နာမည်ကျော် စာရေးဆရာတွေရဲ့ လူသိနည်းတဲ့ စိတ်နေစိတ်ထား

ဟန်တာအက်စ်သော်မ်ဆင်

ဟန်တာာအက်စ်သော်မ်ဆင်ဟာ စာပေရော့ခ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့အတွက် အလွန်ကျော်ကြားသလို စည်းလွတ်ဝါးလွတ် ဘဝနေထိုင်မှုလည်း ရှိပါတယ်။ Gonzo Journalism ရဲ့ဖခင်ဖြစ်ပြီး Hell’s Angels စာအုပ်ကြောင့် အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်နဲ့ စစ်ပွဲဆင်နွှဲခဲ့ပါတယ်။ ရသမျှ မူးယစ်ဆေးဝါးတွေလည်း အသုံးပြုလေ့ရှိပါတယ်။ သူဟာ အရောင်အသွေးစုံတဲ့ အပြုအမူရှိသူတစ်ယောက်ပါ။

ဟန်တာအက်စ်သော်မ်ဆင်ဟာ သရုပ်ဆောင် ဘေးလ်မာရေးကို ထိုင်ခုံမှာ ကြိုးတုပ်ပြီး ရေကူးကန်ထဲ ပစ်ချဖူးပါတယ်။ ၈၀ ခုနှစ်ဝန်းကျင်တုန်းက ဂျက်နီကိုးလ်ဆင်ဟာ မွေးနေ့ပွဲ ကျင်းပနေတုန်း သော်မ်ဆင်ရောက်လာပြီး ကောင်းကင်ထဲကို အချက်ပြမီးကျည်သေနတ်နဲ့ ပစ်ခဲ့တာကြောင့် တစ်မိနစ်လောက် မိုင်လေးဆယ်တစ်ဝိုက် ထိန်ထိန်လင်းခဲ့ပါတယ်။

ဂျော့အော်ဝဲလ်

နိုင်ငံရေးအရ ပြောရရင် ဂျော့အော်ဝဲလ်ဟာ ဆိုရှယ်လစ်တစ်ယောက်ဖြစ်ပေမယ့် လက်ဝဲယိမ်းပါတယ်။ အော်ဝဲလ်အနေနဲ့ ဆိုဗီယက်ကို မုန်းတီးတယ်။ အကြွင်းမဲ့ အာဏာရှင်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကို လက်သင့်မခံပါတယ်။ သူ့ရဲ့ ကျော်ကြားလှတဲ့ Animal Farm နဲ့ 1984 ဝတ္ထုတွေကို ကြည့်ရင် ဆိုဗီယက်တွေကို လှောင်ပြောင်မှုတွေ တွေ့ရတယ်။ ဒါပေမယ့် ဂျော့အော်ဝဲလ်ဟာ သူငယ်ချင်းဖြစ်တဲ့ စာရေးဆရာတွေနဲ့ ပန်းချီဆရာတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရအေဂျင်စီတွေဆီကို လက်ထောက်ချခဲ့ပါတယ်။

၁၉၄၀ခုနှစ်တစ်ဝိုက်မှာ အော်ဝဲလ်ဟာ သတင်းအချက်အလက်သုတေသီဌာနမှာ လုပ်ကိုင်ခဲ့ပါတယ်။ ဆိုဗီယက်ဘက်ယိမ်းတဲ့ စာရေးဆရာတွေနဲ့ သြဇာလွှမ်းမိုးသူတွေရဲ့ စာရင်းကို စုဆောင်းပြီး အစိုးရကို သတင်းပေးခဲ့ပါတယ်။

ဂါးထရုစတိုင်း

မော်ဒယ်စာပေလှုပ်ရှားမှု ဦးဆောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်တဲ့ ဂါးထရုစတိုင်းဟာ ဖက်ဆစ်တွေကို ချီးကျူးခဲ့ဖူးပါတယ်။ အဒေါ့ဖ်ဟစ်တလာအနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ပြောခဲ့ဖူးသလို ဟစ်တလာရဲ့ ကတုတ်ကျင်းပြင်ပကနေ နာဇီပုံစံအလေးပြုဖူးပါတယ်။ ဂျူးဆန့်ကျင်ရေး ဥပဒေတွေကို အတင်းအကျပ်ပြဋ္ဌာန်းပြီး နာဇီတွေကို ပြင်သစ်ပြည်ထဲ ပေးဝင်ခဲ့တဲ့ ဖီလစ်ပီပီတိန်းကိုလည်း ဂါးထရုစတိန်းထောက်ခံခဲ့ဖူးပါတယ်။

READ
ကမ္ဘာ့တန်ဖိုးအကြီးဆုံးဆိုင်ကယ် (၁၀)စီးအကြောင်း

အားနက်စ်ဟဲမင်းဝေး

အမေရိကန်ရဲ့ ကျော်ကြားလှတဲ့ စာရေးဆရာ အားနက်စ်ဟဲမင်းဝေးဟာ ဆိုဗီယက်သူလျိုအဖွဲ့ KGB အဖွဲ့ထဲဝင်ရောက်ခဲ့ဖူးပါတယ်။ ဆိုဗီယက်တွေအတွက် သူလျိုလုပ်ငန်းတွေ အားတက်သရော လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ရဲ့ လျို့ဝှက်အမည်က “Argo” ဖြစ်ပါတယ်။ လန်ဒန်နဲ့ ဟားဗားနားမှာ KGB အေးဂျင့်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဟဲမင်းဝေးဟာ အသုံးမဝင်တဲ့ သူလျိုဖြစ်ပြီး ဘယ်လိုနိုင်ငံရေး သတင်းအချက်အလက်ကိုမှ မပေးခဲ့ဘူးလို့ KGB ရဲ့တရားဝင်ဖိုင်အရ သိရပါတယ်။

