အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာတဲ့ လူ့သမိုင်းရဲ့ သိမှတ်ဖွယ် အဦးအစပုံရိပ်များ

ပထမဦးဆုံးအနေနဲ့ ကင်မရာကို တီထွင်ပြီးနောက်မှာ လူသားမျိုးနွယ်ဟာ သမိုင်းတွင်ဖွယ် ဖြစ်ရပ်အတော်များများကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အောက်မှာ တွေ့ရမယ့် ပုံရိပ်တွေကတော့ လူသားတွေအနေနဲ့ ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်မှာ ဘယ်လောက်တောင် ခရီးပေါက်ခဲ့ပြီလဲဆိုတာ ဖော်ပြနေပါတယ်။ လက်ရှိ ယနေ့ခေတ်လူသားတွေ အသုံးပြုနေတဲ့ ပစ္စည်းတွေဟာ တစ်နေ့တစ်ချိန်တုန်းက အဦးအစအနေနဲ့ ပထမဆုံးစတင် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သမိုင်းရဲ့ ထင်ရှားတဲ့ ပထမဆုံးတီထွင်အောင်မြင်ခဲ့ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁၈၃၉) ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဆဲလ်ဖီ

Robert Cornelius

အပေါ်က ဓာတ်ပုံဟာ ကမ္ဘာ့ပထမဆုံးဆဲလ်ဖီလို့ ယူဆရပါတယ်။ (၁၈၃၉) ခုနှစ်က ရိုက်ကူးထားတဲ့ Robert Cornelius ရဲ့ ရုပ်ပုံပဲ ဖြစ်ပါတယ်။ Cornelius ဟာ အခုလို တွေ့ရတဲ့ပုံအတိုင်း ထွက်လာဖို့ အလင်းအမှောင်ချိန်ပြီး (၃-၁၅) မိနစ်ထိ အချိန်ယူခဲ့ရတယ်လို့ Library of Congress အရ သိရပါတယ်။

ကမ္ဘာ့ပထမဆုံး နှလုံးတု

Dmitry Telyshev

စမ်းသပ်မှုအပြည့်အ၀အောင်မြင်ပြီးခဲ့တဲ့ နှလုံးတုဟာ လူနာပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေကို ရှင်သန်စေခဲ့ပါတယ်။ တကယ့်နှလုံးအစစ်နဲ့ မတူပဲ နှလုံးတုဟာ သွေးတွေကို အချိုးကျကျ လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ဖြန့်ဝေပေးပြီး အဆုတ်ကို အောက်ဆီဂျင်ရဖို့ သွေးတွေပို့လွှတ်ပေးပါတယ်။ ၄င်းနှလုံးတုကို Abiocor လို့ခေါ်ပြီး တိုင်တေနီယမ်၊ ပလတ်စတစ်တို့နဲ့ ပြုလုပ်ကာ သူ့အရွယ်အစားက ဘေ့စ်ဘောလောက် ရှိပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းတစ်ချို့ရဲ့ ကျောင်းသားတွေအတွက် နေ့လည်စာတွေ

ပထမဆုံး မော်တော်ဆိုင်ကယ်မောင်းလိုင်စင်ရခဲ့တဲ့ အမျိုးသမီး

Library of congress

(၁၉၀၀) ခုနှစ်မှာ Anne French ဟာ ၀ါရှင်တန်ဒီစီမှာ ပထမဆုံးမော်တော်ဆိုင်ကယ်မောင်းလိုင်စင်ရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ဆိုင်ကယ်မောင်းလိုင်စင်ရသူ အမျိုးသမီးကတော့ Sally Halterman ဆိုသူဖြစ်ပြီး (၃၇) နှစ်အကြာ (၁၉၃၇) ခုနှစ် စက်တင်ဘာလမှ လိုင်စင်ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံး ရိုက်ကူးခဲ့တဲ့ မိုးကြိုးဓာတ်ပုံ

