ဇရာကို အံတုဖို့ ပလတ်စတစ်ဆာဂျရီ မလုပ်တဲ့ အမျိုးသမီးဆယ်လီများ

Image:IG/Kate Winslet fanpage

အခုနောက်ပိုင်းမှာ တော့ ဇရာကို အံတုပြီး အရွယ်တင်နုပျိုအောင် နည်းမျိုးစုံကို သုံးလာကြပါတယ်။နုပျို လှပ လာ အောင် သဘာဝကို အံတုကြတဲ့ သူတွေ ရှိသလို သဘာဝကို လွန်ဆန်တာ မကြိုက်တဲ့ သူတွေလည်းရှိပါတယ်။အောက် မှာဖော်ပြထားတဲ့ အမျိုးသမီးဆယ်လီတွေ ကတော့ နုပျို အောင် ပလတ်စတစ်ဆာဂျရီ ၊ Botox ထိုးတာမျိုး မလုပ် ကြ တဲ့ သူတွေပါ။

Brooke Shields

Image:IG/Brooke Shields

မော်ဒယ် Brooke Shieldsကတော့ သူမဟာ Botox ထိုးဖို့ ကြိုးစားဖူးပေမယ့် ရလဒ်ကို မကြိုက်တော့ လို့ နောက်ပိုင်းမှာ အလှအပ ရေးရာ ဆရာဝန် ဆီကို ထပ်မသွားတော့ဘူး လို့ ပြောခဲ့ပါတယ်။ Joker ရုပ်မျိုး ဖြစ်သွားမှာကို ကြောက်လို့ မလုပ်တာလို့ လည်း ပြောပါတယ်။

Salma Hayek

Image:IG/Salma Hayek

သူမဟာ ဘယ်တုန်းကမှ အလှအပ အတွက် ဆာဂျရီ မလုပ်ဖူးဘူး လို့ ကို ရဲရဲဝံ့ဝံ့ ပြောခဲ့သူပါ။

Isabella Rossellini

Image:IG/Isabella Rossellini

မင်းသမီးကြီး Isabella Rossellini ကတော့ ဘယ်တုန်းကမှ အလှ အပ ဆိုင်ရာ ဆာဂျရီမျိုး မလုပ်ဖူးဘူးလို့ ပြောခဲ့ပါတယ်။အရွယ်တင်နုပျို အောင်တော့ သဘာဝ Organic နဲ့ မျက်နှာ လိမ်းခရမ် ကောင်းကောင်းကိုပဲ လိမ်း တယ်လို့ ပြောခဲ့ပါတယ်။

Isabelle Huppert

Image:Ig/Isabelle Huppert

Isabelle Huppert  ကတော့ ပလတ်စတစ်ဆာဂျရီ ရဲ့ အကူအညီကို မယူပေမယ့် မိတ်ကပ် ကောင်းကောင်းနဲ့ အ၀တ်အစားကောင်းကောင်းကိုပဲ သုံးသူပါ။

Juliette Binoche

Botox ထိုးတာ၊ရင်သားခွဲစိတ်ပြုပြင်တာမျိုးကို နှာခေါင်းရှုံ့ တဲ့ မင်းသမီးပါ။အရွယ်တင်နုပျို ချင်ရင် ရေသာ များများ သောက်ပါ ဆိုပြီး အကြံပြု ခဲ့ပါတယ်။

 

READ
ဇနီးဖြစ်သူလေးရဲ့ Surprise ကြောင့် မျက်ရည်ကျခဲ့တဲ့ ရွှေထူးရဲ့ ဗီဒီယိုဖိုင်

Sharon Stone

Image:IG/Sharon Stone

Sharon Stone ကတော့ တစ်ပတ်မှာ လေး ငါးကြိမ် လောက် လေ့ကျင့်ခန်းလုပ်ပါတယ်။ဘယ်တုန်းကမှ ပလတ်စတစ်ဆာဂျရီမလုပ်ဖူးဘူး လို့ ပြောခဲ့ပါတယ်။

Jodie Foster

Image:IG/Jodie Foster fan page

Jodie Foster ကတော့ ပလတ်စတစ်ဆာဂျရီ လုပ်တာမျိုးကို  မကြိုက်ဘူး၊ဆန့်ကျင်တယ်လို့ ပြောဖူးပါတယ်။သူမက တော့ မျက်နှာ ပေါ်မှာ အရေး အကြောင်းတွေ ပေါ်လာ တာကို လုံးဝ မ ကြောက်ပါဘူးလို့ ကို ပြောခဲ့ပါတယ်။

