စိတ်ကျရောဂါကို တွန်းလှန် အောင်မြင်ခဲ့ကြတဲ့ ဆယ်လီအမျိုးသမီးများ

ပြိုင်ဆိုင်မှု အရမ်းများလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ လူတိုင်းလိုလို စိတ်ဓါတ်ကျ၊ပြိုလဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးမှာပါ။တစ်ချို့က ဒါကို အချိန်မီတွန်းလှန်နိုင်ပေမယ့် မတွန်းလှန်နိုင်တဲ့ သူတွေကတော့ နောက်ဆုံးမှာ စိတ်ကျရောဂါကို ခံစားရပြီး စိတ်ကျ ရောဂါရဲ့ ၀ါးမြိုတာကိုပါ ခံရတတ်ပါတယ်။ဆယ်လီတွေထဲမှာဆိုရင် စိတ်ကျရောဂါကြောင့် ကိုယ့်ဘ၀ကိုယ်အဆုံးစီရင် လိုက် ကြတဲ့ သူတွေတောင်ရှိပါတယ်။ဒါပေမယ့် စိတ်ကျရောဂါကို တွန်းလှန်ပြီး အောင်မြင်ခဲ့သူတွေလည်း ရှိပါတယ်။ သူတို့တွေကတော့……….

#Ellen Degeneres

pinterest

ကျော်ကြား မှုနဲ့ ပိုက်ဆံက ပျော်ရွှင်မှုကိုတော့ ၀ယ်လို့မ ရနိုင်ပါဘူး။Ellen Show တွေမှာ တက်ကြွပြီး ယုံကြည်မှု အပြည့်နဲ့ စကားပြောကောင်းတဲ့ Ellen ဟာလည်း စိတ်ကျရောဂါ ခံစားခဲ့ရဖူးပါတယ်။အသက်(၁၅)နှစ် မှာတည်းက  ချမ်း သာပြီး အောင်မြင်သူတစ်ယောက် ဖြစ်ခဲ့ တဲ့ သူမဟာ စိတ်ကျရောဂါနဲ့ သူနိုင်ကိုယ်နိုင် တိုက်ပွဲဝင်ခဲ့ရပါတယ်။ စိတ် ဓါတ်ေ တွပြုတ်ကျ၊စိုးရိမ်ကြောင့်ကြ စိတ်တွေ၊ကိုယ့်ကိုယ်ကို မုန်းတီးတဲ့ စိတ်ဝေဒနာတွေကို ခံစားခဲ့ရပါတယ်။  ကုထုံးတွေနဲ့ ဆေး ၀ါးအကူအညီတွေကို ယူခဲ့ပေမယ့်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ပါတီတွေ၊မူးယစ်ဆေး ၀ါးတွေနဲ့ပဲ စိတ်ထွက်ေ ပါက်ရှာခဲ့ပါ တယ်။Outkast song ဖြစ်တဲ့ “SpottieOttieDopaliscious”  က သူမကို အမှောင်ကမ္ဘာထဲကနေ ရုန်းထွက်နိုင်ေ အာင် ကူညီပေးခဲ့တာလို့ ဆိုပါတယ်။ဆေးလွန်သေဆုံးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဈာပနပွဲမှာ ဒီသီချင်းဖွင့်တာကို ကြား လိုက်ရတဲ့ အချိန်မှာတော့ ဒါကသူမအတွက် သတိပေး နေသလို ဖြစ်ခဲ့ပါတယ်။အခုဆိုရင်တော့ Depression ကို ကောင်းကောင်းကြီိး ထိန်းချုပ်နိုင်သွားပြီိလို့ ဆိုပါတယ်။

#Anne Hathaway

pinterest

Disney’ ရဲ့ The Princess Diaries မှာ နာမည်ကြီးခဲ့သူပါ။ဒါပေမယ့် (၂၀၀၇)မှာ Tatler မဂ္ဂဇင်းနဲ့အင်တာဗျူးတစ်ခုမှာတော့ Hathaway က သူမ မအောင်မြင်ခင်တုန်းက စိတ်ကျရောဂါခံစားခဲ့ရဖူးတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အချိန်တော်ကြာ ထိခိုက်နာကျင်ခံစားခဲ့ရကြောင်း၊ကိုယ့်ကိုယ်ကို အဆိုးမြင်စိတ်၊အတ္တစိတ်တွေနဲ့ပဲ ဖုံးလွှမ်းနေခဲ့မိတယ်လို့ ဆိုပါတယ်။

