို ထောက်ခံပေးပြီး၊ သူတို့ရဲ့မိခင်နိုင်ငံအိုင်ယာလန်မှာ လိင်တူချစ်သူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုပေးဖို့ တောင်းဆိုတဲ့ စာတစ်စောင်အိုင်ယာလန်ရဲ့ Sunday Worldသတင်းစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

lesbianတွေ gayတွေကို တန်းတူအခွင့်အရေးပေးဆက်ဆံသင့်တယ်ဆိုပြီး ရေးသားခဲ့တာပါ။ အိုင်ယာလန်နိုင်ငံဟာ (၂၀၁၅)ခုနှစ်နိုဝင်ဘာမှာ လိင်တူလက်ထပ်ခွင့်တရားဝင်ခွင့်ပြုပေးလိုက်ပြီး၊ မြောက်အိုင်ယာလန်က ဒီနှစ် ဇန်န၀ါရီလက ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

 

 

View this post on Instagram

 

to my best friend on her golden birthday, i love you with all of my heart. thank you for ALWAYS making me smile. for always ALWAYS being there for me. for lifting me up when i was down. for ALWAYS believing in me, even when i couldn’t believe in myself… i am alive today because you have been the greatest sister a man could have ever asked or hoped for. if i could cast a patronus it would ABSOLUTELY HAVE A HIGH PONYTAIL. 😋 and know i will ALWAYS be there for you… I missed your birthday once cause i was getting my ass sober and i promised i would never miss another… so i am getting my sober ass on a plane and i will be there for you soon. ✈️ i am so proud of you ariana… now. forever. always. ✨ happy happy happy happy birthday… i know it will be filled with love light and joy, and i can’t wait to celebrate with you! 👯🎂

A post shared by Frankie James Grande (@frankiejgrande) on

 Ariana Grande

READ
သင်မသိလောက်သေးတဲ့ Rihanna ရဲ့ ဘ၀အစိတ်အပိုင်းအချို့....

ပေါ့ပ်အဆိုတော်မလေး Ariana Grande ဟာ သူ့ရဲ့ stepbrother အကို Frankie Grande နဲ့အတော်လေးချစ်ခင်ကြပါတယ်။ Grande ရဲ့အကို Frankie က ဂေးတစ်ယောက်ဖြစ်ပါတယ်။ Frankie က Attitude မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ သူဟာကံကောင်းတဲ့သူမှာ သူဂေးဖြစ်ပေမယ့်လက်ခံပြီး ဂုဏ်ပြုပေးတဲ့ စိတ်ဓာတ်ပြည့်ဝပြီး ပွင့်လင်းတဲ့ညီမနဲ့မိသားစုဝင်တွေပိုင်ဆိုင်ထားရတယ်လို့ဆိုပါတယ်။

Anne Hathaway

အော်စကာဆုရခဲ့ဖူးတဲ့ မင်းသမီး Anne Hathaway က သူမနဲ့သူမမိသားစုဟာ လိင်တူချစ်ကြိုက်မှုကို တားမြစ်ထားတဲ့ ဘာသာရေးကို ကိုးကွယ်တော့မှာ မဟုတ်ကြောင်း ကြေညာချိန်တုန်းက အဲ့သတင်းဟာ သတင်းခေါင်းကြီးပိုင်းမှာနေရယူခဲ့ပါတယ်။ တကယ်တော့ Hathaway ရဲ့ အစ်ကိုဟာ ဂေးတစ်ယောက်ဖြစ်ပြီး Hathaway က သူမရဲ အစ်ကို ကို အမြဲထောက်ပံ့ပေးခဲ့တဲ့အပြင် LGBTQ အသိုင်းအ၀ိုင်းတွေကိုပါ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဂေးကျောင်းသားတွေကို အနိုင်ကျင့်စော်ကားပြီး လိင်ခွဲခြားဆက်ဆံမှုကို ရှုတ်ချကြောင်းပြောဆိုခဲ့ပါတယ်။ သူမရဲ့လှုပ်ရှားမှုတွေအတွက်(၂၀၁၈)ခုနှစ်မှာ Human Rights Campaign (HRC)မှ National Equality Award ဆုကို ရရှိခဲ့ပါတယ်။

Khaing Sandar

SHARE