၂၀၁၉ ခုနှစ်အတွင်းမှာ ပရိသတ်တွေကြား နာမည်ကျော်လာကြတဲ့ မြန်မာအနုပညာရှင်များ

facebook.sheintinhtoo/paingtakhon/kuku/aungyehtike

၂၀၁၉ ခုနှစ်ထဲမှာတော့ အနုပညာရှင်အသစ်တွေ မြောက်များစွာ ထွက်ပေါ်ခဲ့ပါတယ်။ သူတို့တွေကတော့ အနုပညာလောကထဲမှာ နေရာတစ်ခုကို ရရှိဖို့နဲ့ ပရိသတ်ရဲ့ အားပေးလက်ခံမှုတွေရရှိဖို့အတွက် ကြိုးစားအားထုတ်မှုတွေကိုလည်း အပြိုင်အဆိုင်ပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။တချို့သော အနုပညာရှင်တွေကလည်း အရင့်အရင်ကတည်းက အနုပညာလောကထဲ ရပ်တည်လာကြပြီး ၂၀၁၉ ခုနှစ်ကတော့ သူတို့အတွက် စန်းအတက်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ လူသိများကျော်ကြားလာတဲ့ အနုပညာရှင်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။

ရှိန်းတင်ထူး

သူကတော့ Tik Tok အသုံးပြုသူတွေကြားထဲမှာ နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာ ပရိသတ်တွေကြား နာမည်အကြီးဆုံး ရုပ်ရှင်ကားဖြစ်တဲ့ “တစိမ်းအိမ်” မှာပါဝင်ခဲ့ပြီးနောက်မှာတော့ တဟုန်တိုး နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

facebook.sheintinhtoo

ကူးကူးဇင်အောင်

“တစိမ်းအိမ်” ရုပ်ရှင်ကားမှာ သူမရဲ့ သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေ ထင်မထားလောက်အောင် ကောင်းလွန်းနေခဲ့တာကြောင့် ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရှင်ကားအသစ်တွေကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါပြီ။

READ
လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတဲ့ ပုံရိပ်လေးတွေ မျှဝေလိုက်တဲ့ အေးသောင်း
facebook.kukuzinaung

ဟန်နေတာ

သူကတော့ အရင့်အရင်ကတည်းက သီချင်းချစ်သူ ပရိသတ်တွေကြားမှာ Eternal Gosh Band အဆိုရှင်တစ်ယောက်အဖြစ် နာမည်ကျော်ပေမဲ့ FGLiveLounge ပွဲမှာ မိုးမခအိမ်မက်ခရမ်းပြာကို ဖျော်ဖြေခဲ့တဲ့ ဗီဒီယို ဖေစ့်ဘုတ်ပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့နောက် ပရိသတ်တွေကြား အရင်ကထက် လူသိများလာခဲ့တာဖြစ်ပါတယ်။

facebook.hannaytar

အောင်ရဲထိုက်

သူကတော့ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပြီးခဲ့နှစ်ကုန်ပိုင်းလောက်မှာ လူသိများလာခဲ့ပြီး ပျောက်ဆုံးနေသော အမှန်တရား ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာရရှိခဲ့တာဖြစ်ပါတယ်။ အောင်မြင်လာမယ့် အနုပညာရှင်မျိုးဆက်သစ်တစ်ယောက်လည်းဖြစ်ပါတယ်။

facebook.aungyehtike

ပိုင်တံခွန်

သူကတော့ မြန်မာပရိသတ်တွေကြားမှာ လူသိများပြီးသားအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာတော့ ဖိလစ်ပိုင်၊ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံအထိပါ လူသိများသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ေ်နတာဖြစ်ပါတယ်။

facebook.paingtakhon

ဒေါင်း

သူကတော့ အနုပညာလောကထဲမှာ ရှိနေတာအတော်လေးကြာပြီဖြစ်ပြီး ဒီနှစ်ထဲမှာတော့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိလာတာဖြစ်ပါတယ်။

READ
နတ်သမီးလေးတစ်ပါးလို လှနေလွန်းတဲ့ နန်းဆုရတီစိုး
facebook.daung

အောင်ရေချမ်း

သူကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့ပြီးနောက် ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲကတော့ သူကို ပိုပြီးတော့ ထင်ပေါ်ကျော်ကြားသွားစေခဲ့တာဖြစ်ပါတယ်။

facebook.aung yaychan

April

SHARE