#Angelina Jolie

pinterest

အော်စကာဆုရှင်၊ U.N. Goodwill Ambassador၊ စာရေးဆရာမ၊ဒါရိုက်တာ မဖြစ်ခင်တုန်းက သူမဟာလည်း စိတ် ကျရောဂါခံစားခဲ့ရပါတယ်။ဆယ်ကျော်သက်ဘ၀မှာ စိတ်ကျရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတာပါ။ ဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် သူမကိုယ်သူမ ဓါးနဲ့လှီးတာ၊သူမကိုယ်သူမ သတ်ပေးဖို့ ကိုယ်တိုင် လူမိုက်ငှားတာ ..အဲ့ဒီလို ဆိုးဆိုး ရွား ရွား အရာတွေ ထိ လုပ်ခဲ့တာပါ။ဟောလိဝုဒ်မှ  အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်လာချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာ ခြေအနေက တိုးတက်လာခဲ့ပါတယ်။ဒါပေမယ့်လည်း (၂၀၀၇)ခုနှစ် ၊မိခင်ဖြစ်သူက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား တဲ့ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရပြီးချိန်မှာတော့ သူမဟာ စိတ်ကျရောဂါရဲ့ ၀ါးမြို ခြင်းကို နောက်တစ်ကြိမ် ခံစားခဲ့ ရပါတယ်။ “Want ed” ဇာတ်ကားမှာ ခေါင်းဆောင် မင်းသမီးနေရာကနေ ပါဝင်ဖို့ လက်ခံပြီးချိန်မှာတော့  သူမရဲ့ စိတ်အခြေအနေက ပြန်အ ဆင်ပြေသွားခဲ့ပါတယ်။” ကျမ ကိုယ်ကျ အမှောင်ထဲမှာ ရောက်နေတယ်လို့ ခံစားခဲ့ရတယ်။မနက် မိုးလင်းတော့လဲ အေ မှာင်ထဲက နိုးထလို့ မရသေးဘူး။ဒါကြောင့် ကျမကို Active ဖြစ်အောင် နှိုးဆွ ပေးနိုင်မယ့် အရာကို ရွေးချယ်ခဲ့တာ ..”လို့ ပြောခဲ့ပါတယ်။

READ
သားဖြစ်သူကို အနိုင့်ကျင့်တဲ့ကောင်လေးကို ထူးထူးခြားခြားနည်းနဲ့ ပြောင်းလဲစေခဲ့တဲ့ ဖခင်

#Lady Gaga

pinterest

Lady Gaga  ကတော့ အချိန်အကြာကြီး စိတ်ကျန်းမာရေး ပြဿနာ ခံစားခဲ့ရဖူးပါတယ်။ Billboard နဲ့အင်တာဗျူး မှာတော့ Lady GaGa က သူမရဲ့ တစ်ဘ၀လုံးမှာ စိတ်ကျရောဂါခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ဝမ်းနည်းမှုတွေက သူမကို ဖျက်ဆီးလို့ မရနိုင်တာကို လေ့လာသင်ယူနိုင်ခဲ့ကြောင်း၊သူမကတော့ စိတ်ကျရောဂါနဲ့ တိုက်ပွဲဝင်နေချိန်မှာ ကံကောင်းစွာ နဲ့ပဲ မှုန်ပျပျ အလင်းရောင်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။စိတ်ကျန်းမာရေးပြဿနာကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရ၊တွန်းလှန် ခဲ့ရတဲ့ သူမဟာ Born This Way Foundation က လူငယ်တွေကို ရဲရင့်လာအောင်၊စိတ်ကျရောဂါ၊ Bullying လုပ်ခံရတာတွေကို တွန်းလှန်နိုင်အောင် ကူညီပေးနေတဲ့ ဖောင်ဒေးရှင်းပါ။

#Demi Lovato

.pinterest

မင်းသမီးတစ်ယောက်ဖြစ်သလို ဂီတသမားတစ်ယောက်လည်း ဖြစ်တဲ့ Demi Lovato ကတော့ စိတ်ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် (၂၀၁၀)တုန်းက ဆေးကုသမှုတွေ ခံယူခဲ့ရပါတယ်။ Lovato ကတော့ ၀မှာကို စိုးရိမ်ပြီး အစားအသောက် ပျက်ခြင်းကြောင့် အန္တရယ်ဖြစ်လောက်အောင်ကိုယ်အလေးချိန်ကျဆင်း တဲ့ရောဂါ၊ကြောက်ရွံ့ အားငယ်တဲ့ရောဂါ၊စိတ်ဓါတ်အတက်ကြွလွန်နေတဲ့ Depression ကိုပါ ခံစားနေခဲ့ရတာပါ။တစ်ညတည်း နဲ့ သီချင်း (၇)ပုဒ်လောက်၊မနက်ငါးခွဲလောက်အထိ ထိုင်ရေးပစ် လိုက်တဲ့ နေ့တွေရှိခဲ့ဖူးတယ်လို့ People မဂ္ဂဇင်းကို ပြော ပါတ ယ်။သူမကို ယုံကြည်မှုရှိသူဆိုပြီး ပြောခဲ့ကြပေမယ့် တကယ်က စိတ်ပုံမှန်မဟုတ်ပဲ အလွန်အကြူးစိတ်ကြွ နေတဲ့ ရောဂါကို ခံစားနေခဲ့ရတာပါ။

