ရုပ်ရှင်ကားတစ်ခုမှာ အတူတွဲပြီး သရုပ်ဆောင်ကြမယ့် သူတို့လေးယောက်

မထက်၊ခင်စန်းဝင်း၊လင်းလင်းနဲ့ ညီညီမောင်တို့ကတော့ ပရိသတ်တွေကြားမှာ မသိတဲ့သူမရှိအောင် ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် အလှဖန်တီးရှင်တွေဖြစ်ကြပါတယ်။သူတို့ကတော့ သူတို့ရဲ့ အလှဖန်တီးစွမ်းရည်ကြောင့်သာမက အခြားသောအနုပညာရှင်စွမ်းရည်တွေကြောင့်လည်း ပရိသတ်တွေကြားမှာကျော်ကြားတာဖြစ်ပါတယ်။ သူတို့လေးယောက်ကတော့ ပရိသတ်တွေကို သူတို့ရဲ့ အမိုက်စား သရုပ်ဆောင်စွမ်းရည်တွေကိုလည်း ပြသတော့မှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မထက်၊ခင်စန်းဝင်း၊လင်းလင်းနဲ့ ညီညီမောင်တို့လေးယောက်ကတော့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ ဝေမင်းမောင်နဲ့ တွေ့ဆုံပြီး  သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားအတွက် စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ ညီညီမောင်ကတော့ သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ “ရုပ်ရှင် ရိုက်တော့မယ် ချစ်ရတဲ့သူတွေနဲ့ ” လို့ရေးထားပြီး ဓါတ်ပုံတွေကိုတင်ပေးထားတာဖြစ်ပါတယ်။

ဘယ်လို ရုပ်ရှင်ကားမျိုးကို ရိုက်ကူးမယ်ဆိုတာ ထုတ်ပြောခြင်းမရှိသေးပေမဲ့ ထူးခြားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်မယ်ဆိုတာတော့ အသေအချာပါပဲ။ စောင့်မျှော်အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

Source: Nyi Nyi Maung

SHARE