ချားစ်ဒစ်ကင်း

နာမည်ကျော် Oliver Twist ၊ ဒေးဗစ်ကော်ပါဖီး စတဲ့ဝတ္ထုကြီးတွေကို ရေးသားခဲ့တဲ့ ချားစ်ဒစ်ကင်းဟာ ဖခင်ကောင်း တစ်ယောက်မဟုတ်ခဲ့သလို လင်ယောက်ျားကောင်းလည်း မဟုတ်ပါဘူး။ ဒစ်ကင်းဟာ ဇနီးဖြစ်သူ ကက်သရင်းနဲ့ ကလေး ၁၀ ယောက်ရရှိခဲ့ပါတယ်။ ဒစ်ကင်း အသက် ၄၅နှစ်အရွယ်မှာ ၁၈ နှစ်အရွယ် ရုပ်ရှင်မင်းသမီး အယ်လန်တာနန်နဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ ဇနီးဖြစ်သူကို မကွာရှင်းဘဲ သတင်းစာရှင်းလင်းပွဲမှာ ဇနီးဖြစ်သူကို ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။

ဂျေဒီစလင်းဂျာ

ဂျေဒီစလင်းဂျာဟာ ဆယ်ကျော်သက် ဂျိုက်စ်မေနာ့ဒ်နဲ့ တွဲသွားတွဲလာပြုလုပ်ခဲ့ပါတယ်။ သူမနောက်ပိုင်းမှာ ဂျေဒီစလင်းဂျာဟာ သားရဲတစ်ကောင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျေဒီစလင်ဂျာဟာ အမျိုးသမီးငယ်အပေါ် အမြတ်ထုတ်လေ့ရှိသူ ဖြစ်ပါတယ်။ သူဟာ အသက် ၁၄ နှစ်အရွယ် ဂျင်းမေလာကို လိုက်လံတွယ်ကပ်ခဲ့ပြီး ဂျင်းမေလာ အသက် ၂ဝ ပြည့်တာနဲ့ တွဲခဲ့ပါတယ်။ ဂျင်းမေလာနဲ့ တစ်ညတာ ကုန်ဆုံးပြီးတာနဲ့ သူမကို အဆက်ဖြတ်လိုက်ပါတယ်။

READ
ရှေးတုန်းက ဥပဒေချိုးဖောက်သူ အမျိုးသမီးတွေကို နှိပ်စက်ညှင်းပန်းခဲ့ပုံအမျိုးမျိုး

ဂျက်လန်ဒန်

ဂျက်လန်ဒန် ရေးသားတဲ့ White Fang ဟာ ၁၉ရာစု အမေရိကန်ဝတ္ထုတွေထဲမှာ အကျော်ကြားဆုံး တစ်အုပ်ဖြစ်ပါတယ်။ White Fang မှာ ဂျက်လန်ဒန်ဟာ လူမျိုးကြီးဝါဒကို အထောက်အပံ့ပေးတဲ့ အရေးအသားတွေ တွေ့ရပါတယ်။

ရော်နယ်ဒါလ်

ကလေးစာပေမှာ ခေတ်တစ်ခုထူထောင်နိုင်ခဲ့ ရော်နယ်ဒါဟာ တစ်ကယ့်ဘဝမှာ ကြောက်မက်ဖွယ်ကောင်းသူပါ။ ရော်နယ်ဒါလ်ရဲ့ ကုမ္ပဏီမှာလုပ်ကိုင်ခဲ့တဲ့ အတွင်းရေးမှူးတွေကို အစေခံတွေလို ဆက်ဆံခဲ့ပါတယ်။ ဒေါသထွက်လွယ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒေါ်နယ်ဒါလ်ဟာ လူမျိုးရေး ခွဲခြားသူနဲ့ ဂျူးဆန့်ကျင်ရေးသမားလည်း ဖြစ်ပါတယ်။

ဝီလီယမ်ဂိုးဒင်းလ်

Lord of the Flies ဟာ ကြောက်စရာအကောင်းဆုံး စာအုပ်တွေထဲက တစ်ခုပါ။ စာရေးသူ ဝီလီယမ်ဂိုးဒင်းလ်ကလည်း အလားတူ ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ သူဟာ အသက် ၁၈ နှစ်အရွယ် ကောလိပ်ကျောင်းသားဘဝမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို အသံသွင်း ပြောကြားထားပါတယ်။

နော်မန်မေလာ

ဝတ္ထုနဲ့ ဝတ္ထုမဟုတ်တဲ့ စာပေနှစ်ခုစလုံး ရေးသားရာမှာ ထူးချွန်တဲ့ နော်မန်မေလာ စာရေးသားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရမ်း ဆတ်ဆတ်အထိမခံပါဘူး။ သူ့ရဲ့ဇနီးဖြစ်သူက နော်မန်ဟာ ရုရှားစာရေးဆရာ ဒိုစတိုယက်ဗ်စကီးလောက် မထူးချွန်ဘူးလို့ ပြောခဲ့တာကြောင့် မိန်းမဖြစ်သူရဲ့ အစာအိမ်နဲ့ ကျောဘက်ကို ဓားနဲ့ထိုးသွင်းခဲ့ပါတယ်။ ဒဏ်ရာကနက်လွန်းပေမယ့် ကံကောင်းစွာနဲ့ မသေခဲ့ပါဘူး။

Nostal

SHARE