#Dolly Parton

pinterest

country music ရဲ့ ဘုရင်မတစ်ပါးလို့ တင်စားခံထားရတဲ့ Dolly Parton ကလည်း (၁၉၈၀)နှစ်တွေမှာ စိတ်ကျရော ဂါကို ခံစားခဲ့ရသူပါ။သတ်သေ ဖို့ အထိ ပါကြံ စည်ခဲ့ဖူးသူပါ။နေ့တိုင်း ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်တွေ ဖြစ်ပေါ် ခဲ့ေ ကြာင်း၊ သွေးဆုံးချိန်နဲ့ ကလေးတစ်ယောက်မှ မရှိခဲ့တဲ့ အပေါ် နောင်တ ရစိတ်တွေကနေ သူမဆီမှာ Depression ဖြစ်ေ ပါ် လာရတာလို့ ဆိုပါတယ်။ကံကောင်းတာကတော့ သူမရဲ့ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ဖြေ သိမ့်ရမလဲ ဆိုတာကို သဘောပေါက်နားလည်သွားခဲ့ပါတယ်။ဘုရားသခင်က ကျမမှာ ကလေးရှိတာကို မလိုလားတာက ကလေးတိုင်းကို ကျမကလေးတွေဖြစ်စေချင်နေလို့ပဲ ဖြစ်မယ် ဆိုပြီး သူမက ပြောပါတယ်။

READ
Cupcake လုပ်ရောင်းပြီး အသက် (၂၀) နဲ့ မီလျံနာဖြစ်လာတဲ့ သြစီကောင်မလေး

#J.K. Rowling

pinterest

ဟယ်ရီပေါ်တာ စာရေးဆရာမပါ။ဆင်းဆင်းရဲရဲနဲ့ အလုပ်လက်မဲ့ Single Mother ဖြစ်ခဲ့ရတဲ့ သူမဟာ ကဖေးဆိုင်လေးေ တွမှာ စာရေးရင်းအချိန်ကုန်ဆုံးခဲ့သူပါ။သတ်သေ လိုက်ချင်တဲ့ အတွေးပေါင်းများစွာနဲ့စိတ်ကျရောဂါခံစားခဲ့ရသူပါ။သူမရဲ့ စိတ်ကျန်းမာရေးအတွက် ကုထုံးခံယူခဲ့ရပါတယ်။ကံကောင်းစွာ နဲ့ပဲ အဲ့ဒီရက်တွေမှာ ကျန်းမာ ပျော်ရွှင်ခဲ့ပေမယ့် ဟယ်ရီပေါ် တာ ထဲမှာလည်း သူမရဲ့ Depression က ရှိနေခဲ့ပါတယ်။ လူတွေနဲ့ မှော်ဆရာတွေ ဆီကနေ ပျော်ရွှင်မှုတွေကို စားေ သာက်နေတဲ့ Dementors ဆိုတဲ့ကြောက် စရာအကောင်တွေဟာသတ်သေချင်တဲ့ အတွေးတွေကနေ ဖြစ်ပေါ်လာတဲ့ ဖန်တီးမှုဇာတ်ကောင်တစ်ခုပါ။

#Britney Spears

pinterest

ခေါင်းရိတ်ထားပြီး ခပ်ကြောင်ကြောင် အကြည့်တွေနဲ့ Britney Spears ရဲ့ ပုံ MeMe တွေ၊ကားပြူတင်းပေါက်ကို ထီးနဲ့ လွှဲလိုက်တဲ့ ပုံတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ဒီပုံတွေက သူမရဲ့ Stress level ကို ဖော်ပြနေတာပါ။(၁၉၉၇)မှာ Britney Spears သာ ကောင်းကောင်းကြီးရှင်သန်ကျော်လွှား နိုင်ရင် ငါလဲ ရှင်သန်နိုင်မယ်ဆိုပြီး ပြောတာတွေတောင် ရှိပါတယ်။ လူထုရှေ့မှောက်မှာကွာရှင်းလိုက်တာ၊သူမရဲ့ စိတ်ကျ ဝေဒနာတွေ ကြားမှာ တော်တော်လေးကို ရုန်းကန်ရှင် သန်ခဲ့ရပုံပါ။ြ ပန်လည်ထူထောင်ရေးစင်တာ ကိုပါ  ရောက်ခဲ့ရပါတယ်။အသက်(၁၈)နှစ်တည်းက သူမဟာ ဆရာဝန်ရဲ့ ညွှန်ကြား ကုသ မှုနဲ့ နေလာခဲ့ရပြီး အဲ့ဒီနောက်ပိုင်း တည်းကစပြီး ပထမဆုံးအကြိမ် အဖြစ် Prozac (စိတ်ကျရောဂါကို ကုသတဲ့ ဆေးဝါး) ကို ပထမဆုံးအကြိမ် ပုံမှန် စတင်မှီဝဲခဲ့ရပါတယ်။သူမရဲ့ သားနှစ်ယောက်၊မိတ်ဆွေစစ်တွေနဲ့ Vegas မှာ နေထိုင်ခွင့် တွေ က သူမရဲ့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာ စေခဲ့တယ်လို့ ဆိုပါတယ်။

Source .socialworkdegreeguide

SHARE