Andie MacDowell

Image:IG/Andie MacDowell

Andie MacDowell  ကတော့ သူမရဲ့ အသား အရေ ကို လှပ လာအောင် ကျန်းမာတဲ့ ဘ၀ နေထိုင်မှု ပုံစံမျိုးနဲ့ပဲ နေတယ်လို့ ပြောခဲ့ပါတယ်။

Sigourney Weaver

Image:Ig/Sigourney Weaver

Sigourney Weaver ကတော့ အသက်ကြီး လာရတာကို ကြိုက်တယ်လို့ ပြောခဲ့ပါတယ်။သူမ အတွက်တော့ မျက်နှာပေါ်က အရေး အကြောင်းတွေက မနှစ်မြို့စရာ မဟုတ်ပါဘူး လို့ ပြောခဲ့ပါတယ်။

Lauren Hutton

Image:twitter/@thelaurenhutton

Lauren Hutton ကတော့ မျက်နှာပေါ်က အရေးအကြောင်းတွေကို ချစ်ပြီး လက်ခံ ပေးနိုင်တဲ့ ဆယ်လီ တွေ ထဲက စ်ယောက်ပါ။အလှ အပ အတွက်ကိုတော့ အုန်းဆီကို(၂၂)နှစ်သမီးအရွယ်တည်းက စွဲစွဲ မြဲမြဲ အသုံးပြု တယ်လို့ ပြောခဲ့ပါတယ်။

Halle Berry

 

View this post on Instagram

 

Back at The Continental. @johnwickmovie

A post shared by Halle Berry (@halleberry) on

Halle Berry ကလည်း သူမဟာ လုံးဝ ပလတ်စတစ်ဆာဂျရီ မလုပ်ဖူး လို့ ပြောခဲ့ပါတယ်။လေ့ကျင့်ခန်းကိုပဲ ပုံမှန် လုပ်ပြီး သူမရဲ့  Body ကြံ့ ခိုင် ရေးကို ထိန်းပါတယ်။

 

View this post on Instagram

 

Old school jungle boogie, part II. #TBT

A post shared by Halle Berry (@halleberry) on

Emma Thompson

Image:IG/Emma Thompson fanpage

Emma Thompson ၊ Kate Winslet နဲ့ Rachel Weisz တို့ တော့ အလှအပ ရေးရာ ခွဲစိတ်ပြုပြင်မှုတွေ ကို လုံးဝ ဆန့်ကျင်တဲ့ အဖွဲ့ကိုတောင် ဖွဲ့စည်းခဲ့ကြတဲ့ သူတွေပါ။ Emma ကတော့ Botox ထိုးတာမျိုးကို ရူးမိုက်လွန်းတဲ့ အလုပ် ဆိုပြီး ပြောခဲ့ကာ သူမကိုယ်တိုင်လည်း ဒါမျိုးကို အားမပေးဘူးလို့ ပြောခဲ့ပါတယ်။

Kate Winslet

Image:IG/Kate Winslet fanpage

ဇရာကို အံမတုပဲ သဘာဝ အလှကို ရွေးချယ်ခဲ့တဲ့  Kate Winslet ပါ။

Cindy Crawford

 

View this post on Instagram

 

Happy birthday America!

A post shared by Cindy Crawford (@cindycrawford) on

စူပါ မော်ဒယ် ကြီး Cindy Crawfordကလည်း သူမရဲ့ အသား အရေ အတွက် Workout ပဲ လုပ်တယ်လို့ ပြောခဲ့ပါတယ်။Mask ကပ်တယ်၊ moisturizing products  နဲ့ Suncreen သုံးတယ် လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Had to come all the way to New York to get a little sweater weather. @chadwoodhair @miajonesmua

A post shared by Cindy Crawford (@cindycrawford) on

Julianne Moore

Julianne Moore  ကတော့ အသက်ကြီးလာတာကို ဂရုမစိုက်ဘူးလို့  ပြောခဲ့ပါတယ်။အရွယ်တင်နုပျို ဖို့ အတွက် ဆိုရင်တော့ ယောဂ နဲ့ Cardio Workout လုပ်ရတာကို  နှစ်သက်သူပါ။

Sophie Marceau

Sophie Marceau ကတော့ သဘာဝ အတိုင်း အသက်ကြီး ရတာကို နှစ်သက်သူပါ။

 

View this post on Instagram

 

Hot in Macao !

A post shared by Sophie Marceau (@sophiemarceau) on

 

READ
GQ မဂ္ဂဇင်းက ထုတ်ပြန်တဲ့ (၂၀၂၀)ရဲ့ Best-Dressed Men စာရင်း

Ref:/brightside

SHARE