ဆယ်လီမမတွေ ပြောတဲ့ အိမ်ထောင်ရေးတည်မြဲမှုရဲ့ လျှို့ဝှက်ချက်..

Relationship တစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ လွယ်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အာရှမဟုတ်တဲ့ အနောက်ဥရောပနိုင်ငံတွေမှာဆိုရင် တစ်ကြိမ်တည်းလက်ထပ်ပြီး အဲ့ဒီအိမ်ထောင်က ရေရှည်တည်မြဲတယ်ဆိုတာ တော်တော်လေးကို ရှားပါတယ်။ တွဲလိုက်၊ လက်ထပ်လိုက်၊ ပြတ်လိုက်ဖြစ်နေတဲ့ နိုင်ငံတကာဆယ်လီလောကထဲမှာ တစ်ကြိမ် တည်းလက်ထပ်ပြီး အိမ်ထောင်ရေးက နှစ်အတော်ကြာတည်မြဲနေသူတွေရှိပါတယ်။ သူတို့တွေ ကေ တာ့……….

1. Salma Hayek

brightside

အိမ်ထောင်သက် (၉)နှစ်ပါ။ Salma  ကတော့ သူမရဲ့ ခင်ပွန်း ဘီလီယံနာစီးပွားရေးသမား François-Henri Pinault နဲ့ (၂၀၀၆) က တွေ့ဆုံခဲ့တာပါ။ မင်္ဂလာပွဲကိုတော့ (၂၀၀၉)မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အိမ်ထောင်သက် (၉)နှစ်ေ ကျာ်ပါပြီ။သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အကြံပြုချက်ကတော့ Sex က အိမ်ထောင်တစ်ခုမှာ အဓိက မကျ ပါဘူးလို့ပြောခဲ့ပါတယ်။ ဘယ်လောက်ပဲ တော်နေ၊ဦးဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ပဲ ဖြစ်နေပါစေ ဇနီးဖြစ် သူဆီက ဂရုစိုက်မှုနဲ့ ကြင်နာယုယမှုကိုတော့ လိုအပ်ကြ၊လိုချင်ကြတယ်လို့ ပြောခဲ့ပါတယ်။

2. Beyoncé

pinterest

အိမ်ထောင်သက် (၁၀)နှစ်ပါ။ Beyoncé နဲ့ Jay-Z  တို့ကတော့ မိတ်ဆွေ partnership ဆက်ဆံရေးကနေ စခဲ့တာပါ။ ’03 Bonnie & Clyde, သီချင်းကို (၂၀၀၂)မှာ အတူတွဲလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ (၂၀၀၈) မှာ လက်ထပ်ခဲ့ပါတယ်။ Beyoncé ကတော့ Relationship တစ်ခုအတွက် အရေးကြီးဆုံးအရာကတော့ “Commu nication” ပါလို့ ပြောခဲ့ပါတယ်။ နားလည်မှုလွဲနေကြတဲ့ အရာတွေပဲ ဖြစ်ဖြစ်၊ တခြားအရာတွေပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဖြေရှင်းမှသာ အဖြေရမယ်၊ အဲ့ဒီ Relationship က ခိုင်မြဲမှာမို့ သူမရဲ့ အကြံပြုချက်ကတော့ “Communication” ပါ။

READ
အချစ်ကိုကိုးကွယ်မှာမဟုတ်တဲ့ အသိဥာဏ်မြင့်မိန်းမတစ်ယောက်ရဲ့ လက္ခဏာ(၅)ခု

3. Jessica Alba

brightside

အိမ်ထောင်သက် (၁၀)နှစ်ပါ။ Jessica နဲ့ Cash Warren  တို့ကတော့ (၂၀၀၄)မှာ စပြီး ဒိတ်ခဲ့တာပါ။ (၂၀၀၈) မှာတော့ လက်ထပ်ခဲ့တာပါ။ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးတည်မြဲနေရတဲ့ လျှို့ဝှက်ချက်ကတော့ တက်နိုင်သမျှ ရိုမန်တစ်ဆန်ဆန်လေး နေဖြစ် တာရယ်၊ နှစ်ယောက်သား အတူရှိနေတဲ့ အချိန်ကို တိုးပေးထားတာကြောင့်လို့ Jessica က ဆိုပါတယ်။

4.Sarah Jessica Parker

brightside.

