“၀” တဲ့လူတွေနဲ့ အလုပ်အတူ မလုပ်ချင်ဘူးပြောလို့ ဝေဖန်ခံနေရတဲ့ စာရေးဆရာမ

[email protected] samanthajyardley

ဝတဲ့လူပဲဖြစ်ဖြစ်၊ ပိန်တဲ့လူပဲဖြစ်ဖြစ် လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ် အလှနဲ့ ကိုယ်ပါပဲ။ ဘယ်သူမှ အဲဒီအပေါ်ကို ဝေဖန်သုံးသပ်ပြောဆိုခွင့်မရှိပါဘူး။ ဝတဲ့လူတွေဟာလည်း ငါဝလို့ မလှဘူး မထင်ပါနဲ့။ ကိုယ့်အပေါ်ကို ကိုယ်ယုံကြည်ချက်ရှိပါ။ ဘယ်သူတွေ ဘာပြောပြော ဂရုကိုစိုက်မနေပါနဲ့။ အခုလည်း နာမည်ကြီး Fitness စာရေးဆရာမတစ်ယောက်ဟာ ဝတဲ့လူတွေနဲ့ အလုပ်တွဲမလုပ်ချင်ကြောင်း ရှိုးအစီအစဉ်တစ်ခုမှာ ထုတ်ပြာခဲ့တာကြောင့် လူတော်တော်များများရဲ့ ဝေဖန်အပြစ်တင်မှုတွေကို အပြင်းအထန်ခံနေရကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ Fitness စာရေးဆရာမကတော့ UK နိုင်ငံက အသက် ၃၄ နှစ်အရွယ် Samantha Yardley ပဲ ဖြစ်ပါတယ်။ Samantha ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၂.၇.၂၀၂၀)တုန်းက This Morning ဆိုတဲ့ Talk show အစီအစဉ်တစ်ခုမှာ သူမအနေနဲ့ကတော့ ဝတဲ့လူတွေနဲ့ အလုပ်တွဲမလုပ်ချင်ကြောင်း၊ ဝတဲ့လူတွေဟာ စိတ်အတက်အကျမြန်ပြီး သူတို့ဝတဲ့အပေါ်မှာ အချိန်ပြည့် ယုံကြည်မှုပျောက်ဆုံးနေတတ်ကြကြောင်း၊ ဒါ့ကြောင့် သူမဘဝမှာ ဝတဲ့လူတွေနဲ့ လုံးဝကို အလုပ်တွဲမလုပ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောပြီး သိပ်မကြာခင် ဆိုရှယ်မီဒီယာပေါ်မှာ လူတော်တော်များများက Samantha ရဲ့ ခံယူချက်အပေါ်မှာ ဝိုင်းဝန်းဝေဖန်အပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒါကိုတောင် Samantha က ပြန်မတောင်းပန်တဲ့အပြင် ဝတဲ့လူတွေနဲ့ အလုပ်တွဲမလုပ်ချင်လို့ကို မလုပ်တဲ့အကြောင်း အကျယ်တဝင့် သူမရဲက Instagram အကောင့်ကနေ ပို့စ်တင်ခဲ့ပါတယ်။

READ
ကိုယ်ခံပညာပြကွက်တွေကို ကြည့်လို့မရိုးအောင် အမျိုးမျိုးသရုပ်ဖော်သွားတဲ့ တိုက်ကွမ်ဒိုအသင်း

https://www.instagram.com/p/CCjZUpaD9OW/

“ကျွန်မပြောတာကတော့ ရှင်းရှင်းလေးပါ။ လူတွေက ဘာတွေကိုဘယ်လိုနာနေကြမှန်း ကျွန်မစဉ်းစားလို့ကို မရဘူး။ ဝတဲ့လူတွေအပေါ် shaming လုပ်တာ မဟုတ်ပါဘူး။ လှောင်ပြောင်နေတာလည်း မဟုတ်ပါဘူး။ ကျွန်မခံယူချက်ကို ကျွန်မပွင့်ပွင့်လင်းလင်းပြောတာ ပြောလို့မရဘူးလား။ ဝတဲ့လူတွေနဲ့ အလုပ်တွဲလုပ်ဖူးတယ်။ သူတို့က သူတို့ ဝတဲ့အပေါ်မှာပဲ အချိန်ပြည့် ခံစားပြီး စိတ်အားငယ်နေတတ်ကြတာ။ အဲဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်ရင် ခရီးမတွင်ဘူး။ အလုပ်မပြီးဘူး။ ဒါကြောင့် ကျွန်မဝတဲ့လူတွေနဲ့ အလုပ်တွဲမလုပ်ချင်တာပါ”လို့ Samantha က ပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/CC_oSqbjWoA/

Pyi Hein Kyaw

SHARE