“ထာဝရ” လို့ ပြောခဲ့တဲ့ Fan Bingbing နဲ့ Li Chen ရဲ့ ချစ်ဇာတ်လမ်း အဆုံးသတ်

Image :Weibo & IG /Fan Bingbing

တရုတ်မင်းသမီးချော  Fan Bingbing နဲ့ သူမရဲ့ ချစ်သူ တရုတ်မင်းသား Li Chen တို့ လမ်းခွဲ လိုက်ပါပြီ။ဒီအကြော င်း ကိုတော့ AsiaOne မှာ ဖော်ပြထားတာပါ။စေ့စပ်ထားတဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကိုတော့   Fan Bingbing က ဇွန်လ(၂၇)ရက်နေ့က သူ့ရဲ့ Weibo အကောင့်မှာ အတိအလင်းကြေညာ လိုက်တာပါ။ချစ်သူကို  သူမရဲ့ အကောင့်ကနေ လမ်း ခွဲ နှုတ်ဆက်စကားပါပြောခဲ့တာပါ။သူမတင်ထားတဲ့ Post အပြည့်အစုံကတော့…

Image :Weibo & IG /Fan Bingbing
Image :Weibo & IG /Fan Bingbing

“ဘ၀တစ်ေ လျှာက် လုံးမှာ goodbyes နှုတ်ဆက်စကားတွေ အများကြီးပြောခဲ့ဖူးပါတယ်။ကျမတို့ရဲ့ Relationship ကေ န အချစ်နဲ့ နွေးထွေးမှုတွေ ကျမရခဲ့ပါတယ်။ကျမကို ခွန်အားတွေ အများကြီးပေးခဲ့ပါတယ်။ Li Chen ရေ.. ရှင့်ရဲ့ အားပေး မှုတွေ ၊အချစ်နဲ့ ကျမကို ပေးခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ဂရုစိုက်ပေးတဲ့ အတွက်ရော  အချစ်တွေ အတွက်ရော ကျေးဇူးပါ။တစ်ယောက် အတွက် တစ်ယောက် မဟုတ်တော့ဘူး  ဆိုေ ပမယ့် လည်း အတူ ဆက်ပြီးရှိနေအုံးမှာပါ..” ဆိုပြီး တင်ထားပါတယ်။Fan တင်ပြီး သိပ်မကြာခင်မှာပဲ  Li Chen  ဘက်က နေလည်း လမ်းခွဲ လိုက်တဲ့ အကြောင်းကို တင်ခဲ့ပါတယ်။”လမ်းခွဲလိုက်ပေမယ့်လည်း သူတို့ကြားမှာရှိတဲ့  တစ်ဦးပေါ် တစ်ဦး ထားတဲ့ သန့်စင်တဲ့ မေတ္တာကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလလို့ ပြောခဲ့ပါတယ်။သူတို့ ကြားက အပြန်အလှန် ယုံကြည်မှု ၊အားပေးမှုတွေ ကတော့ ထာဝရရှိနေမှာပါလို့ ပြောထားပါတယ်။

READ
ဖိလစ်ပိုင်ကို ရောက်လာတဲ့ Park Shin-hye
Image :Weibo & IG /Fan Bingbing
Image :Weibo & IG /Fan Bingbing

Fan ဟာ အခွန်ရှောင်ကိစ္စတွေကြောင့် အနုပညာလောကနေ ခဏ ပျောက်ကွယ်သွားခဲ့ဖူးပါတယ်။Fan တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးတဲ့ ကိစ္စဟာ နိုင်ငံတကာသတင်းမီဒီယာတွေမှာပါ ဖော်ပြရတဲ့ အထိ ဟိုးလေးတကျော်ကျော် ဖြစ် ခဲ့တာပါ။Fan ဟာ တစ်ဖက်ကအလုပ်တွဲ လုပ်တဲ့ ကုမ္ပဏီ လုပ်ငန်းရှင်နဲ့ ဥပဒေအရ တရားမ၀င် စာချုပ်တစ်စောင် ချုပ်ဆိုပြီး တစ်ဖက်မှာလည်း ပေးဆောင်ရတဲ့ အခွန်လျော့ အောင်  အာဏာ ပိုင်တွေ ကို ပြတဲ့ စာချုပ်အတု တစ်စောင် ချုပ်ဆို ပြီး တစ်ဖက်လှည့်နည်းနဲ့  အခွန်တိမ်းရှောင်ခဲ့တယ်လို့ အာဏာ ပိုင် တွေ ဘက်က  ပြောခဲ့ပါတယ်။ အခွန်ရှောင် မှုကြောင့် ဒဏ်ငွေ အဖြစ် တရုတ်ယွမ်ငွေ (၈၈၄)သန်း ပေးဆောင်ခဲ့ရပါတယ်။Fan တစ်ယောက် ဒုက္ခပင်လယ်ဝေ နေတဲ့ အချိန်မှာတော့ Li က သူမရဲ့ ဘက်ကနေ မားမားမတ်မတ် ရပ်တည် အားပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဘယ်လို အခက်အခဲတွေ ပဲရှိနေပါစေ..ငါတို့ နှစ်ယောက် အတူဖြတ်ကျော်ကြမယ်ဆိုပြီး သူ့ရဲ့ အကောင့်မှာပါ အားပေး စကား ဆိုခဲ့တာပါ။

READ
MTV VMAs 2018 ဆုပေးပွဲရဲ့ ဆုရရှိသူစာရင်း
Image :Weibo & IG /Fan Bingbing
Image :Weibo & IG /Fan Bingbing

Fan Bingbing နဲ့ သူမရဲ့ ချစ်သူ တရုတ်မင်းသား Li Chen တို့ကတော့ (၂၀၁၅)မှာ တွဲနေတယ်ဆိုတဲ့ အကြော င်းကို ဆိုရှယ်မီဒီယာကနေ အသိပေးခဲ့တာပါ။သူတို့နှစ်ယောက်ဟာ (၂၀၁၄)တုန်းက The Empress Of China မှာ အတူတူသရုပ်ဆောင်ခဲ့ကြပြီး (၂၀၁၅)မှာ တွဲခဲ့ကြတာပါ။စေ့စပ်ထားတဲ့ အကြောင်းကိုတော့ (၂၀၁၇) စက် တင်ဘာ မှာ ကြေညာခဲ့တာပါ။Fan ရဲ့ အသက် (၃၆)နှစ်ပြည့် မွေးနေ့မှာပဲ Li က Fan ကို လက်ထပ်ခွင့် တောင်း ခဲ့တာပါ။Li ကတော့ လက်ထပ်ခွင့်တောင်းတဲ့ ပုံကို Weibo မှာ တင်ပြီး Caption မှာတော့ “Us, forever…” လို့ ရေးထား ပါ တယ်။Fan ကလည်း အဲ့ဒီ Post ကို ပြန်ရှယ်ပြီး Caption မှာတော့ “Forever and ever.” ဆိုပြီး ရေးခဲ့တာပါ။

Image :Weibo & IG /Fan Bingbing
Image :Weibo & IG /Fan Bingbing

#Shwemom

SHARE