အိမ်ထောင်သက် (၂၁)နှစ်ပါ။ Sarah ကတော့ Matthew Broderick နဲ့ နယူးယော့ခ်စီးတီးက ပါတီတစ်ခုမှာ (၁၉၉၁)ခုနှစ်က တွေ့ခဲ့တာပါ။ (၆)နှစ်လောက် တွဲခဲ့ပြီး (၁၉၉၇)မှာတော့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် လေးစားမှု Respect ထားသင့်တယ်လို့ Sarah က အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သူမရဲ့ အမြင်ကို ဝေမျှခဲ့ပါတယ်။

5. Cate Blanchett

brightside

အိမ်ထောင်သက် (၂၂)နှစ်ပါ။ Cate Blanchett နဲ့ Andrew Upton တို့ကတော့ (၁၉၉၆)ခုနှစ် ဆစ်ဒနီ မှာ တွေ့ဆုံ ခဲ့တာပါ။ တစ်နှစ်အကြာမှာတော့ နှစ်ယောက်သား လက်ထပ်ခဲ့ပါတယ်။ Blanchett  ကတော့ သူမရဲ့ အိမ်ထောင် ရေး တည်မြဲမှုရဲ့ လျှို့ဝှက်ချက်ကို ဝေမျှခဲ့ပါတယ်။ မိသားစုတစ်ခုရဲ့ ပျော်ရွှင်မှုဆိုတာ တစ်ဦးတစ်ဦး လျှို့ဝှက်ချက် မထားတာ၊ အပြန်အလှန် ဂရုစိုက်ပြီး စိတ်ဝင်စားမှု ရှိခြင်းဆိုတဲ့ အပေါ် မှာ မူတည်တည်လို့ ဆိုပါတယ်။

READ
ချစ်သူနဲ့ပတ်သက်ပြီး ထိရှလွယ်တဲ့ကောင်မလေးတွေမှာတွေ့ရတဲ့ အမူအကျင့်လေးများ

6. Rita Wilson

pinterest

အိမ်ထောင်သက် နှစ်(၃၀)ပါ။ Rita  ကတောာ့ သူမရဲ့ ခင်ပွန်းလောင်း Tom Hanks ကို (၁၉၈၁)ခုနှစ် Bosom Buddies TV Show ရိုက်ကွင်းမှာ တွေ့ခဲ့တာပါ။ သူမပြောတဲ့ အိမ်ထောင်ရေးတည်မြဲ ပျော်ရွှင်ဖို့ အတွက် တစ်ေ ယာက် ရဲ့ ဘ၀ကို တစ်ယောက်က နားလည်ပြီး ဘ၀နှစ်ခု ပေါင်းစပ်ပေးနိုင်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

7. Meryl Streep

Meaww

(1987) ခုနှစ်မှာတော့ Meryl တစ်ယောက်ခက်ခဲအဆင်မပြေဖြစ်နေချိန်မှာ သူမအစ်ကိုရဲ့ သူငယ်ချင်း Don Gum mer က သူမကို အားပေးကူညီခဲ့ပါတယ်။ Streep က Gummer ရဲ့ အိမ်မှာနေခဲ့ပါတယ်။ သူတို့ရဲ့ ချစ်ဇာတ် လမ်းကေ တာ့ အဲ့ဒီမှာစခဲ့တာပါ။ နောက်ပိုင်းမှာတော့ နှစ်ယောက်သား လက်ထပ်ဖြစ်ခဲ့ပါတယ်။ Meryl  ပြောတဲ့ အိမ်ေ ထာင်ရေးတည်မြဲမှုရဲ့ လျှို့ဝှက်ချက်ကတော့ သူမရဲ့ပြဿနာတွေ၊ စိုးရိမ်ကြောက်လန့်မှုတွေ အားလုံးကို ခင်ပွန်း ဖြစ်သူကို မချွင်းမချန် အကုန်ပြန်ပြောတယ်လို့ ဆိုတာပါတယ်။

Source: Brightside

SHARE