မကြာသေးခင်နှစ်တွေအတွင်း ဆယ်လီအနုပညာရှင်တွေရော၊ influencer တွေအပါအဝင် အမျိုးသမီးအများဟာ အိတ်သေးသေးလေးတွေကို နှစ်ခြိုက်လာကြပါတယ်။ အိတ်တံဆိပ်အမျိုးမျိုးကလည်း ၄င်းတို့ရဲ့ရောင်းအားပေါ်မူတည်ပြီး အိတ်တွေကို ပုံစံအမျိုးမျိုး ထွင်လာပါတယ်။ အပြင်ထွက်တဲ့အခါ ပစ္စည်းအများကြီးမသယ်ချင်တဲ့ အမျိုးသမီးတွေအတွက်တော့ အခုလို ပေါ့ပေါ့ပါးပါးနဲ့ အမြင်လည်းဆန်းတဲ့ အိတ်ဒီဇိုင်းလေးတွေက အဆင်ပြေစေမှာပါ။ Womensweekly သတင်းစာမျက်နှာကနေ ဖော်ပြပေးလိုက်ပါတယ်။
Balenciaga Shopping Phone Holder

Mini tote တွေအကြောင်းပြောတဲ့အခါ Balenciaga ကိုချန်ထားလို့ မဖြစ်နိုင်ပါဘူး။ Balenciaga ဟာ မနှစ်တုန်းက မိုဘိုင်းဖုန်းတစ်ခုစာသာသာ အရွယ်အစားရှိတဲ့ ဈေးဝယ်အိတ်အသေးစားလေးကို ဖန်တီးခဲ့ပါတယ်။ Hyuna က ပန်းပွင့်လေးတွေရိုက်နှိပ်ထားတဲ့ဖုန်းအိတ်လေးကို သူမအင်စတာဂရမ်ပေါ်တင်ထားခဲ့ပါသေးတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၁၁၈၀ ဖြစ်ပါတယ်။
Celine Mini Vertical Cabas in Triomphe Canvas

Lisa ရဲ့အိတ်စုစည်းမှုထဲ နောက်ဆုံးထည့်ထားတဲ့ အိတ်ဒီဇိုင်းလေးဖြစ်ပါတယ်။ သူမကိုယ်တိုင် အင်စတာဂရမ်ပေါ်မျှဝေထားတဲ့ အခုအိတ်လေးဟာ Celine Cabas tote bag လေးဖြစ်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၁၇၀၀ဖြစ်ပါတယ်။
Louis Vuitton Petit Sac Plat

LV ကလည်း mini tote bag ရေစီးကြောင်းထဲ ပါဝင်လာပါတယ်။ သူကတော့ အိတ်ကို လက်ကကိုင်လို့ရသလို ကြိုးသိုင်းလည်းလွယ်လို့ရအောင် ဖန်တီးထားပါတယ်။ ပခုံးကြိုးက အလျော့အတင်းလုပ်လို့ရသလို ဖြုတ်တပ်လို့လည်း ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၅၀ ဖြစ်ပါတယ်။
Celine Mini Vertical Cabas Celine in Canvas with Celine Print and Calfskin

Esther Yu ဟာ Lisa ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အခုမြင်ရတဲ့အိတ်ကိုတော့ သူမ idol အိတ်ပို့စ်မတင်ခင်ကတည်းက သူမက ပို့စ်တင်ထားခဲ့တာပါ။ အိတ်သားက ခေတ်ဟောင်းစတိုင်ပုံစံဖြစ်ပြီး နွားကလေးသားရေနဲ့ ချုပ်လုပ်ထားပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၁၈၀၀ ဖြစ်ပါတယ်။
Dior Vertical Book Tote

လောလောဆယ်တော့ အရမ်းခေတ်စားနေတဲ့ Dior ရဲ့ အိတ်လေးပါ။ Dior Chinese Valentine’s Day ကိုတက်ရောက်ခဲ့တဲ့ Angelababy ကိုတော့ vertical book tote လေးကိုင်ထားတာ အခုလိုတွေ့ခဲ့ရတာပါ။ အိတ်ဈေးနှုန်းကတော့ ဒေါ်လာ ၃၉၀၀ ဖြစ်ပါတယ်။
ShweMom