William Jennings

မိုးကြိုးကို ဓာတ်ပုံရိုက်ကူးဖို့ဆိုတာ မလွယ်ကူပါဘူး။ ကင်မရာကို အတိအကျချိန်ထားဖို့ လိုအပ်တဲ့အပြင် ရှက်တာအဖွင့်အပိတ်ကို အချိန်ကိုက် ထိန်းနိုင်မှ ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း တိုးတက်လာတဲ့ နည်းပညာတွေအရတော့ မိုးကြိုးကို ဓာတ်ပုံရိုက်ကူးရတာ အင်မတန်လွယ်ကူလာပါပြီ။ (၁၈၈၂) ခုနှစ်မှာတော့ ဓာတ်ပုံဆရာ William Jennings ဆိုသူဟာ မိုးကြိုးကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ယခုပုံဟာ ပထမဆုံးရိုက်ကူးခဲ့တဲ့ မိုးကြိုးပုံ ဖြစ်လာပါတယ်။

ကမ္ဘာ့ပထမဆုံး ဆဲလ်ဖုန်း

Rico Shen

ကမ္ဘာ့ပထမဆုံး ဆဲလ်ဖုန်းကို Motorola က တီထွင်ခဲ့ပါတယ်။ အပေါ်က ပုံကတော့ Motorola ၀န်ထမ်း Martin Cooper က ကမ္ဘာ့ပထမဆုံးဆဲလ်ဖုန်းကို အသုံးပြုပြီး ဖုန်းခေါ်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဖုန်းဟာ (၂) ပေါင်အလေးချိန်ရှိပြီး အားသွင်းဖို့ (၁၀) နာရီကြာ အချိန်ယူရပါတယ်။

READ
အတောင်ပံရှိပေမယ့် မပျံနိုင်တဲ့ငှက်(၇)မျိုး

ပထဆုံးရောင်စုံဓာတ်ပုံ

James Clerk Maxwell

ပထမဆုံးရောင်စုံကာလာဓာတ်ပုံကို သင်္ချာရူပဗေဒပညာရှင် James Clerk Maxwell ဆိုသူက ရိုက်ကူးခဲ့တာပါ။ အပေါ်မှာမြင်ရတဲ့ ဓာတ်ပုံကတော့ ပထမဆုံးတာရှည်ခံတဲ့ ရောင်စုံဓာတ်ပုံတစ်ပုံ ဖြစ်လာပါတယ်။ ဓာတ်ပုံထဲက ပုံကတော့ သုံးရောင်ခြယ်ဖဲကြိုးလေးတစ်ခုပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး မော်တော်ယာဉ်

Wikipedia

(၁၈၉၆) ခုနှစ် ဇွန်လ(၄) ရက်နေ့မှာ ဟင်နရီဖို့ဒ်ဟာ ဘီးလေးဘီးပါ ယာဉ်တစ်စီးကို ဇနီးဖြစ်သူနဲ့အတူ မောင်းပြခဲ့ပါတယ်။ ဒါဟာ သူကိုယ်တိုင်တီထွင်ထားတဲ့ မော်တော်ယာဉ်ပဲ ဖြစ်ပါတယ်။ စက်ရဲ့ အင်ဂျင်ဟာ အီသနောပါဝါအားသုံးထားတဲ့ အင်ဂျင်ဖြစ်ပြီး စက်ဘီးတာယာတွေကို ဘီးအနေနဲ့ အသုံးပြုထားပါတယ်။ အစောပိုင်း ဟင်နရီဖို့ဒ်ဆောက်လုပ်ခဲ့တဲ့ မော်တော်ယာဉ်တွေဟာ သူကိုယ်တိုင် လက်အားနဲ့ သေချာစီမံတည်ဆောက်ရလို့ အင်မတန်ဈေးကြီးပါတယ်။ ပုံမှာတွေ့ရတဲ့ ယာဉ်ဟာ ‘Quadricycle’ လို့ အမည်ရပြီး ၄င်းကြောင့် မော်တော်ယာဉ်လောကဟာ အလျင်အမြန် တိုးတက်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: mindblowingfacts

SHARE